အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ Notebook စာအုပ်များကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့ သိမ်းဆည်း

 804

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၉

အမေရိကန်ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FBI ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့အိမ်ကို ရှာဖွေကာ ပစ္စည်းများကို သိမ်းဆည်းချိန်အတွင်း ဂျိုးဘိုင်ဒန် အမေရိကန်ဒုတိယသမ္မတ အဖြစ် တာဝန်ယူချိန်ကာလအတွင်း ရေးမှတ်ထားတဲ့ Notebooks စာအုပ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဟာ ခွဲခြားထားတဲ့ စာရွက်စာတမ်းများ သိမ်းဆည်းထားခြင်း ရှိ/မရှိ ဆိုတဲ့ အချက် နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအစိတ်အပိုင်းအဖြစ် သမ္မတဂျိုးဘိုင်ဒန်ရဲ့အိမ်ကိုရှာဖွေကာ စာရွက်စာတမ်းများကို သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Notebooks ဟာ ခွဲခြားထားတဲ့ စာရွက်စာတမ်းစာရင်းထဲ မပါဝင်ပေမယ့်လည်း အဲဒီ Notebooks ထဲမှာ အမေရိကန်ဒုတိယသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဂျိုးဘိုင်ဒန်ရဲ့ တရားဝင်စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက် တဲ့အကြောင်းအရာအချက်များကို ရေးမှတ်ထားခြင်းဖြစ်သလို သံတမန်ရေး ဆက်သွယ်ဆောင်ရွက်မှုတွေလည်း ရေးမှတ်ထားကြောင်း သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် Notebooks ထဲမှာ အစိုးရအဖွဲ့ဆောင်ရွက်မှုလုပ်ငန်းဆောင်တာများနဲ့ပတ်သက်ပြီး ကိစ္စများကို အသေးစိတ် ရေးသားထားခြင်းမျိုးတော့မရှိကြောင်း၊ ဂျိုးဘိုင်ဒန်မှာ အဲဒီလိုမျိုး Notebooks အများအပြားရှိ ကြောင်း၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ရှေ့နေဖြစ်သူ Bob Bauer က အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးမှာ မဟုတ်ကြောင်း ဆိုပါတယ်။ FBI ဟာ ပြီးခဲ့တဲ့သီတင်းပတ်က Delaware ပြည်နယ် Wilmington မြို့ရှိ သမ္မတဂျိုးဘိုင်ဒန်ရဲ့အိမ်ကို ၁၃ နာရီကြာ စီးနင်းရှာဖွေခဲ့ပြီး၊ လွှတ်တော်အမတ်အဖြစ် တာဝန်ယူချိန်က သိမ်းဆည်းထားတဲ့ စာရွက်စာတမ်းတွေ အပါအဝင် အသိအမှတ်ပြုထားတဲ့စာရွက်စာတမ်းပေါင်း ၆ ခုကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ Notebook စာအုပ္မ်ားကို အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ သိမ္းဆည္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၉

အေမရိကန္ျပည္တြင္းေထာက္လွမ္းေရးအဖြဲ႕ FBI ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕အိမ္ကို ရွာေဖြကာ ပစၥည္းမ်ားကို သိမ္းဆည္းခ်ိန္အတြင္း ဂ်ိဳးဘိုင္ဒန္ အေမရိကန္ဒုတိယသမၼတ အျဖစ္ တာဝန္ယူခ်ိန္ကာလအတြင္း ေရးမွတ္ထားတဲ့ Notebooks စာအုပ္လည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ဟာ ခြဲျခားထားတဲ့ စာ႐ြက္စာတမ္းမ်ား သိမ္းဆည္းထားျခင္း ရွိ/မရွိ ဆိုတဲ့ အခ်က္ နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈအစိတ္အပိုင္းအျဖစ္ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အိမ္ကိုရွာေဖြကာ စာ႐ြက္စာတမ္းမ်ားကို သိမ္းယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Notebooks ဟာ ခြဲျခားထားတဲ့ စာ႐ြက္စာတမ္းစာရင္းထဲ မပါဝင္ေပမယ့္လည္း အဲဒီ Notebooks ထဲမွာ အေမရိကန္ဒုတိယသမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဂ်ိဳးဘိုင္ဒန္ရဲ႕ တရားဝင္စီးပြားေရးလုပ္ငန္းမ်ားနဲ႔ ပတ္သက္ တဲ့အေၾကာင္းအရာအခ်က္မ်ားကို ေရးမွတ္ထားျခင္းျဖစ္သလို သံတမန္ေရး ဆက္သြယ္ေဆာင္႐ြက္မႈေတြလည္း ေရးမွတ္ထားေၾကာင္း သတင္းေတြက ဆိုပါတယ္။

ဒါ့အျပင္ Notebooks ထဲမွာ အစိုးရအဖြဲ႕ေဆာင္႐ြက္မႈလုပ္ငန္းေဆာင္တာမ်ားနဲ႔ပတ္သက္ၿပီး ကိစၥမ်ားကို အေသးစိတ္ ေရးသားထားျခင္းမ်ိဳးေတာ့မရွိေၾကာင္း၊ ဂ်ိဳးဘိုင္ဒန္မွာ အဲဒီလိုမ်ိဳး Notebooks အမ်ားအျပားရွိ ေၾကာင္း၊ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ မိသားစုနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ေရွ႕ေနျဖစ္သူ Bob Bauer က အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ တရားေရးဌာနနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနေၾကာင္း၊ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးမွာ မဟုတ္ေၾကာင္း ဆိုပါတယ္။ FBI ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က Delaware ျပည္နယ္ Wilmington ၿမိဳ႕ရွိ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အိမ္ကို ၁၃ နာရီၾကာ စီးနင္းရွာေဖြခဲ့ၿပီး၊ လႊတ္ေတာ္အမတ္အျဖစ္ တာဝန္ယူခ်ိန္က သိမ္းဆည္းထားတဲ့ စာ႐ြက္စာတမ္းေတြ အပါအဝင္ အသိအမွတ္ျပဳထားတဲ့စာ႐ြက္စာတမ္းေပါင္း ၆ ခုကို သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.