ပါကစ္စတန်နိုင်ငံ ကရာချိရှိ စက်ရုံများမှ အဆိပ်သင့် ဓာတုဓာတ်ငွေ့တွေကြောင့် လူ (၁၈)ဦး သေဆုံး

 375

ရောင်နီ (NP News) - ဇန်နဝါရီ ၂၈

ပြီးခဲ့တဲ့ ၁၆ ရက်အတွင်း ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိရှိ စက်ရုံများမှ အဆိပ်သင့် ဓာတ်ငွေ့များကြောင့် အနည်းဆုံး လူ(၁၈)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆိုက်ဒ် ပြည်နယ်ကျန်းမာရေးဌာနမှ ကြာသပတေးနေ့ (ဇန်နဝါရီလ ၂၆ ရက်)က ထုတ်ပြန်ချက်မှာ ကရာချိမြို့၊ ကေမယိုင် ခရိုင်၊ အလီမိုဟာမတ်ဂေါ့ ရပ်ကွက်မှာ ဇန်န ဝါရီလ ၁ဝ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ အတွင်း အဆိုပါ သေဆုံးမှုတွေ ဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ သေဆုံးရတဲ့ အကြောင်းရင်းဟာ အဆုတ်ရောဂါအချို့ကို ဖြစ်စေတဲ့ ဓာတုပစ္စည်းအချို့ကို ရူရှိုက်မိခြင်းကြောင့် ဖြစ်ကြောင်း၊ အဆုတ်ရောင်ရောဂါ ကုသရေးအတွက် ဆေးဘက်ဆိုင်ရာ စခန်းတွေကိုလည်း ယင်းဒေသမှာ ထူထောင်ထားကြောင်း၊ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံများရဲ့ ပြောကြားချက်အရ ၎င်းတို့ကျေးရွာရှိ စက်ရုံနှစ်ရုံမှ အနံ့အသက်ဆိုးများထွက်ပေါ်လာပြီး ယင်းအနံ့အသတက်များကြောင့် ဒေသခံတွေ အသက်ရှုကြပ်ရတယ်လို့ ကျန်းမာရေး ဦးစီးဌာနက ဖော်ပြခဲ့ပါတယ်။ သေဆုံးသွားသူတွေဟာ အဖျားကြီးတာ၊ လည်ချောင်းနာတာနဲ့ အသက် ရှူမဝတာတွေ ခံစားခဲ့ရတယ်လို့ ဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မက်ဟာကာရှစ်က ပြောပါတယ်။

“ဖျားနာပြီး ငါးရက်ကနေ ခုနစ်ရက်အတွင်း သေဆုံးမှုဖြစ်ခဲ့တယ်။ ရောဂါလက္ခဏာပြတဲ့ လူနာတွေကို စစ်ဆေးကြည့်တော့ ပတ်ဝန်းကျင်ရဲ့ ဆိုးရွားတဲ့ အနံ့အသက်ဆိုးကြောင့် မျက်မြှေးရောင်ခြင်းများ ဖြစ်ပွားနေတာကို တွေ့ရပါတယ် ” လို့ သူမက ဆိုပါတယ်။

သေဆုံးသူများမှာ အရွယ်ရောက်ပြီးသူ (၃) ဦး ပါဝင်ပြီး ကျန်သေဆုံးသူများမှာ အသက် (၁ နှစ်မှ ၁၃ နှစ်)ကြား အရွယ်လေးများ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် မာရက်အလီရှဒ်က သေဆုံးမှုနဲ့ ပတ် သက်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အာဏာပိုင်တွေကိုလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

zawgyi version
ပါကစၥတန္ႏိုင္ငံ ကရာခ်ိရွိ စက္႐ုံမ်ားမွ အဆိပ္သင့္ ဓာတုဓာတ္ေငြ႕ေတြေၾကာင့္ လူ (၁၈)ဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၈

ၿပီးခဲ့တဲ့ ၁၆ ရက္အတြင္း ပါကစၥတန္ႏိုင္ငံရဲ႕ အႀကီးဆုံးၿမိဳ႕ ကရာခ်ိရွိ စက္႐ုံမ်ားမွ အဆိပ္သင့္ ဓာတ္ေငြ႕မ်ားေၾကာင့္ အနည္းဆုံး လူ(၁၈)ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ဆိုက္ဒ္ ျပည္နယ္က်န္းမာေရးဌာနမွ ၾကာသပေတးေန႔ (ဇန္နဝါရီလ ၂၆ ရက္)က ထုတ္ျပန္ခ်က္မွာ ကရာခ်ိၿမိဳ႕၊ ေကမယိုင္ ခ႐ိုင္၊ အလီမိုဟာမတ္ေဂါ့ ရပ္ကြက္မွာ ဇန္န ဝါရီလ ၁ဝ ရက္မွ ဇန္နဝါရီ ၂၆ ရက္အထိ အတြင္း အဆိုပါ ေသဆုံးမႈေတြ ျဖစ္ခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ကနဦးစုံစမ္းစစ္ေဆးမႈအရ ေသဆုံးရတဲ့ အေၾကာင္းရင္းဟာ အဆုတ္ေရာဂါအခ်ိဳ႕ကို ျဖစ္ေစတဲ့ ဓာတုပစၥည္းအခ်ိဳ႕ကို ႐ူရႈိက္မိျခင္းေၾကာင့္ ျဖစ္ေၾကာင္း၊ အဆုတ္ေရာင္ေရာဂါ ကုသေရးအတြက္ ေဆးဘက္ဆိုင္ရာ စခန္းေတြကိုလည္း ယင္းေဒသမွာ ထူေထာင္ထားေၾကာင္း၊ ေနာက္ထပ္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဒသခံမ်ားရဲ႕ ေျပာၾကားခ်က္အရ ၎တို႔ေက်း႐ြာရွိ စက္႐ုံႏွစ္႐ုံမွ အနံ႔အသက္ဆိုးမ်ားထြက္ေပၚလာၿပီး ယင္းအနံ႔အသတက္မ်ားေၾကာင့္ ေဒသခံေတြ အသက္ရႈၾကပ္ရတယ္လို႔ က်န္းမာေရး ဦးစီးဌာနက ေဖာ္ျပခဲ့ပါတယ္။ ေသဆုံးသြားသူေတြဟာ အဖ်ားႀကီးတာ၊ လည္ေခ်ာင္းနာတာနဲ႔ အသက္ ရႉမဝတာေတြ ခံစားခဲ့ရတယ္လို႔ ဌာနေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး မက္ဟာကာရွစ္က ေျပာပါတယ္။

“ဖ်ားနာၿပီး ငါးရက္ကေန ခုနစ္ရက္အတြင္း ေသဆုံးမႈျဖစ္ခဲ့တယ္။ ေရာဂါလကၡဏာျပတဲ့ လူနာေတြကို စစ္ေဆးၾကည့္ေတာ့ ပတ္ဝန္းက်င္ရဲ႕ ဆိုး႐ြားတဲ့ အနံ႔အသက္ဆိုးေၾကာင့္ မ်က္ေျမႇးေရာင္ျခင္းမ်ား ျဖစ္ပြားေနတာကို ေတြ႕ရပါတယ္ ” လို႔ သူမက ဆိုပါတယ္။

ေသဆုံးသူမ်ားမွာ အ႐ြယ္ေရာက္ၿပီးသူ (၃) ဦး ပါဝင္ၿပီး က်န္ေသဆုံးသူမ်ားမွာ အသက္ (၁ ႏွစ္မွ ၁၃ ႏွစ္)ၾကား အ႐ြယ္ေလးမ်ား ျဖစ္တယ္လို႔ သိရပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ မာရက္အလီရွဒ္က ေသဆုံးမႈနဲ႔ ပတ္ သက္ၿပီး ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ဖို႔ အာဏာပိုင္ေတြကိုလည္း ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.