ပီရူးနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၂၅)ဦး သေဆုံး

 362

Pika (NP News) - ဇန်နဝါရီ ၂၉

ခရီးသည်(၆ဝ)ဦး တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ပီရူးနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချောက်ကမ်းပါး တစ်ခုထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၂၅)ဦး သေဆုံးခဲ့ကြောင်း ပီရူးအာဏာပိုင်များ က ပြောကြားခဲ့ သည်။

Qorianka Tours ကုမ္ပဏီမှ ပိုင်ဆိုင်သော ဘတ်စ်ကားသည် လီမာမြို့မှထွက်ခွာကာ အီကွေဒေါနိုင်ငံ နယ်စပ်ရှိ Tumbes မြို့သို့ ဦးတည်သွားခဲ့ခြင်းဖြစ်ပြီး Organos မြို့အနီးသို့ ရောက်ရှိချိန်တွင် ချောက်ကမ်းပါးထဲသို့ ထိုးကျသွား ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ များကို El Alto နှင့် Mancora မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ မတော်တဆမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ဘယ်နှစ်ဦးရှိသည် ဆိုသည့်အချက်ကို အသေးစိတ်ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိကြောင်းလည်း သိရသည်။

မတော်တဆမှုဖြစ်ပွားချိန်အတွင်း ခရီးသည်အများအပြားမှာ ကားပေါ်မှ ပြုတ်ကျကျန်ခဲ့ပြီး ခရီးသည်အချို့မှာ ကားထဲတွင် ပိတ်မိနေခဲ့ကြောင်းလည်းသိရသည်။ ပီရူးနိုင်ငံတွင် ယာဥ်မတော်တဆမှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။ ပီရူးနိုင်ငံတွင် (၂ဝ၁၆) ခုနှစ်အတွင်း ယာဥ်မတော်တဆမှုများဖြစ်ပွားခဲ့ခြင်း‌ ကြောင့် လူပေါင်း(၂၆ဝဝ) ကျော် သေဆုံးခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့သည်၊၊

၂ဝ၁၈ ခုနှစ်တွင် Devil's Curve ဟု လူသိများသော အဝေးပြေးလမ်းကျဥ်းတစ်လျှောက်ရှိ ကျောက်တုံးကမ်းခြေပေါ် သို့ ဘတ်စ်ကားတစ်စီး ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ (၃ဝ) သေဆုံးခဲ့ကြောင်းလည်း သိရသည်၊၊ အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် နောက်ပိုင်းတွင် Devil's Curve ဟု လူသိများသောလမ်းမကို အစိုးရက ပိတ်ထားခဲ့ သဖြင့် ဘတ်စ်ကားသွားလာမှုများ ရပ်တန့်သွားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ပီ႐ူးႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီး ေခ်ာက္ထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူ(၂၅)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၉

ခရီးသည္(၆ဝ)ဦး တင္ေဆာင္လာေသာ ဘတ္စ္ကားတစ္စီးသည္ ပီ႐ူးႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ေခ်ာက္ကမ္းပါး တစ္ခုထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၂၅)ဦး ေသဆုံးခဲ့ေၾကာင္း ပီ႐ူးအာဏာပိုင္မ်ား က ေျပာၾကားခဲ့ သည္။

Qorianka Tours ကုမၸဏီမွ ပိုင္ဆိုင္ေသာ ဘတ္စ္ကားသည္ လီမာၿမိဳ႕မွထြက္ခြာကာ အီေကြေဒါႏိုင္ငံ နယ္စပ္ရွိ Tumbes ၿမိဳ႕သို႔ ဦးတည္သြားခဲ့ျခင္းျဖစ္ၿပီး Organos ၿမိဳ႕အနီးသို႔ ေရာက္ရွိခ်ိန္တြင္ ေခ်ာက္ကမ္းပါးထဲသို႔ ထိုးက်သြား ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိသူ မ်ားကို El Alto ႏွင့္ Mancora ၿမိဳ႕ရွိ ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ အဆိုပါ မေတာ္တဆမႈ‌ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ ဘယ္ႏွစ္ဦးရွိသည္ ဆိုသည့္အခ်က္ကို အေသးစိတ္ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။

မေတာ္တဆမႈျဖစ္ပြားခ်ိန္အတြင္း ခရီးသည္အမ်ားအျပားမွာ ကားေပၚမွ ျပဳတ္က်က်န္ခဲ့ၿပီး ခရီးသည္အခ်ိဳ႕မွာ ကားထဲတြင္ ပိတ္မိေနခဲ့ေၾကာင္းလည္းသိရသည္။ ပီ႐ူးႏိုင္ငံတြင္ ယာဥ္မေတာ္တဆမႈမ်ားသည္ မၾကာခဏ ျဖစ္ပြားေလ့ရွိေၾကာင္းသိရသည္။ ပီ႐ူးႏိုင္ငံတြင္ (၂ဝ၁၆) ခုႏွစ္အတြင္း ယာဥ္မေတာ္တဆမႈမ်ားျဖစ္ပြားခဲ့ျခင္း‌ ေၾကာင့္ လူေပါင္း(၂၆ဝဝ) ေက်ာ္ ေသဆုံးခဲ့ေၾကာင္း CBS သတင္းဌာနက ေဖာ္ျပခဲ့သည္၊၊

၂ဝ၁၈ ခုႏွစ္တြင္ Devil's Curve ဟု လူသိမ်ားေသာ အေဝးေျပးလမ္းက်ဥ္းတစ္ေလွ်ာက္ရွိ ေက်ာက္တုံးကမ္းေျခေပၚ သို႔ ဘတ္စ္ကားတစ္စီး ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ (၃ဝ) ေသဆုံးခဲ့ေၾကာင္းလည္း သိရသည္၊၊ အဆိုပါ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ေနာက္ပိုင္းတြင္ Devil's Curve ဟု လူသိမ်ားေသာလမ္းမကို အစိုးရက ပိတ္ထားခဲ့ သျဖင့္ ဘတ္စ္ကားသြားလာမႈမ်ား ရပ္တန႔္သြားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.