Jin Tian အမည်ရှိ သင်္ဘောနစ်မြှုပ်မှုမှာ မြန်မာနိုင်ငံသား (၅)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်အာဏာပိုင်များပြော

 521

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၉

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း Danjo Islands ကျွန်းစုများနားမှာ နစ်မြှုပ်ခဲ့တဲ့ Jin Tian အမည်ရှိ သင်္ဘောနစ်မြှုပ်မှုမှာ မြန်မာနိုင်ငံသား (၅)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရပါတယ်။

ဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ Jin Tian ကုန်တင်သင်္ဘာဟာ ဇန်နဝါရီလ ၂၄ ရက်က နစ်မြှုပ်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆိုပါသင်္ဘောပေါ်သို့လိုက်ပါသွားသူ စုစုပေါင်း (၉)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကဆိုပါတယ်။

Jin Tian သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသားသင်္ဘောသား (၈)ဦး နဲ့ တရုတ်နိုင်ငံသား သင်္ဘောသား (၁၄)ဦးတို့လိုက်ပါခဲ့ပြီး လက်ရှိအချိန်အထိ (၅)ဦးကို ပြန်ကယ် တင်ထားနိုင်ကြောင်းသိရပါတယ်။ သင်္ဘာနစ်မြှုပ်မှုကြောင့် တရုတ်နိုင်ငံသား (၆)ဦးနဲ့ မြန်မာနိုင်ငံသား (၂)ဦးသေဆုံးထားပြီး အသက်ရှင်လျက်ရှာတွေ့ခဲ့သူ (၅)ဦးမှာ တရုတ်နိုင်ငံသား (၄)ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

တရုတ်အစိုးရတာဝန်ရှိသူများဟာ နာဂါစကီ ကမ်းခြေစောင့်တပ်ဖွဲ့ထံကိုသွားရောက်ခဲ့ပြီး သေဆုံးခဲ့တဲ့ သင်္ဘာသားများအတွက် ဝမ်းနည်းမှုအထိမ်းအမှတ် ပန်းစီးများချခဲ့ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Kong Xuanyou ဟာ အသက်ရှင်ခဲ့တဲ့သင်္ဘော သားများကို အစားအစာ၊ ရေနဲ့ အဝတ်အစားများ ကူညီထောက်ပံ့ပေးထားကြောင်း သိရပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ နဲ့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့တို့ဟာ သင်္ဘာနစ်မြှုပ်ပြီးနောက် သင်္ဘာသားများကို သင်္ဘောများ၊ ရဟတ်ယာဉ်များ အသုံးပြုရှာဖွေခဲ့ကြောင်း သိရပါတယ်။

အလေးချိန် ၆၆၅၁ တန်ရှိ သင်္ဘာဟာ ဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့သင်္ဘောဖြစ်ကြောင်း၊ ၂ဝ၂ဝ ခုနှစ်တုန်းကလည်း သင်္ဘောသား(၄၃)ဦးလိုက်ပါလာတဲ့ကုန်စည်သင်္ဘောတစ်စီးဟာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခံရတဲ့အတွက် ဂျပန်နိုင်ငံအနောက်ပိုင်းမှာ နစ်မြှုပ်ခဲ့ဖူးပြီး အဲဒီအချိန်ကသင်္ဘောသား (၂)ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
Jin Tian အမည္ရွိ သေဘၤာနစ္ျမႇဳပ္မႈမွာ ျမန္မာႏိုင္ငံသား (၅)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ဂ်ပန္အာဏာပိုင္မ်ားေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၉

ဂ်ပန္ႏိုင္ငံအေနာက္ေတာင္ပိုင္း Danjo Islands ကြၽန္းစုမ်ားနားမွာ နစ္ျမႇဳပ္ခဲ့တဲ့ Jin Tian အမည္ရွိ သေဘၤာနစ္ျမႇဳပ္မႈမွာ ျမန္မာႏိုင္ငံသား (၅)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

ေဟာင္ေကာင္မွာမွတ္ပုံတင္ထားတဲ့ Jin Tian ကုန္တင္သဘၤာဟာ ဇန္နဝါရီလ ၂၄ ရက္က နစ္ျမႇဳပ္သြားခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အဆိုပါသေဘၤာေပၚသို႔လိုက္ပါသြားသူ စုစုေပါင္း (၉)ဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကဆိုပါတယ္။

Jin Tian သေဘၤာေပၚမွာ ျမန္မာႏိုင္ငံသားသေဘၤာသား (၈)ဦး နဲ႔ တ႐ုတ္ႏိုင္ငံသား သေဘၤာသား (၁၄)ဦးတို႔လိုက္ပါခဲ့ၿပီး လက္ရွိအခ်ိန္အထိ (၅)ဦးကို ျပန္ကယ္ တင္ထားႏိုင္ေၾကာင္းသိရပါတယ္။ သဘၤာနစ္ျမႇဳပ္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသား (၆)ဦးနဲ႔ ျမန္မာႏိုင္ငံသား (၂)ဦးေသဆုံးထားၿပီး အသက္ရွင္လ်က္ရွာေတြ႕ခဲ့သူ (၅)ဦးမွာ တ႐ုတ္ႏိုင္ငံသား (၄)ဦးနဲ႔ ျမန္မာႏိုင္ငံသားတစ္ဦးတို႔ျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားဟာ နာဂါစကီ ကမ္းေျခေစာင့္တပ္ဖြဲ႕ထံကိုသြားေရာက္ခဲ့ၿပီး ေသဆုံးခဲ့တဲ့ သဘၤာသားမ်ားအတြက္ ဝမ္းနည္းမႈအထိမ္းအမွတ္ ပန္းစီးမ်ားခ်ခဲ့ေၾကာင္းသိရပါတယ္။ ဂ်ပန္ႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး Kong Xuanyou ဟာ အသက္ရွင္ခဲ့တဲ့သေဘၤာ သားမ်ားကို အစားအစာ၊ ေရနဲ႔ အဝတ္အစားမ်ား ကူညီေထာက္ပံ့ေပးထားေၾကာင္း သိရပါတယ္။ ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ နဲ႔ ေတာင္ကိုရီးယား ကမ္းေျခေစာင့္တပ္ဖြဲ႕တို႔ဟာ သဘၤာနစ္ျမႇဳပ္ၿပီးေနာက္ သဘၤာသားမ်ားကို သေဘၤာမ်ား၊ ရဟတ္ယာဥ္မ်ား အသုံးျပဳရွာေဖြခဲ့ေၾကာင္း သိရပါတယ္။

အေလးခ်ိန္ ၆၆၅၁ တန္ရွိ သဘၤာဟာ ေဟာင္ေကာင္မွာမွတ္ပုံတင္ထားတဲ့သေဘၤာျဖစ္ေၾကာင္း၊ ၂ဝ၂ဝ ခုႏွစ္တုန္းကလည္း သေဘၤာသား(၄၃)ဦးလိုက္ပါလာတဲ့ကုန္စည္သေဘၤာတစ္စီးဟာ တိုင္ဖြန္းမုန္တိုင္းတိုက္ခတ္ခံရတဲ့အတြက္ ဂ်ပန္ႏိုင္ငံအေနာက္ပိုင္းမွာ နစ္ျမႇဳပ္ခဲ့ဖူးၿပီး အဲဒီအခ်ိန္ကသေဘၤာသား (၂)ဦးသာ အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.