သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်မှာ ပစ်ခတ်မှုများဖြစ်ပွား အစ္စရေးနှစ်ဦး ဒဏ်ရာရ

 268

ရောင်နီ (NP News) - ဇန်နဝါရီ ၂၉

သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်မှာ ဇန်နဝါရီ ၂၈ ရက်၊ စနေနေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဟာ လူ ၇ ဦး သေဆုံးခဲ့တဲ့ မြို့တော်ရှိ တရားဇရပ်တစ်ခုအနီး တိုက်ခိုက်ခံရမှုပြီးနောက် တစ်ရက်အကြာမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။

ဂျေရုဆလင်မြို့ဟောင်းအနီးရှိ စီလ်ဝမ်ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၇ နှစ်အရွယ် ဖခင် တစ်ဦးနဲ့ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူမှာ ခန္ဓာကိုယ်အပေါ်ပိုင်း သေနတ်ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ ကြောင်း အစ္စရေးကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ရေးဝန်ဆောင်မှု (MDA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ “အကြမ်းဖက်တိုက်ခိုက်မှု” ဖြစ်ပြီး တိုက်ခိုက်သူဟာ သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုဆလင်မှ အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ ပါလက်စတိုင်း တိုက်ခိုက်သူတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် မြို့စွန်ရှိ တရားဇရပ်တစ်ခုအနီးမှာ လူခုနှစ်ဦး သေဆုံးပြီးနောက် တစ်ရက်အကြာမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်၊ ကြသပတေးနေ့ကလည်း အစ္စရေးဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင် ဒုက္ခသည်စခန်းကို အသေအပျောက်များအောင် စီးနင်းတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၁ဝ ဦး သေဆုံးခဲ့ပြီး နာရီပေါင်း များစွာ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ ၎င်းဟာ ၂ဝဝဝ မှ ၂ဝဝ၅ ခုနှစ် အတွင်း ဒုတိယအကြိမ် (သို့မဟုတ်) လူထုအုံကြွမှုနောက်ပိုင်း သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေး စစ်တပ်ရဲ့အသေအပျောက်အများဆုံး စီးနင်းမှုတစ်ခုဖြစ်ပါတယ်။

ဂျေရုဆလင် မြောက်ပိုင်း အယ်လ်ရမ်မြို့မှာ ဇန်နဝါရီလ ၂၆ ရက်၊ ကြသပတေးနေ့ကပဲ ဖြစ်ပွားခဲ့ သီးခြားဖြစ်ရပ် တစ်ခုအတွင်းမှာလည်း အသက် ၂၂ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးတပ်ဖွဲ့တွေက ပစ်သတ် ခဲ့ကာ ဂါဇာကမ်းမြှောင်ကို ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပါတယ်။

ဒေသခံသတင်းရင်းမြစ်များရဲ့ပြောကြားချက်အရ အစ္စရေးစစ်လေယာဉ်များက နယ်မြေအလယ်ပိုင်းရှိ အယ်လ်မာ ဂါဇီဒုက္ခသည်စခန်းကို ဇန်နဝါရီလ ၂၇ ရက်၊ သောကြာနေ့အစောပိုင်းက အနည်းဆုံး တိုက်ခိုက်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၇ ရက်၊ က လေကြောင်းတိုက်ခိုက်မှုအပြီး ပါလက်စတိုင်း ၄၂ ဦး အဖမ်းခံခဲ့ရ တယ်လို့ ရဲတွေက ပြောပါတယ်။


ဇန်နဝါရီလ ၂၇ရက်၊ သောကြာနေ့က ပစ်ခတ်မှုကို ထည့်မတွက်ရင်တောင် ယခုနှစ်အတွင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း အနည်းဆုံး ၃ဝ ဦး သေဆုံးခဲ့ပြီး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အာဏာ ပိုင်များက အစ္စရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဆိုင်းငံ့ထားရတယ်လို့ သိရပါတယ်။

Zawgyi Version;
သိမ္းပိုက္ထားတဲ့ အေရွ႕ေဂ်႐ုဆလင္မွာ ပစ္ခတ္မႈမ်ားျဖစ္ပြား အစၥေရးႏွစ္ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၉

သိမ္းပိုက္ထားတဲ့ အေရွ႕ေဂ်႐ုဆလင္မွာ ဇန္နဝါရီ ၂၈ ရက္၊ စေနေန႔က ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ လူႏွစ္ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ အဆိုပါပစ္ခတ္တိုက္ခိုက္မႈဟာ လူ ၇ ဦး ေသဆုံးခဲ့တဲ့ ၿမိဳ႕ေတာ္ရွိ တရားဇရပ္တစ္ခုအနီး တိုက္ခိုက္ခံရမႈၿပီးေနာက္ တစ္ရက္အၾကာမွာ ေပၚထြက္လာတာျဖစ္ပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕ေဟာင္းအနီးရွိ စီလ္ဝမ္ရပ္ကြက္မွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အသက္ ၄၇ ႏွစ္အ႐ြယ္ ဖခင္ တစ္ဦးနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ သားျဖစ္သူမွာ ခႏၶာကိုယ္အေပၚပိုင္း ေသနတ္ဒဏ္ရာမ်ား ျပင္းထန္စြာ ရရွိခဲ့ ေၾကာင္း အစၥေရးကယ္ဆယ္ေရး အေရးေပၚတုံ႔ျပန္ေရးဝန္ေဆာင္မႈ (MDA) မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာ ၾကားခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္ဟာ “အၾကမ္းဖက္တိုက္ခိုက္မႈ” ျဖစ္ၿပီး တိုက္ခိုက္သူဟာ သိမ္းပိုက္ထားတဲ့ အေရွ႕ေဂ်႐ုဆလင္မွ အသက္ ၁၃ ႏွစ္အ႐ြယ္ ပါလက္စတိုင္းတစ္ဦးျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါ တယ္။ ပါလက္စတိုင္း တိုက္ခိုက္သူတစ္ဦးရဲ႕ပစ္ခတ္မႈေၾကာင့္ ၿမိဳ႕စြန္ရွိ တရားဇရပ္တစ္ခုအနီးမွာ လူခုႏွစ္ဦး ေသဆုံးၿပီးေနာက္ တစ္ရက္အၾကာမွာ အဆိုပါျဖစ္ရပ္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီလ ၂၆ ရက္၊ ၾကသပေတးေန႔ကလည္း အစၥေရးဟာ သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းရွိ ဂ်ီနင္ ဒုကၡသည္စခန္းကို အေသအေပ်ာက္မ်ားေအာင္ စီးနင္းတိုက္ခိုက္ခဲ့ရာ ပါလက္စတိုင္း ၁ဝ ဦး ေသဆုံးခဲ့ၿပီး နာရီေပါင္း မ်ားစြာ ျပင္းထန္တဲ့ ထိပ္တိုက္ေတြ႕မႈေတြျဖစ္ခဲ့တယ္လို႔ စစ္တပ္က ေျပာပါတယ္။ ၎ဟာ ၂ဝဝဝ မွ ၂ဝဝ၅ ခုႏွစ္ အတြင္း ဒုတိယအႀကိမ္ (သို႔မဟုတ္) လူထုအုံႂကြမႈေနာက္ပိုင္း သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းမွာ အစၥေရး စစ္တပ္ရဲ႕အေသအေပ်ာက္အမ်ားဆုံး စီးနင္းမႈတစ္ခုျဖစ္ပါတယ္။

ေဂ်႐ုဆလင္ ေျမာက္ပိုင္း အယ္လ္ရမ္ၿမိဳ႕မွာ ဇန္နဝါရီလ ၂၆ ရက္၊ ၾကသပေတးေန႔ကပဲ ျဖစ္ပြားခဲ့ သီးျခားျဖစ္ရပ္ တစ္ခုအတြင္းမွာလည္း အသက္ ၂၂ ႏွစ္အ႐ြယ္ ပါလက္စတိုင္းအမ်ိဳးသားတစ္ဦးကို အစၥေရးတပ္ဖြဲ႕ေတြက ပစ္သတ္ ခဲ့ကာ ဂါဇာကမ္းေျမႇာင္ကို ညတြင္းခ်င္း ေလေၾကာင္းတိုက္ခိုက္မႈ အမ်ားအျပားျပဳလုပ္ခဲ့ပါတယ္။

ေဒသခံသတင္းရင္းျမစ္မ်ားရဲ႕ေျပာၾကားခ်က္အရ အစၥေရးစစ္ေလယာဥ္မ်ားက နယ္ေျမအလယ္ပိုင္းရွိ အယ္လ္မာ ဂါဇီဒုကၡသည္စခန္းကို ဇန္နဝါရီလ ၂၇ ရက္၊ ေသာၾကာေန႔အေစာပိုင္းက အနည္းဆုံး တိုက္ခိုက္မႈ ၁၃ ႀကိမ္ ျပဳလုပ္ခဲ့ တယ္လို႔ သိရပါတယ္။ ဇန္နဝါရီလ ၂၇ ရက္၊ က ေလေၾကာင္းတိုက္ခိုက္မႈအၿပီး ပါလက္စတိုင္း ၄၂ ဦး အဖမ္းခံခဲ့ရ တယ္လို႔ ရဲေတြက ေျပာပါတယ္။


ဇန္နဝါရီလ ၂၇ရက္၊ ေသာၾကာေန႔က ပစ္ခတ္မႈကို ထည့္မတြက္ရင္ေတာင္ ယခုႏွစ္အတြင္း တိုက္ခိုက္မႈမ်ားေၾကာင့္ ပါလက္စတိုင္း အနည္းဆုံး ၃ဝ ဦး ေသဆုံးခဲ့ၿပီး သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းမွာ ပါလက္စတိုင္း အာဏာ ပိုင္မ်ားက အစၥေရးနဲ႔ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈအစီအစဥ္ကို ဆိုင္းငံ့ထားရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.