အီတလီစွမ်းအင်ကုမ္ပဏီ Eni က လစ်ဗျားနဲ့ ဒေါ်လာ ၈ ဘီလျံတန် ဓာတ်ငွေ့သဘောတူညီမှု လက်မှတ်ရေးထိုး

 326

ရောင်နီ (NP News) - ဇန်နဝါရီ ၂၉

လစ်ဗျားနိုင်ငံရဲ့ အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) ဟာ နိုင်ငံမှာ မလုံခြုံမှုနဲ့ နိုင်ငံရေးမငြိမ်မသက်မှုများ ရှိနေပေမယ့်လည်း ဥရောပသို့ စွမ်းအင်ထောက်ပံ့မှုမြှင့်တင်ဖို့ ရည်ရွယ်ကာ အီတလီစွမ်းအင်ကုမ္ပဏီ Eni နဲ့ ဒေါ်လာ ၈ ဘီလျံ ဓာတ်ငွေ့ထုတ်လုပ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမဲလိုနီက လစ်ဗျားမြို့တော် ထရီပိုလီမှာ ချုပ်ဆိုခဲ့တဲ့ အဆိုပါသဘောတူညီချက်ဟာ လစ်ဗျားပြည်တွင်း ဈေးကွက်အတွက် ဓာတ်ငွေ့ထွက်ရှိမှုနဲ့ ကမ်းလွန်သဘာဝ ဓာတ်ငွေ့နယ်ပယ်နှစ်ခု ဖွံ့ဖြိုး တိုးတက်ရေးမှ တစ်ဆင့် တင်ပို့ရောင်းချဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ရေနံတင်ပို့မှုဟာ ၂ဝ၂၆ ခုနှစ်မှာ စတင်မှာ ဖြစ်ပြီး တစ်နေ့လျှင် ကုဗမီတာ ၂၁ သန်း (၇၅ဝ ကုဗပေ သန်း) ထိ ထုတ်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ Eni က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

"ဒီသဘောတူညီချက်ဟာ လစ်ဗျားနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပံ့ပိုးပေးနိုင်မှာဖြစ် ပြီး၊ Eni ရဲ့အခန်းကဏ္ဍကို နိုင်ငံရဲ့ ဦးဆောင်အော်ပရေတာအဖြစ် အားကောင်းစေကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု နဲ့ အလုပ်အကိုင်ဖန်တီးမှုတွေကို အထောက်အကူဖြစ်စေမှာပါ" လို့ လစ်ဗျားနိုင်ငံရဲ့အမှုဆောင်အရာရှိချုပ် ကလော့ ဒီယိုဒီစ်ကယ်လ်ဇီက ပြောကြားပါတယ်။

မဲလိုနီဟာ လစ်ဗျားဝန်ကြီးချုပ်၊ နိုင်ငံတကာအသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) အကြီးအကဲ အက်ဒူလ်ဟာမတ် ဒီဘိုင်ဘတ်နဲ့လည်း တွေ့ဆုံခဲ့ပြီး မြေထဲပင်လယ်ကိုဖြတ်ကာ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူများ အရေးကိစ္စကိုလည်း အာရုံစိုက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဥရောပနိုင်ငံများဟာ ယူကရိန်းစစ်ပွဲကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း မြောက်အာဖရိကနဲ့ အခြားနေရာများမှ စွမ်းအင် ထောက်ပံ့မှုများနဲ့ ရုရှားဓာတ်ငွေ့ကို အစားထိုးဖို့ ပိုမိုကြိုးပမ်းလာခဲ့ကြပါတယ်။ အီတလီဟာလည်း ယင်းအတွက် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို ဦးဆောင်နေပြီး နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Sonatrach ဟာ နှစ်အတန်ကြာ ကျဆင်းနေတဲ့စွမ်းအင်ထုတ်လုပ်မှုနှုန်းကို ပြောင်းပြန်လှန်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုအသစ်ကို တည်ဆောက်နေပြီဖြစ်ပါတယ်။

Zawgyi Version;
အီတလီစြမ္းအင္ကုမၸဏီ Eni က လစ္ဗ်ားနဲ႔ ေဒၚလာ ၈ ဘီလ်ံတန္ ဓာတ္ေငြ႕သေဘာတူညီမႈ လက္မွတ္ေရးထိုး
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၉

လစ္ဗ်ားႏိုင္ငံရဲ႕ အမ်ိဳးသားေရနံေကာ္ပိုေရးရွင္း (NOC) ဟာ ႏိုင္ငံမွာ မလုံၿခဳံမႈနဲ႔ ႏိုင္ငံေရးမၿငိမ္မသက္မႈမ်ား ရွိေနေပမယ့္လည္း ဥေရာပသို႔ စြမ္းအင္ေထာက္ပံ့မႈျမႇင့္တင္ဖို႔ ရည္႐ြယ္ကာ အီတလီစြမ္းအင္ကုမၸဏီ Eni နဲ႔ ေဒၚလာ ၈ ဘီလ်ံ ဓာတ္ေငြ႕ထုတ္လုပ္မႈသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။

အီတလီဝန္ႀကီးခ်ဳပ္ ေဂ်ာ္ဂ်ီယာမဲလိုနီက လစ္ဗ်ားၿမိဳ႕ေတာ္ ထရီပိုလီမွာ ခ်ဳပ္ဆိုခဲ့တဲ့ အဆိုပါသေဘာတူညီခ်က္ဟာ လစ္ဗ်ားျပည္တြင္း ေဈးကြက္အတြက္ ဓာတ္ေငြ႕ထြက္ရွိမႈနဲ႔ ကမ္းလြန္သဘာဝ ဓာတ္ေငြ႕နယ္ပယ္ႏွစ္ခု ဖြံ႕ၿဖိဳး တိုးတက္ေရးမွ တစ္ဆင့္ တင္ပို႔ေရာင္းခ်ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။ ေရနံတင္ပို႔မႈဟာ ၂ဝ၂၆ ခုႏွစ္မွာ စတင္မွာ ျဖစ္ၿပီး တစ္ေန႔လွ်င္ ကုဗမီတာ ၂၁ သန္း (၇၅ဝ ကုဗေပ သန္း) ထိ ထုတ္လုပ္ေပးႏိုင္မွာျဖစ္တယ္လို႔ Eni က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

"ဒီသေဘာတူညီခ်က္ဟာ လစ္ဗ်ားႏိုင္ငံရဲ႕စြမ္းအင္က႑မွာ အေရးႀကီးတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပံ့ပိုးေပးႏိုင္မွာျဖစ္ ၿပီး၊ Eni ရဲ႕အခန္းက႑ကို ႏိုင္ငံရဲ႕ ဦးေဆာင္ေအာ္ပေရတာအျဖစ္ အားေကာင္းေစကာ ေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္မႈ နဲ႔ အလုပ္အကိုင္ဖန္တီးမႈေတြကို အေထာက္အကူျဖစ္ေစမွာပါ" လို႔ လစ္ဗ်ားႏိုင္ငံရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ကေလာ့ ဒီယိုဒီစ္ကယ္လ္ဇီက ေျပာၾကားပါတယ္။

မဲလိုနီဟာ လစ္ဗ်ားဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံတကာအသိအမွတ္ျပဳ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးအစိုးရ (GNU) အႀကီးအကဲ အက္ဒူလ္ဟာမတ္ ဒီဘိုင္ဘတ္နဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး ေျမထဲပင္လယ္ကိုျဖတ္ကာ ဝင္ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား အေရးကိစၥကိုလည္း အာ႐ုံစိုက္ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဥေရာပႏိုင္ငံမ်ားဟာ ယူကရိန္းစစ္ပြဲေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အတြင္း ေျမာက္အာဖရိကနဲ႔ အျခားေနရာမ်ားမွ စြမ္းအင္ ေထာက္ပံ့မႈမ်ားနဲ႔ ႐ုရွားဓာတ္ေငြ႕ကို အစားထိုးဖို႔ ပိုမိုႀကိဳးပမ္းလာခဲ့ၾကပါတယ္။ အီတလီဟာလည္း ယင္းအတြက္ သဘာဝဓာတ္ေငြ႕အရင္းအျမစ္မ်ားကို ဦးေဆာင္ေနၿပီး ႏိုင္ငံပိုင္စြမ္းအင္ကုမၸဏီ Sonatrach ဟာ ႏွစ္အတန္ၾကာ က်ဆင္းေနတဲ့စြမ္းအင္ထုတ္လုပ္မႈႏႈန္းကို ေျပာင္းျပန္လွန္ဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အပါအဝင္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ပူးေပါင္းမႈအသစ္ကို တည္ေဆာက္ေနၿပီျဖစ္ပါတယ္။

Related news

© 2021. All rights reserved.