မိုးကောင်းမြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လက်လုပ်မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွား

 476

စော (NP News) - ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အထက်ပါကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရုံး အစည်းအဝေးခန်းမ၏ ဝင်ပေါက်သစ်သားစားပွဲခုံအောက်မှ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့မှ ဆိုထားသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိသော်လည်း ပလပ်စတစ်ထိုင်ခုံ(၅)လုံးနှင့် အမိုးသွပ်အချပ်(၅ဝ)ခန့်ပျက်ဆီးသွားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ရက်၊ နံနက် ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ ၊အောင်ချမ်းသာရပ်ကွက် ခင်ဦး-ရေဦးသွား ကားလမ်းဘေး၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကားလမ်းပေါ်တွင် သွားလာနေသည့် ဒေါ်အိအိဇင်(၃ဝ)နှစ်နှင့် ထနောင်းကျေးရွာတွင်နေထိုင်သူ ဦးစိုးလွင်(၅၁)နှစ်တို့နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် နေ့လည်၂ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာနှင့် လမိုင်းကျေးရွာသွားကားလမ်းပေါ်ရှိ ကော့လူစစ်တံတား‌ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါတံတားသို့ အကြမ်းဖက်သမားသုံးဦးက တောင်ဘုံကျေးရွာဘက်မှ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းတပ်ဆင်ကာ ဖောက်ခွဲခဲ့သဖြင့် အလျား ၇ပေ၊ အနံ ၃ပေခန့်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
မိုးေကာင္းၿမိဳ႕ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး၌ လက္လုပ္မိုင္းႏွစ္လုံးေပါက္ကြဲမႈျဖစ္ပြား
ေစာ (NP News) - ဇန္နဝါရီ ၂၉

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕ရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံး၌ လက္လုပ္မိုင္းႏွစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွသိရသည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၈ ရက္၊ နံနက္ ၆ နာရီခြဲအခ်ိန္တြင္ မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ အထက္ပါကဲ့သို႔ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ႐ုံး အစည္းအေဝးခန္းမ၏ ဝင္ေပါက္သစ္သားစားပြဲခုံေအာက္မွ လက္လုပ္မိုင္း ႏွစ္လုံးေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္းရဲတပ္ဖြဲ႕မွ ဆိုထားသည္။

ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမရွိေသာ္လည္း ပလပ္စတစ္ထိုင္ခုံ(၅)လုံးႏွင့္ အမိုးသြပ္အခ်ပ္(၅ဝ)ခန႔္ပ်က္ဆီးသြားေၾကာင္း သိရသည္။

အလားတူ ဇန္နဝါရီလ ၂၇ရက္၊ နံနက္ ၈ နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕ ၊ေအာင္ခ်မ္းသာရပ္ကြက္ ခင္ဦး-ေရဦးသြား ကားလမ္းေဘး၌ အၾကမ္းဖက္သမားမ်ားက လက္လုပ္မိုင္းတစ္လုံးေထာင္ကာ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ကားလမ္းေပၚတြင္ သြားလာေနသည့္ ေဒၚအိအိဇင္(၃ဝ)ႏွစ္ႏွင့္ ထေနာင္းေက်း႐ြာတြင္ေနထိုင္သူ ဦးစိုးလြင္(၅၁)ႏွစ္တို႔ႏွစ္ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ေန႔လည္၂ နာရီဝန္းက်င္အခ်ိန္တြင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေသာင္ျပင္ေက်း႐ြာႏွင့္ လမိုင္းေက်း႐ြာသြားကားလမ္းေပၚရွိ ေကာ့လူစစ္တံတား‌ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။

အဆိုပါတံတားသို႔ အၾကမ္းဖက္သမားသုံးဦးက ေတာင္ဘုံေက်း႐ြာဘက္မွ ဆိုင္ကယ္တစ္စီးျဖင့္ေရာက္ရွိလာၿပီး လက္လုပ္မိုင္းတပ္ဆင္ကာ ေဖာက္ခြဲခဲ့သျဖင့္ အလ်ား ၇ေပ၊ အနံ ၃ေပခန္႔ပ်က္စီးခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.