စက်သုံးဆီဆိုင်များဖွင့်လှစ်ရန် YP ကုမ္ပဏီထံ ထုတ်ပေးခဲ့သည့် နှစ်(၆ဝ)မြေငှားစာချုပ်များကို ပယ်ဖျက်ကြောင်း ကြေညာ

 1390

ပုံစာ - YP စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်းအားတွေ့ရစဉ်

NP News - ဇန်နဝါရီ ၂၉

NLD အစိုးရလက်ထက်၌ ရန်ကုန်မြို့ရှိ မြေဧကပေါင်း (၇ဝ)ကျော်ကို စက်သုံးဆီဆိုင်များဖွင့်ရန် Yangon Petrol ကုမ္ပဏီထံ ထုတ်ပေးခဲ့သည့် နှစ်(၆ဝ)မြေငှားစာချုပ်များကို ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ယနေ့ (ဇန်နဝါရီလ ၂၉ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

Yangon Petrol ကုမ္ပဏီအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချရန်အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒလမြို့နယ်များရှိ မြေနေရာများအား ဌာနမှ နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်)များ ထုတ် ပေးထားမှုအပေါ်လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်က ကြေညာထားသည်။

အထက်ပါ မြေနေရာများထဲမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ် ကွက်(၆၂)၊ မြေကွက်အမှတ်(၁)၊ ဂရန်စာအုပ်အမှတ်- A 0037058 A၊ ဧရိယာ (၆၃ ဒသမ ၈၉၅)ဧက Golden Star ကုမ္ပဏီအမည်ပေါက်သော နှစ်(၆ဝ)မြေငှားစာချုပ်ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း စည်ပင်က ဆိုသည်။

ထို့ပြင် Yangon Petrol ကုမ္ပဏီအမည်ပေါက်ဖြစ်သော ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁/တိုးချဲ့)၊ မြေကွက်အမှတ်(၆၁၃)၊ ဂရန်စာအုပ်အမှတ်-A 0038147၊ ဧရိယာ(၄ ဒသမ ၉၄၁)ဧက နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်)ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီးဖြစ်ကြောင်း ကြေညာထားသည်။

ဆက်လက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၇)၊ မြေကွက်အမှတ်(၁/က)၊ ဂရန်စာအုပ်အမှတ်-A 0039600 A၊ ဧရိယာ (ဝ ဒသမ ၇၅၂)ဧက၊ Yangon Petrol ကုမ္ပဏီ၏ နှစ်(၆ဝ)မြေငှားစာချုပ်ကိုလည်း ပယ်ဖျက်ထားပြီး ဖြစ်ကြောင်း သိရသည်။

Yangon Petrol ကုမ္ပဏီ၏ အမည်ပေါက်မြေနေရာတစ်ခုဖြစ်သော ဒလမြို့နယ်၊ မြေတိုင်းရပ်ကွက်(၃)၊ မြေကွက်အမှတ် (၁၄၂၄)၊ ဂရန်စာအုပ်အမှတ်- A 0041013 A၊ ဧရိယာ(၁ ဒသမ ၄၁၅)ဧက နှစ်(၆ဝ)မြေငှားစာချုပ်(ဂရန်)ကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ပယ်ဖျက်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်က ကြေညာထားသည်။

အဆိုပါမြေနေရာများကို Yangon Petrol ကုမ္ပဏီအား ပြီးခဲ့သော NLD အစိုးရ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လက်ထက်၌ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YP ကုမ္ပဏီမှ အမည်ပေါက်ရရှိထားသော အထက်ပါမြေနေရာများ၏ နှစ်(၆ဝ) မြေငှားစာချုပ်(ဂရန်)ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ကြေညာထားသော်လည်း မည်သည့်အတွက်ကြောင့် ပယ်ဖျက်ရခြင်းဖြစ်သည်ဆိုသောအကြောင်းအရင်းကို ထည့်သွင်းကာ အသိပေးကြေညာခြင်း မရှိခဲ့ပေ။

zawgyi version
စက္သုံးဆီဆိုင္မ်ားဖြင့္လွစ္ရန္ YP ကုမၸဏီထံ ထုတ္ေပးခဲ့သည့္ ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္မ်ားကို ပယ္ဖ်က္ေၾကာင္း ေၾကညာ
NP News - ဇန္နဝါရီ ၂၉

NLD အစိုးရလက္ထက္၌ ရန္ကုန္ၿမိဳ႕ရွိ ေျမဧကေပါင္း (၇ဝ)ေက်ာ္ကို စက္သုံးဆီဆိုင္မ်ားဖြင့္ရန္ Yangon Petrol ကုမၸဏီထံ ထုတ္ေပးခဲ့သည့္ ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္မ်ားကို ပယ္ဖ်က္ေၾကာင္း ေၾကညာလိုက္သည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပေျမစီမံခန႔္ခြဲမႈဌာနက ယေန႔ (ဇန္နဝါရီလ ၂၉ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

Yangon Petrol ကုမၸဏီအေနျဖင့္ စက္သုံးဆီအေရာင္းဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်ရန္အတြက္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ႏွင့္ ဒလၿမိဳ႕နယ္မ်ားရွိ ေျမေနရာမ်ားအား ဌာနမွ ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္(ဂရန္)မ်ား ထုတ္ ေပးထားမႈအေပၚလုပ္ထုံးလုပ္နည္းႏွင့္အညီ ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္က ေၾကညာထားသည္။

အထက္ပါ ေျမေနရာမ်ားထဲမွ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းရပ္ ကြက္(၆၂)၊ ေျမကြက္အမွတ္(၁)၊ ဂရန္စာအုပ္အမွတ္- A 0037058 A၊ ဧရိယာ (၆၃ ဒသမ ၈၉၅)ဧက Golden Star ကုမၸဏီအမည္ေပါက္ေသာ ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္ကို ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း စည္ပင္က ဆိုသည္။

ထို႔ျပင္ Yangon Petrol ကုမၸဏီအမည္ေပါက္ျဖစ္ေသာ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ေျမတိုင္းရပ္ကြက္(၁/တိုးခ်ဲ႕)၊ ေျမကြက္အမွတ္(၆၁၃)၊ ဂရန္စာအုပ္အမွတ္-A 0038147၊ ဧရိယာ(၄ ဒသမ ၉၄၁)ဧက ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္(ဂရန္)ကိုလည္း လုပ္ထုံးလုပ္နည္းႏွင့္အညီ ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း ေၾကညာထားသည္။

ဆက္လက္ၿပီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းရပ္ကြက္(၁၇)၊ ေျမကြက္အမွတ္(၁/က)၊ ဂရန္စာအုပ္အမွတ္-A 0039600 A၊ ဧရိယာ (ဝ ဒသမ ၇၅၂)ဧက၊ Yangon Petrol ကုမၸဏီ၏ ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္ကိုလည္း ပယ္ဖ်က္ထားၿပီး ျဖစ္ေၾကာင္း သိရသည္။

Yangon Petrol ကုမၸဏီ၏ အမည္ေပါက္ေျမေနရာတစ္ခုျဖစ္ေသာ ဒလၿမိဳ႕နယ္၊ ေျမတိုင္းရပ္ကြက္(၃)၊ ေျမကြက္အမွတ္ (၁၄၂၄)၊ ဂရန္စာအုပ္အမွတ္- A 0041013 A၊ ဧရိယာ(၁ ဒသမ ၄၁၅)ဧက ႏွစ္(၆ဝ)ေျမငွားစာခ်ဳပ္(ဂရန္)ကိုလည္း လုပ္ထုံး လုပ္နည္းႏွင့္အညီ ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ေၾကညာထားသည္။

အဆိုပါေျမေနရာမ်ားကို Yangon Petrol ကုမၸဏီအား ၿပီးခဲ့ေသာ NLD အစိုးရ၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း လက္ထက္၌ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

YP ကုမၸဏီမွ အမည္ေပါက္ရရွိထားေသာ အထက္ပါေျမေနရာမ်ား၏ ႏွစ္(၆ဝ) ေျမငွားစာခ်ဳပ္(ဂရန္)ကို ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီက ေၾကညာထားေသာ္လည္း မည္သည့္အတြက္ေၾကာင့္ ပယ္ဖ်က္ရျခင္းျဖစ္သည္ဆိုေသာအေၾကာင္းအရင္းကို ထည့္သြင္းကာ အသိေပးေၾကညာျခင္း မရွိခဲ့ေပ။

Related news

© 2021. All rights reserved.