‌ရက်ပိုင်းအတွင်း သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်စဉ် (၆)ခုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး(၂)ဦး အပါအဝင် အမျိုးသား(၇)ဦးသေဆုံးခဲ့

 599

စော (NP News) - ဇန်နဝါရီလ ၂၉

ရက်ပိုင်းအတွင်း သေနတ်ဖြင့်ပစ်သတ်ခံရမှုဖြစ်စဉ် (၆)ခုထက်မနည်းရှိခဲ့ပြီး သေဆုံးသူအမျိုးသား(၇)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်း၌ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်ကုန်းကျေးရွာတွင် နေထိုင်သော ဦးထွန်းကြိုင်(၇ဝ)နှစ်သည် လမ်းလျှောက်ထွက်သွားရာမှ နေအိမ်သို့ ပြန်မရောက်လာသဖြင့် ၎င်း၏သမီးဖြစ်သူ ဒေါ်နီနီဝင်းမှ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေခဲ့ရာ ဦးထွန်းကြိုင်သည် သမင်ကုန်းကျေးရွာနှင့် ဒိုးတန်းကျေးရွာရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွေင် ကျည်ဖောက်ဝင်ဒဏ်ရာ(၄)ချက်ဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှဆိုထားသည်။

အလားတူ ဇန်နဝါရီလ ၂၇ရက်၊ နံနက် ၁ နာရီအချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့ နယ်၊ သူဋ္ဌေးကုန်းကျေးရွာသို့ ဟင်္သာကျေးရွာတွင်နေထိုင်သည့် ဦးအောင်လှိုင်ဝင်း ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့ရောက်ရှိလာ‌ကြောင်း သိရသည်။

ထို့နောက် သူဋ္ဌေးကုန်းကျေးရွာတွင်‌ နေထိုင်သူ ဦးမန်းကြိုင်(၅၂)နှစ်အား သေနတ်ဖြင့်ပစ်သတ်ကာ နေအိမ်အတွင်းရှိ ဆိုင်ကယ်အား ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ငွေကျပ်သိန်း(၃ဝဝ)ခန့်နှင့် ဆိုင်ကယ် (၃)စီးတို့အားယူဆောင်၍ ရေပေါင်လောင်ကျေးရွာသို့ စက်လှေဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ ညနေ ၆ နာရီအချိန်တွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်သော ရာအိမ်မှူးဦးခင်မောင်ငြိမ်း(၆၆)နှစ်သည် နေအိမ် ၌ရှိနေစဉ် အကြမ်းဖက်သမား(၄)ဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးခင်မောင်ငြိမ်းသည် ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးသွားကြောင်းသိရသည်။

အလားတူ ည ၇ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အောင်ချမ်းသာ(၁) ရပ်ကွက်တွင်နေထိုင်သော ဦးအောင်မြင့်မြတ်(၃၈)နှစ်သည် ကျူရှင်သင်ရာမှ နေ အိမ်သို့ကားဖြင့် ပြန်လာစဉ် အနောက်မှ အကြမ်းဖက်သမား(၂)ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးအောင်မြင့်မြတ်သည် ကျည်ထိမှန်ဒဏ်ရာ (၁၃)ချက်ရရှိကာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အလားတူ ည ၇ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ဇင်ကျေး ရွာဘက်မှ မောင်းနှင်လာသည့် Honda Oddessy အမျိုးအစားအား အကြမ်းဖက်သ မား(၅)ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကိုစိုးဝင်းထွေး(၂၂)နှစ် နှင့် အမျိုးသားတစ်ဦးတို့သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် ည ၁၁ နာရီဝန်းကျင်းအချိန်တွင် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အိုင်းကုန်းကျေး ရွာတွင်နေထိုင်သော ရာအိမ်မှူး ဦးထွန်းထွန်းနိုင် (၄၄)နှစ်သည် နေအိမ်၌ရှိနေစဉ် လမ်းလျှောက်လာသည့် အကြမ်းဖက်သမား(၄)ဦးက ၎င်း၏နေအိမ်အရှေ့၌ “ထွန်းထွန်းနိုင်”ရှိလားဟုမေးမြန်းစဉ် အိမ်ရှေ့ထွက်ကြည့်ခဲ့ရာ သေနတ်ဖြင့်ပစ်ခတ်ထွက် ပြေးသွားသဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

zawgyi version
‌ရက္ပိုင္းအတြင္း ေသနတ္ျဖင့္ပစ္သတ္ခံရမႈျဖစ္စဥ္ (၆)ခုျဖစ္ပြားခဲ့ၿပီး ရာအိမ္မႉး(၂)ဦး အပါအဝင္ အမ်ိဳးသား(၇)ဦးေသဆုံးခဲ့
ေစာ (NP News) - ဇန္နဝါရီလ ၂၉

ရက္ပိုင္းအတြင္း ေသနတ္ျဖင့္ပစ္သတ္ခံရမႈျဖစ္စဥ္ (၆)ခုထက္မနည္းရွိခဲ့ၿပီး ေသဆုံးသူအမ်ိဳးသား(၇)ဦးရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၈ ရက္၊ နံနက္ပိုင္း၌ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ သမင္ကုန္းေက်း႐ြာတြင္ ေနထိုင္ေသာ ဦးထြန္းႀကိဳင္(၇ဝ)ႏွစ္သည္ လမ္းေလွ်ာက္ထြက္သြားရာမွ ေနအိမ္သို႔ ျပန္မေရာက္လာသျဖင့္ ၎၏သမီးျဖစ္သူ ေဒၚနီနီဝင္းမွ လိုက္လံရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြခဲ့ရာ ဦးထြန္းႀကိဳင္သည္ သမင္ကုန္းေက်း႐ြာႏွင့္ ဒိုးတန္းေက်း႐ြာရွိ ေက်း႐ြာခ်င္းဆက္လမ္းေပၚေတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ(၄)ခ်က္ျဖင့္ ေသဆုံးေနေၾကာင္း ရဲတပ္ဖြဲ႕မွဆိုထားသည္။

အလားတူ ဇန္နဝါရီလ ၂၇ရက္၊ နံနက္ ၁ နာရီအခ်ိန္တြင္ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕ နယ္၊ သူေ႒းကုန္းေက်း႐ြာသို႔ ဟသၤာေက်း႐ြာတြင္ေနထိုင္သည့္ ဦးေအာင္လႈိင္ဝင္း ဦးေဆာင္သည့္ အၾကမ္းဖက္အဖြဲ႕ေရာက္ရွိလာ‌ေၾကာင္း သိရသည္။

ထို႔ေနာက္ သူေ႒းကုန္းေက်း႐ြာတြင္‌ ေနထိုင္သူ ဦးမန္းႀကိဳင္(၅၂)ႏွစ္အား ေသနတ္ျဖင့္ပစ္သတ္ကာ ေနအိမ္အတြင္းရွိ ဆိုင္ကယ္အား ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့ၿပီး ေငြက်ပ္သိန္း(၃ဝဝ)ခန႔္ႏွင့္ ဆိုင္ကယ္ (၃)စီးတို႔အားယူေဆာင္၍ ေရေပါင္ေလာင္ေက်း႐ြာသို႔ စက္ေလွျဖင့္ ထြက္ေျပးသြားေၾကာင္း သိရသည္။

အလားတူ ညေန ၆ နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္တြင္ ေနထိုင္ေသာ ရာအိမ္မႉးဦးခင္ေမာင္ၿငိမ္း(၆၆)ႏွစ္သည္ ေနအိမ္ ၌ရွိေနစဥ္ အၾကမ္းဖက္သမား(၄)ဦးက ဆိုင္ကယ္ႏွစ္စီးျဖင့္ေရာက္လာၿပီး ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးဦးခင္ေမာင္ၿငိမ္းသည္ က်ည္ေဖာက္ဝင္ဒဏ္ရာႏွစ္ခ်က္ရရွိကာ ေသဆုံးသြားေၾကာင္းသိရသည္။

အလားတူ ည ၇ နာရီအခ်ိန္တြင္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ေအာင္ခ်မ္းသာ(၁) ရပ္ကြက္တြင္ေနထိုင္ေသာ ဦးေအာင္ျမင့္ျမတ္(၃၈)ႏွစ္သည္ က်ဴရွင္သင္ရာမွ ေန အိမ္သို႔ကားျဖင့္ ျပန္လာစဥ္ အေနာက္မွ အၾကမ္းဖက္သမား(၂)ဦးက ဆိုင္ကယ္ျဖင့္လိုက္လာၿပီး ၎အား ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးေအာင္ျမင့္ျမတ္သည္ က်ည္ထိမွန္ဒဏ္ရာ (၁၃)ခ်က္ရရွိကာ ေသဆုံးသြားေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အလားတူ ည ၇ နာရီဝန္းက်င္အခ်ိန္တြင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ဝယ္ဇင္ေက်း ႐ြာဘက္မွ ေမာင္းႏွင္လာသည့္ Honda Oddessy အမ်ိဳးအစားအား အၾကမ္းဖက္သ မား(၅)ဦးက ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ ကိုစိုးဝင္းေထြး(၂၂)ႏွစ္ ႏွင့္ အမ်ိဳးသားတစ္ဦးတို႔သည္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားေၾကာင္း သိရသည္။

ထို႔ျပင္ ည ၁၁ နာရီဝန္းက်င္းအခ်ိန္တြင္ ပဲခူးတိုင္း၊ သဲကုန္းၿမိဳ႕နယ္၊ အိုင္းကုန္းေက်း ႐ြာတြင္ေနထိုင္ေသာ ရာအိမ္မႉး ဦးထြန္းထြန္းႏိုင္ (၄၄)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ လမ္းေလွ်ာက္လာသည့္ အၾကမ္းဖက္သမား(၄)ဦးက ၎၏ေနအိမ္အေရွ႕၌ “ထြန္းထြန္းႏိုင္”ရွိလားဟုေမးျမန္းစဥ္ အိမ္ေရွ႕ထြက္ၾကည့္ခဲ့ရာ ေသနတ္ျဖင့္ပစ္ခတ္ထြက္ ေျပးသြားသျဖင့္ က်ည္ေဖာက္ဝင္ဒဏ္ရာႏွစ္ခ်က္ရရွိကာေသဆုံးသြားေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.