နယူးဇီလန်နိုင်ငံ အော့တလန်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူသုံးဦး သေဆုံး

 232

ရောင်နီ (NP News) - ဇန်နဝါရီ ၂၉

နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ အော့ကလန်မှာ စံချိန်တင် မိုးရွာသွန်းပြီး ရေကြီးမှုကြောင့် လူသုံးဦး သေဆုံးပြီး အနည်းဆုံး တစ်ဦး ပျောက်ဆုံးနေကာ လေဆိပ်ပိတ်ဆို့ခြင်းနဲ့ နေအိမ်များ ရွှေ့ပြောင်းခြင်းတို့ ပြုလုပ်ခဲ့ရပါတယ်။

သောကြာနေ့(ဇန်နဝါရီလ ၂၇ ရက်)က စတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်း နေထိုင်ရာ မြို့တော်အော့ကလန်မှာ အစိုစွတ်ဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ကာ စနေနေ့မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားကြောင်း မိုးလေဝသ အေဂျင်စီများရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရာသီ တစ်ခုလုံးမှာ ပျှမ်းမျှအားဖြင့် မိုးရွာသွန်းမှု ပမာဏဟာ သုံးနာရီအတွင်း ၁၅ဝ မီလီမီတာ (၆လက်မ) ကျော်ထိ ရှိခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဝေးပြေးလမ်းများ ပိတ်ထားရပြီး နေအိမ်များအတွင်းထိ ရေတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် Auckland လေဆိပ်မှာ ရေလျှံခဲ့ကာ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီးနောက် ရာနဲ့ချီသော လူများ လေဆိပ်မှာသောင်တင်နေခဲ့ပါတယ်။

စနေနေ့က မိုးသည်းထန်စွာ ရွာသွန်းမှု လျော့သွားပေမယ့်လည်း တနင်္ဂနွေနေ့မှာ နောက်ထပ် မိုးရွာနိုင်တယ်လို့ အမျိုးသားမိုးလေဝသက ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ကမ္ဘာကျော် အဆိုတော်ကြီး အယ်လ်တန်ဂျွန်ရဲ့ ဖျော် ဖြေပွဲကို သောကြာနေ့ည ပွဲမစတင်မီက ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

zawgyi version
နယူးဇီလန္ႏိုင္ငံ ေအာ့တလန္မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးမႈေၾကာင့္ လူသုံးဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၉

နယူးဇီလန္ႏိုင္ငံရဲ႕ အႀကီးဆုံးၿမိဳ႕ ေအာ့ကလန္မွာ စံခ်ိန္တင္ မိုး႐ြာသြန္းၿပီး ေရႀကီးမႈေၾကာင့္ လူသုံးဦး ေသဆုံးၿပီး အနည္းဆုံး တစ္ဦး ေပ်ာက္ဆုံးေနကာ ေလဆိပ္ပိတ္ဆို႔ျခင္းနဲ႔ ေနအိမ္မ်ား ေ႐ႊ႕ေျပာင္းျခင္းတို႔ ျပဳလုပ္ခဲ့ရပါတယ္။

ေသာၾကာေန႔(ဇန္နဝါရီလ ၂၇ ရက္)က စတင္ခဲ့တဲ့ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ လူဦးေရ ၁ ဒသမ ၆ သန္း ေနထိုင္ရာ ၿမိဳ႕ေတာ္ေအာ့ကလန္မွာ အစိုစြတ္ဆုံးေန႔အျဖစ္ မွတ္တမ္းဝင္ခဲ့ကာ စေနေန႔မွာ အေရးေပၚ အေျခအေန ထုတ္ျပန္ထားေၾကာင္း မိုးေလဝသ ေအဂ်င္စီမ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ရာသီ တစ္ခုလုံးမွာ ပွ်မ္းမွ်အားျဖင့္ မိုး႐ြာသြန္းမႈ ပမာဏဟာ သုံးနာရီအတြင္း ၁၅ဝ မီလီမီတာ (၆လက္မ) ေက်ာ္ထိ ရွိခဲ့ပါတယ္။ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ အေဝးေျပးလမ္းမ်ား ပိတ္ထားရၿပီး ေနအိမ္မ်ားအတြင္းထိ ေရေတြ ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ မုန္တိုင္းေၾကာင့္ Auckland ေလဆိပ္မွာ ေရလွ်ံခဲ့ကာ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္းခဲ့ရၿပီးေနာက္ ရာနဲ႔ခ်ီေသာ လူမ်ား ေလဆိပ္မွာေသာင္တင္ေနခဲ့ပါတယ္။

စေနေန႔က မိုးသည္းထန္စြာ ႐ြာသြန္းမႈ ေလ်ာ့သြားေပမယ့္လည္း တနဂၤေႏြေန႔မွာ ေနာက္ထပ္ မိုး႐ြာႏိုင္တယ္လို႔ အမ်ိဳးသားမိုးေလဝသက ခန္႔မွန္းထားပါတယ္။

မုန္တိုင္းေၾကာင့္ ကမာၻေက်ာ္ အဆိုေတာ္ႀကီး အယ္လ္တန္ဂြၽန္ရဲ႕ ေဖ်ာ္ ေျဖပြဲကို ေသာၾကာေန႔ည ပြဲမစတင္မီက ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.