နိုင်ငံတစ်ဝှမ်း စိုက်ပျိုးမြေ ဧကပေါင်း တစ်သိန်းခွဲနီးပါး ထပ်မံတိုးချဲ့စိုက်ပျိုးလာနိုင်ဟုဆို

343

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၉
နိုင်ငံတစ်ဝှမ်း စိုက်ပျိုးမြေဧရိယာ ၃၄ ဒသမ ၃၅၄ သန်းရှိခဲ့ရာမှ ဧကပေါင်း တစ်သိန်းခွဲနီးပါးကို ထပ်မံတိုးချဲ့စိုက်ပျိုးလာနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ (၃၄ ဒသမ ၃၅၄)သန်းရှိခဲ့ပြီး ၂ဝ၂၁-၂ဝ၂၂ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧကမှာ (၃၄ ဒသမ ၅ဝ၃)သန်း ရှိလာခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ရာသီဥတုနှင့် ကောက်ပဲသီးနှံ နှစ်ချုပ်အစီရင်ခံစာတွင် ဖော် ပြထားသည်။
ထို့ကြောင့် စိုက်ပျိုးမြေဧကပေါင်း (၁၄၈ဝဝဝ) ကျော်ခန့် ထပ်မံတိုးတက်လာသည့်အတွက် ၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ထပ်မံတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးလှမိုးက တိုက်တွန်းပြောဆိုထား သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း (၁ဝ၈၈) သန်းရှိပြီး နွေစပါးစိုက်ဧကပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်းသန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်း သိရသည်။
လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံတို့ကို နိုင်ငံခြားသို့ တင်ပို့မှုများမှတစ်ဆင့် နိုင်ငံခြားငွေအများအပြား ရရှိထား သည်။
လက်ရှိ မြန်မာနိုင်ငံတွင် စိုက်ပျိုမြေဧရိယာများအပေါ်၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့ကို အဓိက စိုက်ပျိုးလျက်ရှိသည်။
ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန်စုစုပေါင်း (၁၃၅၁၆၃၃ ဒသမ ၃၇၇)တန် တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၁ဝ၅၁ ဒသမ ၅၇၈)သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများက ဆိုထား သည်။

zawgyi version
ႏိုင္ငံတစ္ဝွမ္း စိုက္ပ်ိဳးေျမ ဧကေပါင္း တစ္သိန္းခြဲနီးပါး ထပ္မံတိုးခ်ဲ႕စိုက္ပ်ိဳးလာႏိုင္ဟုဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၉
ႏိုင္ငံတစ္ဝွမ္း စိုက္ပ်ိဳးေျမဧရိယာ ၃၄ ဒသမ ၃၅၄ သန္းရွိခဲ့ရာမွ ဧကေပါင္း တစ္သိန္းခြဲနီးပါးကို ထပ္မံတိုးခ်ဲ႕စိုက္ပ်ိဳးလာႏိုင္ခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရသည္။
၂ဝ၂ဝ-၂ဝ၂၁ ခုႏွစ္တြင္ စိုက္ပ်ိဳးေျမဧရိယာ (၃၄ ဒသမ ၃၅၄)သန္းရွိခဲ့ၿပီး ၂ဝ၂၁-၂ဝ၂၂ ခုႏွစ္တြင္ စိုက္ပ်ိဳးေျမဧရိယာ စုစုေပါင္းဧကမွာ (၃၄ ဒသမ ၅ဝ၃)သန္း ရွိလာခဲ့ေၾကာင္း လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာန၏ ရာသီဥတုႏွင့္ ေကာက္ပဲသီးႏွံ ႏွစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ ျပထားသည္။
ထို႔ေၾကာင့္ စိုက္ပ်ိဳးေျမဧကေပါင္း (၁၄၈ဝဝဝ) ေက်ာ္ခန႔္ ထပ္မံတိုးတက္လာသည့္အတြက္ ၎အေျခအေနကို ဆက္လက္ထိန္းသိမ္းထားရန္ႏွင့္ ထပ္မံတိုးတက္လာေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ ေျမာင္းဝန္ႀကီး ဦးလွမိုးက တိုက္တြန္းေျပာဆိုထား သည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း (၁ဝ၈၈) သန္းရွိၿပီး ေႏြစပါးစိုက္ဧကေပါင္းမွာလည္း ႏွစ္သန္းရွိသည့္အတြက္ စပါးတင္းသန္းေပါင္း (၂၁၃)သန္းခန႔္ ထြက္ရွိေၾကာင္း သိရသည္။
လယ္ယာထြက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ပဲမ်ိဳးစုံတို႔ကို ႏိုင္ငံျခားသို႔ တင္ပို႔မႈမ်ားမွတစ္ဆင့္ ႏိုင္ငံျခားေငြအမ်ားအျပား ရရွိထား သည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳေျမဧရိယာမ်ားအေပၚ၌ စပါး၊ ေျပာင္း၊ ေျမပဲ၊ ႏွမ္း၊ ေနၾကာ၊ ပဲအမ်ိဳးမ်ိဳး၊ ဝါႏွင့္ ႀကံတို႔ကို အဓိက စိုက္ပ်ိဳးလ်က္ရွိသည္။
ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတန္ခ်ိန္စုစုေပါင္း (၁၃၅၁၆၃၃ ဒသမ ၃၇၇)တန္ တင္ပို႔ခဲ့ၿပီး ႏိုင္ငံျခားေငြ အေမရိကန္ေဒၚလာ (၁ဝ၅၁ ဒသမ ၅၇၈)သန္း တင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းဇယားမ်ားက ဆိုထား သည္။