လူ ၇ ဦး သေဆုံးစေခဲ့တဲ့ ပါလက်စတိုင်းသေနတ်သမားရဲ့ပစ်ခတ်မှုကို တုံ့ပြန်မှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ပြော

 465

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၉

ဂျေရုဆလင်မြို့ အပြင်ဘက်မှာ လူ ၇ ဦးသေဆုံးစေခဲ့တဲ့ ပါလက်စတိုင်းသေနတ်သမားရဲ့တိုက်ခိုက်မှုကို ချက်ချင်းပြန် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟာ ဇန်နဝါရီ ၂၈ ရက်က လူ ၇ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးအဖွဲ့ တာဝန်ရှိသူများနဲ့ အစည်းအဝေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းက " ကျွန်တော်တို့ဟာ တင်းမာမှုအရှိန်မြင့်တက် အောင်လုပ်ဖို့ ကြိုးပမ်းတာမျိုးမရှိပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမဆို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမယ်" လို့ ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၂၈ ရက်က အစွန်းရောက်သမားတွေ ရှိနေတယ်လို့ သံသယရှိပြီး အနောက်ဘက် ကမ်းခြေရှိ ဂျီနင်မြို့ဒုက္ခသည်စခန်းကိုစီးနင်းခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပြီး၊ နောက်တစ်ရက်အကြာမှာပဲ ပါလက်စတိုင်း သေနတ် သမားက ဂျေရုဆလင်မြို့အရှေ့ဘက်ပိုင်းရှိ ဂျူးလူမျိုးများ အခြေချနေထိုင်နေတဲ့နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဂျီနင်မြို့ကို အစ္စရေးတပ်ဖွဲ့ဝင်များ စီးနင်းမှုဟာ ပါလက်စတိုင်းနဲ့ အစ္စရေးကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်တာတွေ ဆိုင်းငံမှုတိုးမြင့်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ နှစ်ပေါင်းများစွာကြာ အငြင်းပွားမှုများ ရှိနေခဲ့ပြီး အစ္စရေးဟာ ပါလက်စတိုင်းအရေးနဲ့ပတ်သက်ကာ လက်ဘနွန်စစ်သွေးကြွအုပ်စုတွေနဲ့လည်း အငြင်းပွား တိုက်ခိုက်မှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
လူ ၇ ဦး ေသဆုံးေစခဲ့တဲ့ ပါလက္စတိုင္းေသနတ္သမားရဲ႕ပစ္ခတ္မႈကို တုံ႔ျပန္မွာျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၉

ေဂ်႐ုဆလင္ၿမိဳ႕ အျပင္ဘက္မွာ လူ ၇ ဦးေသဆုံးေစခဲ့တဲ့ ပါလက္စတိုင္းေသနတ္သမားရဲ႕တိုက္ခိုက္မႈကို ခ်က္ခ်င္းျပန္ လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ဟာ ဇန္နဝါရီ ၂၈ ရက္က လူ ၇ ဦး ေသဆုံးခဲ့ရတဲ့ တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး လုံၿခဳံေရးအဖြဲ႕ တာဝန္ရွိသူမ်ားနဲ႔ အစည္းအေဝးလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ၎က " ကြၽန္ေတာ္တို႔ဟာ တင္းမာမႈအရွိန္ျမင့္တက္ ေအာင္လုပ္ဖို႔ ႀကိဳးပမ္းတာမ်ိဳးမရွိပါဘူး။ ဒါေပမယ့္ ဘယ္လိုအေျခအေနမ်ိဳးမဆို ရင္ဆိုင္ႏိုင္ေအာင္ ျပင္ဆင္ထားရမယ္" လို႔ ေျပာပါတယ္။

အစၥေရးတပ္ဖြဲ႕ဝင္ေတြဟာ ဇန္နဝါရီ ၂၈ ရက္က အစြန္းေရာက္သမားေတြ ရွိေနတယ္လို႔ သံသယရွိၿပီး အေနာက္ဘက္ ကမ္းေျခရွိ ဂ်ီနင္ၿမိဳ႕ဒုကၡသည္စခန္းကိုစီးနင္းခဲ့ရာ လူ ၉ ဦး ေသဆုံးခဲ့ၿပီး၊ ေနာက္တစ္ရက္အၾကာမွာပဲ ပါလက္စတိုင္း ေသနတ္ သမားက ေဂ်႐ုဆလင္ၿမိဳ႕အေရွ႕ဘက္ပိုင္းရွိ ဂ်ဴးလူမ်ိဳးမ်ား အေျခခ်ေနထိုင္ေနတဲ့ေနရာကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အနည္းဆုံး လူ ၇ ဦး ေသဆုံးၿပီး၊ ၂ ဦး ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

ဂ်ီနင္ၿမိဳ႕ကို အစၥေရးတပ္ဖြဲ႕ဝင္မ်ား စီးနင္းမႈဟာ ပါလက္စတိုင္းနဲ႔ အစၥေရးၾကား လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္တာေတြ ဆိုင္းငံမႈတိုးျမင့္လိုက္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ အစၥေရးနဲ႔ ပါလက္စတိုင္းတို႔ဟာ ႏွစ္ေပါင္းမ်ားစြာၾကာ အျငင္းပြားမႈမ်ား ရွိေနခဲ့ၿပီး အစၥေရးဟာ ပါလက္စတိုင္းအေရးနဲ႔ပတ္သက္ကာ လက္ဘႏြန္စစ္ေသြးႂကြအုပ္စုေတြနဲ႔လည္း အျငင္းပြား တိုက္ခိုက္ မႈေတြ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.