Black List စာရင်းသွင်းခံရသော အလုပ်သမားအေဂျင်စီ(၁၃၃)ခုမှအပ အခြားအေဂျင်စီများမှသွားမည့် အလုပ်သမားများကို နိုင်ငံကူးလက်မှတ် ပြန်လည်ပြုလုပ်ပေး

 2496

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၈

နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းများအတွက် Black List စာရင်းသွင်းခံရသော အလုပ်သမားအေဂျင်စီ(၁၃၃)ခုမှအပ အခြားအေဂျင်စီများမှသွားမည့် အလုပ်သမားများကို နိုင်ငံကူးလက်မှတ် ပြန်လည်ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁၇ ရက်တွင် အလုပ်ခေါ်စာဖြင့် ပြည်ပနိုင်ငံများသို့ သွား ရောက်မည့်အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ပြည်ပသို့စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား Green Channel မှတစ်ဆင့် ဆောင်ရွက်နိုင်ရေး မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ စိစစ်တင်ပြလာမှုများကို အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အလုပ်ခေါ်စာဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ clear သမားတွေကို ဆက်လုပ်ပေးနေတယ်။ Black list ပါနေတဲ့အဖွဲ့တွေကိုတော့ ခေတ္တဆိုင်းငံထားပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက NP News ကို အတည်ပြုပြောဆိုထားသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းများအတွက် ကုမ္ပဏီ (၁၄၃)ခုအား Black List စာရင်းသွင်းမည်ဖြစ်ပြီး ၎င်းတို့အထဲတွင် ပြည် ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ (၁၃၃)ခု ပါဝင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။

ထို့ကြောင့် နောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား Green Channel မှတစ်ဆင့် ဆောင်ရွက်ရာတွင် Black List စာရင်းသွင်းခံရသည့် အေဂျင်စီ (၁၃၃)ခုအား နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်တင်ပြမှုစာရင်းတွင် ပါဝင်မှုမရှိစေရေး သေချာစိစစ်သွားရန်လည်း အလုပ်သမားဝန်ကြီးဌာနက မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို အသိပေးအကြောင်းကြားထားသည်။

MOU ဖြင့်သွားမည့်အလုပ်သမားများမှအပ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်ကို ထုတ်ပြန်ကြေညာခြင်းမျိုး မတွေ့ရသေးပေ။

zawgyi versin
Black List စာရင္းသြင္းခံရေသာ အလုပ္သမားေအဂ်င္စီ(၁၃၃)ခုမွအပ အျခားေအဂ်င္စီမ်ားမွသြားမည့္ အလုပ္သမားမ်ားကို ႏိုင္ငံကူးလက္မွတ္ ျပန္လည္ျပဳလုပ္ေပး
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၈

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္းမ်ားအတြက္ Black List စာရင္းသြင္းခံရေသာ အလုပ္သမားေအဂ်င္စီ(၁၃၃)ခုမွအပ အျခားေအဂ်င္စီမ်ားမွသြားမည့္ အလုပ္သမားမ်ားကို ႏိုင္ငံကူးလက္မွတ္ ျပန္လည္ျပဳလုပ္ေပးေနေၾကာင္း သတင္းရရွိသည္။

ၿပီးခဲ့ေသာ ဇန္နဝါရီလ ၁၇ ရက္တြင္ အလုပ္ေခၚစာျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ သြား ေရာက္မည့္အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းကို ရပ္ဆိုင္ခဲ့ျခင္းျဖစ္သည္။

ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားမွ ျပည္ပသို႔ေစလႊတ္မည့္ အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းအား Green Channel မွတစ္ဆင့္ ေဆာင္႐ြက္ႏိုင္ေရး ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ စိစစ္တင္ျပလာမႈမ်ားကို အလုပ္သမားဝန္ႀကီးဌာနမွ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ညႇိႏႈိင္းကာ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အလုပ္ေခၚစာျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္မည့္အလုပ္သမားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းအား ျပန္လည္ေဆာင္႐ြက္ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ clear သမားေတြကို ဆက္လုပ္ေပးေနတယ္။ Black list ပါေနတဲ့အဖြဲ႕ေတြကိုေတာ့ ေခတၱဆိုင္းငံထားပါတယ္” ဟု အလုပ္သမားဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ဦးၫြန႔္ဝင္းက NP News ကို အတည္ျပဳေျပာဆိုထားသည္။

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ျခင္းမ်ားအတြက္ ကုမၸဏီ (၁၄၃)ခုအား Black List စာရင္းသြင္းမည္ျဖစ္ၿပီး ၎တို႔အထဲတြင္ ျပည္ ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီ (၁၃၃)ခု ပါဝင္ေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုထားသည္။

ထို႔ေၾကာင့္ ေနာက္ပိုင္းတြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းအား Green Channel မွတစ္ဆင့္ ေဆာင္႐ြက္ရာတြင္ Black List စာရင္းသြင္းခံရသည့္ ေအဂ်င္စီ (၁၃၃)ခုအား ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ခြင့္တင္ျပမႈစာရင္းတြင္ ပါဝင္မႈမရွိေစေရး ေသခ်ာစိစစ္သြားရန္လည္း အလုပ္သမားဝန္ႀကီးဌာနက ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ကို အသိေပးအေၾကာင္းၾကားထားသည္။

MOU ျဖင့္သြားမည့္အလုပ္သမားမ်ားမွအပ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ားကို ဆက္လက္ပိတ္ထားဆဲျဖစ္ၿပီး ျပန္လည္ဖြင့္လွစ္မည့္ ေန႔ရက္ကို ထုတ္ျပန္ေၾကညာျခင္းမ်ိဳး မေတြ႕ရေသးေပ။

Related news

© 2021. All rights reserved.