ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ဒုံးကျည်များဖြင့်တိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခု ထိမှန်ခဲ့ပြီး အနည်းဆုံး လူ(၁၄)ဦး သေဆုံးခဲ့

 1169

Pika (NP News) - ဇန်နဝါရီ ၂၉

ဇန်နဝါရီ(၂၈)ရက်၊ အစောပိုင်းက ယူကရိန်းတပ်ဖွဲ့ဝင်များ ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် လူဟန့်စ်ဒေသ အရှေ့ပိုင်း Novoaydar မြို့ရှိ ဆေးရုံတစ်ခုကို ထိမှန်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၄)ဦး သေဆုံးကာ အခြားလူ (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။

လူဟန့်စ်ဒေသ အလယ်ပိုင်းရှိ ရှေ့တန်းစစ်မြေပြင်မှ ကီလိုမီတာများစွာအကွာတွင်ရှိသော ဆေးရုံသည် အရပ်သားများနှင့် စစ်သားများကို ကုသပေးသည့် ဆေးရုံတစ်ခုဖြစ်ကြောင်း သေဆုံးသူများထဲတွင် ဆေးဘက် ဆိုင်ရာဝန်ထမ်းများနှင့် လူနာများ ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "အရပ်သားကျန်းမာရေးစောင့်ရှောက်မှုဌာနကို ဒုံးကျည်နဲ့ တမင်တကာ ပစ်ခတ် တိုက်ခိုက်တာဟာ ယူကရိန်းအစိုးရရဲ့ လုံးဝဆိုးရွားတဲ့ စစ်ရာဇဝတ်မှု တစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်များသည် အမေရိကန်ထုတ် HIMARS ဒုံးကျည်လောင်ချာ အများ အပြားကို အသုံးပြုထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ယင်းဖြစ်ရပ်နောက်ကွယ်တွင် အမေရိကန်နိုင်ငံသည် တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် ဒီမစ်ထရီပိုလီယန်စကီး က စွပ်စွဲပြောဆိုခဲ့သည်။

အရပ်ဖက်အဆောက်အဦးများကို ပစ်ခတ်တိုက်ခိုက်မှုသည် ဆိုးရွားသော ရာဇဝတ်မှုတစ်ခုဖြစ်ပြီး အမေရိကန်မှ ထောက်ပံ့ပေးသော ဒုံးကျည်စနစ်များကြောင့် အရပ်သား(၁၄)ဦး သေဆုံးခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက်များလည်း ပေးပို့ခဲ့ကြောင်း ဒီမစ်ထရီပိုလီယန်စကီး က ပြောဆိုခဲ့ သည်၊၊

ဒီမစ်ထရီပိုလီယန်စကီးက "ဒီလိုလုပ်တာဟာ အမေရိကန်က စစ်ပွဲမှာ တိုက်ရိုက်ပါဝင်နေသလိုပါပဲ" ဟု ပြောဆိုခဲ့ သည်၊၊ ယူကရိန်းတပ်ဖွဲ့ဝင်များသည် အနောက်အုပ်စုနိုင်ငံများက ထောက်ပံ့ပေးသော လက်နက်များ အပါအဝင် ပြည်တွင်းလက်နက်များဖြင့် အရပ်သားအခြေခံအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ရုရှားဖက်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်၊၊

Zawgyi Version;
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား၏ ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံတစ္ခု ထိမွန္ခဲ့ၿပီး အနည္းဆုံး လူ(၁၄)ဦး ေသဆုံးခဲ့
Pika (NP News) - ဇန္နဝါရီ ၂၉

ဇန္နဝါရီ(၂၈)ရက္၊ အေစာပိုင္းက ယူကရိန္းတပ္ဖြဲ႕ဝင္မ်ား ပစ္လႊတ္လိုက္ေသာ ဒုံးက်ည္မ်ားသည္ လူဟန႔္စ္ေဒသ အေရွ႕ပိုင္း Novoaydar ၿမိဳ႕ရွိ ေဆး႐ုံတစ္ခုကို ထိမွန္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၁၄)ဦး ေသဆုံးကာ အျခားလူ (၂၄) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့သည္။

လူဟန႔္စ္ေဒသ အလယ္ပိုင္းရွိ ေရွ႕တန္းစစ္ေျမျပင္မွ ကီလိုမီတာမ်ားစြာအကြာတြင္ရွိေသာ ေဆး႐ုံသည္ အရပ္သားမ်ားႏွင့္ စစ္သားမ်ားကို ကုသေပးသည့္ ေဆး႐ုံတစ္ခုျဖစ္ေၾကာင္း ေသဆုံးသူမ်ားထဲတြင္ ေဆးဘက္ ဆိုင္ရာဝန္ထမ္းမ်ားႏွင့္ လူနာမ်ား ပါဝင္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက "အရပ္သားက်န္းမာေရးေစာင့္ေရွာက္မႈဌာနကို ဒုံးက်ည္နဲ႔ တမင္တကာ ပစ္ခတ္ တိုက္ခိုက္တာဟာ ယူကရိန္းအစိုးရရဲ႕ လုံးဝဆိုး႐ြားတဲ့ စစ္ရာဇဝတ္မႈ တစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။

ပစ္ခတ္တိုက္ခိုက္မႈအတြင္း ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ အေမရိကန္ထုတ္ HIMARS ဒုံးက်ည္ေလာင္ခ်ာ အမ်ား အျပားကို အသုံးျပဳထားေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာဆိုခဲ့သည္။ ယင္းျဖစ္ရပ္ေနာက္ကြယ္တြင္ အေမရိကန္ႏိုင္ငံသည္ တိုက္႐ိုက္ ပါဝင္ပတ္သက္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ ႐ုရွားသံတမန္ ဒီမစ္ထရီပိုလီယန္စကီး က စြပ္စြဲေျပာဆိုခဲ့သည္။

အရပ္ဖက္အေဆာက္အဦးမ်ားကို ပစ္ခတ္တိုက္ခိုက္မႈသည္ ဆိုး႐ြားေသာ ရာဇဝတ္မႈတစ္ခုျဖစ္ၿပီး အေမရိကန္မွ ေထာက္ပံ့ေပးေသာ ဒုံးက်ည္စနစ္မ်ားေၾကာင့္ အရပ္သား(၁၄)ဦး ေသဆုံးခဲ့ေၾကာင္း၊ အေမရိကန္ႏိုင္ငံသည္ ယူကရိန္းကို ေထာက္လွမ္းေရးအခ်က္အလက္မ်ားလည္း ေပးပို႔ခဲ့ေၾကာင္း ဒီမစ္ထရီပိုလီယန္စကီး က ေျပာဆိုခဲ့ သည္၊၊

ဒီမစ္ထရီပိုလီယန္စကီးက "ဒီလိုလုပ္တာဟာ အေမရိကန္က စစ္ပြဲမွာ တိုက္႐ိုက္ပါဝင္ေနသလိုပါပဲ" ဟု ေျပာဆိုခဲ့ သည္၊၊ ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားသည္ အေနာက္အုပ္စုႏိုင္ငံမ်ားက ေထာက္ပံ့ေပးေသာ လက္နက္မ်ား အပါအဝင္ ျပည္တြင္းလက္နက္မ်ားျဖင့္ အရပ္သားအေျခခံအေဆာက္အဦးမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေနသည္ဟု ႐ုရွားဖက္က အႀကိမ္ႀကိမ္စြပ္စြဲေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္၊၊

Related news

© 2021. All rights reserved.