အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၃)ဦး သေဆုံး

 399

Pika (NP News) - ဇန်နဝါရီ ၂၉

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလီမြို့ရှိ ဒေါ်လာသန်းပေါင်းများစွာတန်သည့် ငှားရမ်း နေထိုင်သော နေအိမ်တစ်ခုတွင် ဇန်နဝါရီ(၂၈)ရက်၊ နံနက်အစောပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် လူ(၃)ဦး သေဆုံးခဲ့ပြီး အခြားလူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့များက ထုတ်ပြန်ပြောကြားခဲ့သည်။

ပစ်ခတ်မှုသည် Beverly Crest လူနေရပ်ကွက်တွင် ဇန်နဝါရီ(၂၈)ရက်၊ နံနက် (၂)နာရီ (၃ဝ) မိနစ်အချိန်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊ အဆိုပါပစ်ခတ်မှုသည် ယခုလအတွင်း ကယ်လီဖိုးနီးယား ပြည်နယ်တွင် ခြောက်ကြိမ်မြောက် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်၊၊ ပစ်ခတ်မှုအတွင်း လူ(၃)ဦးသည် ယာဥ်အတွင်းတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလီမြို့ရဲဌာနမှ ရဲမှူး ဖရန့်ခ်ပရီစီအာဒို က ပြောကြားခဲ့သည်၊၊

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသော လူ(၄)ဦးအနက်မှ (၂)ဦးကို သီးသန့်ယာဥ်ဖြင့် နယ်မြေ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြား(၂)ဦးကို အ‌ရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဘရုစ်ဘိုရီဟန်းက‌ ပြောကြားခဲ့သည်၊၊ ထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက်မှ နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေ အနေတွင်ရှိပြီး အခြားလူ(၂)ဦးမှာ တည်ငြိမ်ကောင်းမွန်သည့် အခြေအနေတွင်ရှိကြောင်း ဘရုစ်ဘိုရီဟန်းက ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများ၏ အသက်နှင့် အမျိုးသား (သို့မဟုတ်) အမျိုးသမီးလား ဆိုသည့်အချက်များကို ချက်ချင်း ထုတ်ပြန်ပြောကြားခြင်းမျိုး မရှိကြောင်းလည်း သိရသည်၊၊ ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးသူများ သည် အဆိုပါနေအိမ်တွင် ပါတီပွဲ (သို့မဟုတ်) လူစုဝေးခြင်းများ ရှိခဲ့သလားဆိုသည့်အချက်ကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဘရုစ်ဘိုရီဟန်း က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ပစ္ခတ္မႈထပ္မံျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၃)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၉

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်လီၿမိဳ႕ရွိ ေဒၚလာသန္းေပါင္းမ်ားစြာတန္သည့္ ငွားရမ္း ေနထိုင္ေသာ ေနအိမ္တစ္ခုတြင္ ဇန္နဝါရီ(၂၈)ရက္၊ နံနက္အေစာပိုင္းက ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ လူ(၃)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။

ပစ္ခတ္မႈသည္ Beverly Crest လူေနရပ္ကြက္တြင္ ဇန္နဝါရီ(၂၈)ရက္၊ နံနက္ (၂)နာရီ (၃ဝ) မိနစ္အခ်ိန္က ျဖစ္ပြားခဲ့ ျခင္းျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္၊၊ အဆိုပါပစ္ခတ္မႈသည္ ယခုလအတြင္း ကယ္လီဖိုးနီးယား ျပည္နယ္တြင္ ေျခာက္ႀကိမ္ေျမာက္ ျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္၊၊ ပစ္ခတ္မႈအတြင္း လူ(၃)ဦးသည္ ယာဥ္အတြင္းတြင္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လီၿမိဳ႕ရဲဌာနမွ ရဲမႉး ဖရန႔္ခ္ပရီစီအာဒို က ေျပာၾကားခဲ့သည္၊၊

ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ ထိခိုက္ဒဏ္ရာရရွိေသာ လူ(၄)ဦးအနက္မွ (၂)ဦးကို သီးသန႔္ယာဥ္ျဖင့္ နယ္ေျမ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး အျခား(၂)ဦးကို အ‌ေရးေပၚလူနာတင္ကားျဖင့္ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ ရွိသူ ဘ႐ုစ္ဘိုရီဟန္းက‌ ေျပာၾကားခဲ့သည္၊၊ ထိခိုက္ဒဏ္ရာရရွိသူ ေလးဦးအနက္မွ ႏွစ္ဦးမွာ စိုးရိမ္ရသည့္အေျခ အေနတြင္ရွိၿပီး အျခားလူ(၂)ဦးမွာ တည္ၿငိမ္ေကာင္းမြန္သည့္ အေျခအေနတြင္ရွိေၾကာင္း ဘ႐ုစ္ဘိုရီဟန္းက ေျပာၾကားခဲ့သည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ား၏ အသက္ႏွင့္ အမ်ိဳးသား (သို႔မဟုတ္) အမ်ိဳးသမီးလား ဆိုသည့္အခ်က္မ်ားကို ခ်က္ခ်င္း ထုတ္ျပန္ေျပာၾကားျခင္းမ်ိဳး မရွိေၾကာင္းလည္း သိရသည္၊၊ ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ စုံစမ္းစစ္ေဆးသူမ်ား သည္ အဆိုပါေနအိမ္တြင္ ပါတီပြဲ (သို႔မဟုတ္) လူစုေဝးျခင္းမ်ား ရွိခဲ့သလားဆိုသည့္အခ်က္ကို ဆက္လက္ စုံစမ္း စစ္ေဆးေနဆဲျဖစ္ေၾကာင္း ဘ႐ုစ္ဘိုရီဟန္း က ေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕တြင္ ပစ္ခတ္မႈႏွင့္ပတ္သက္ေသာ သံသယရွိသူမ်ား၏ အခ်က္အလက္မ်ား မရွိေၾကာင္း ဘ႐ုစ္ဘိုရီဟန္း က ေျပာၾကားခဲ့သည္၊၊ ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ စုံစမ္းစစ္ေဆးသူမ်ားသည္ သက္ေသအေထာက္အထားမ်ားကို ရွာေဖြေနခ်ိန္အတြင္း အဆိုပါေနအိမ္တစ္ဝိုက္ကို ပိတ္ဆို႔ထားျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ေမရီလန္းျပည္နယ္ ဘယ္လ္တီမိုးၿမိဳ႕တြင္လည္း ဇန္နဝါရီ(၂၈)ရက္က ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၁)ဦးေသဆုံးကာ၊ အျခားလူ(၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္၊၊ အဆိုပါ ပစ္ခတ္မႈႏွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.