နိုင်ငံခြားသားလုပ်သားများအတွက် လုပ်ခလစာအဖြစ် ရင်းဂစ်(၁၅ဝဝ)ပေးမည်ဖြစ်ကြောင်း မလေးရှားအစိုးရဆို

 470

Pika (NP News) - ဇန်နဝါရီ ၂၉

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ခြင်းအတွက် လုပ်ခလစာအဖြစ် ရင်းဂစ်(၁၅ဝဝ)ပေးမည့် အစီအစဥ်သည် ပြန်လည်ချိန်ညှိရေးအစီအစဥ်များအရဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail ကပြောကြားခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများကို ခန့်အပ်ခြင်းအတွက် လုပ်ခလစာအခကြေးငွေလျှော့ချခြင်းသို့မဟုတ် ဖျက်သိမ်းရန်အစီအစဥ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail ကပြောကြားခဲ့သည်။

မလေးရှားပြည်ထဲရေးဝန်ကြီးက"စီးပွားရေးကဏ္ဍမှာ အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေ အဆင်ပြေစေဖို့ လူဝင်မှုကြီးကြပ်ရေးဌာနကဦးဆောင်ပြီး ပြန်လည်ချိန်ညှိရေးအစီအစဥ်ကို ဆက်လက်လုပ်ဆောင်သွားမှာပါ။အလုပ်သမားတွေအတွက် လုပ်ခလစာနဲ့ပတ်သက်လာရင်တော့ အခြေ အနေကအရင်အတိုင်းပါပဲ"ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပြန်လည်ချိန်ညှိရေးအစီအစဥ်သည် အစိုးရအတွက်ဝင် ငွေ ရင်းဂစ်သန်း(၇ဝဝ)ကျော် ရရှိစေခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ ၎င်းက"ဒီအစီအစဥ်က အလုပ်သမားတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အကျိုးရှိပါတယ်။ အလုပ် သမားအသစ်တွေအတွက် အေဂျင်စီတစ်ခုပေးရမယ့်အစား နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့်ရာမှာ ဒီအစီအစဥ်ကို အသုံးပြုတာက ပိုပြီးသက်သာပါတယ်"ဟုပြောဆိုခဲ့သည်။

အဆိုပါအစီအစဥ်သည် ပြဿနာကြီးကြီးမားမားဖြစ်ခဲ့ခြင်းမျိုးမရှိဘဲ အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီလ (၂၂)ရက်အထိ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်(PLKS)ကိုင်ဆောင်ထားသော အလုပ်သမား(၁၄၈၄၆၇၇)ဦးကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၄၄၆၂၉၉)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၃၉၉၈၂၇)ဦး၊ နီပေါနိုင်ငံမှ(၂၈၅၇၆၈)ဦး၊ မြန်မာနိုင်ငံမှ (၁၃၅၅၉ဝ)ဦး နှင့် အိန္ဒိယနိုင်ငံမှ (၈၁ဝဝ၂)ဦးတို့ဖြင့် အများဆုံးလာရောက်လုပ်ကိုင်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

zawgyi version
ႏိုင္ငံျခားသားလုပ္သားမ်ားအတြက္ လုပ္ခလစာအျဖစ္ ရင္းဂစ္(၁၅ဝဝ)ေပးမည္ျဖစ္ေၾကာင္း မေလးရွားအစိုးရဆို
Pika (NP News) - ဇန္နဝါရီ ၂၉

မေလးရွားႏိုင္ငံတြင္ ႏိုင္ငံျခားသားအလုပ္သမားမ်ား ခန႔္အပ္ျခင္းအတြက္ လုပ္ခလစာအျဖစ္ ရင္းဂစ္(၁၅ဝဝ)ေပးမည့္ အစီအစဥ္သည္ ျပန္လည္ခ်ိန္ညႇိေရးအစီအစဥ္မ်ားအရဆက္လက္က်န္ရွိေနမည္ျဖစ္ေၾကာင္း မေလးရွားျပည္ထဲေရးဝန္ႀကီး Datuk Seri Saifuddin Nasution Ismail ကေျပာၾကားခဲ့သည္။

ႏိုင္ငံျခားသားအလုပ္သမားမ်ားကို ခန႔္အပ္ျခင္းအတြက္ လုပ္ခလစာအခေၾကးေငြေလွ်ာ့ခ်ျခင္းသို႔မဟုတ္ ဖ်က္သိမ္းရန္အစီအစဥ္မရွိေၾကာင္း ျပည္ထဲေရးဝန္ႀကီး Datuk Seri Saifuddin Nasution Ismail ကေျပာၾကားခဲ့သည္။

မေလးရွားျပည္ထဲေရးဝန္ႀကီးက"စီးပြားေရးက႑မွာ အလုပ္သမားေတြရဲ႕ေတာင္းဆိုမႈေတြ အဆင္ေျပေစဖို႔ လူဝင္မႈႀကီးၾကပ္ေရးဌာနကဦးေဆာင္ၿပီး ျပန္လည္ခ်ိန္ညႇိေရးအစီအစဥ္ကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။အလုပ္သမားေတြအတြက္ လုပ္ခလစာနဲ႔ပတ္သက္လာရင္ေတာ့ အေျခ အေနကအရင္အတိုင္းပါပဲ"ဟုေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္က ျပန္လည္ခ်ိန္ညႇိေရးအစီအစဥ္သည္ အစိုးရအတြက္ဝင္ ေငြ ရင္းဂစ္သန္း(၇ဝဝ)ေက်ာ္ ရရွိေစခဲ့ေၾကာင္း မေလးရွားျပည္ထဲေရးဝန္ႀကီးကေျပာၾကားခဲ့သည္။ ၎က"ဒီအစီအစဥ္က အလုပ္သမားေတြရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္တဲ့အတြက္ အက်ိဳးရွိပါတယ္။ အလုပ္ သမားအသစ္ေတြအတြက္ ေအဂ်င္စီတစ္ခုေပးရမယ့္အစား ႏိုင္ငံျခားသားအလုပ္သမားေတြကို အလုပ္ခန႔္ရာမွာ ဒီအစီအစဥ္ကို အသုံးျပဳတာက ပိုၿပီးသက္သာပါတယ္"ဟုေျပာဆိုခဲ့သည္။

အဆိုပါအစီအစဥ္သည္ ျပႆနာႀကီးႀကီးမားမားျဖစ္ခဲ့ျခင္းမ်ိဳးမရွိဘဲ အဆင္ေျပေျပေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ခဲ့ေၾကာင္း မေလးရွားျပည္ထဲေရးဝန္ႀကီးကေျပာၾကားခဲ့သည္။ လူဝင္မႈႀကီးၾကပ္ေရးဌာနသည္ ဇန္နဝါရီလ (၂၂)ရက္အထိ ယာယီအလုပ္လုပ္ကိုင္ခြင့္လက္မွတ္(PLKS)ကိုင္ေဆာင္ထားေသာ အလုပ္သမား(၁၄၈၄၆၇၇)ဦးကို မွတ္တမ္းတင္ထားႏိုင္ခဲ့ေၾကာင္း မေလးရွားျပည္ထဲေရးဝန္ႀကီးကေျပာၾကားခဲ့သည္။

မေလးရွားႏိုင္ငံတြင္ လာေရာက္အလုပ္လုပ္ကိုင္သည့္ ႏိုင္ငံမ်ားအနက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ (၄၄၆၂၉၉)ဦး၊ အင္ဒိုနီးရွားႏိုင္ငံမွ (၃၉၉၈၂၇)ဦး၊ နီေပါႏိုင္ငံမွ(၂၈၅၇၆၈)ဦး၊ ျမန္မာႏိုင္ငံမွ (၁၃၅၅၉ဝ)ဦး ႏွင့္ အိႏၵိယႏိုင္ငံမွ (၈၁ဝဝ၂)ဦးတို႔ျဖင့္ အမ်ားဆုံးလာေရာက္လုပ္ကိုင္ေၾကာင္း ၎ကထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.