အီရီထရီးယားတပ်ဖွဲ့ဝင်များ အီသီယိုးပီးယားမြေပြင်မှာ ရှိနေသေးကြောင်း အမေရိကန်ပြော

 483

ရောင်နီ (NP News) - ဇန်နဝါရီ ၂၉

အီရီထရီးယားတပ်ဖွဲ့ဝင်များဟာ နယ်စပ်သို့ ဆုတ်ခွာသွားပြီဖြစ်ပေမယ့်လည်း အီသီယိုးပီးယားမြေပြင်ပေါ်မှာ ကျန်ရှိနေသေးကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီလ ၂၈ ရက်၊ စနေနေ့မှာ ပြောကြားခဲ့ပါ တယ်။

မဟာမိတ်ပြည်သူ့စစ်များနဲ့အတူ အီသီယိုးပီးယား အစိုးရတပ်များဟာ မြောက်ပိုင်း တီဂရေးဒေသရှိ ပုန်ကန်နေတဲ့ တပ်များကို ဆန့်ကျင်တဲ့ နှစ်နှစ်ကြာ ပဋိပက္ခအတွင်း အီရီထရီးယားတပ်များနဲ့အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။

သို့ပေမယ့် နိုဝင်ဘာလက အီသီယိုးပီးယားအစိုးရနဲ့ တီဂရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်အရ တီဂရေးမြို့မှ နိုင်ငံခြား တပ်များအားလုံး ရုပ်သိမ်းဆုတ်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။ အီရီထရီးယားနိုင်ငံသားတွေနဲ့ကို သူတို့နယ်စပ်တွေကို ပြန်ပြီး ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ နားလည်ထားပါကြောင်း၊ သို့ပေမယ့် အီသီယိုးပီးယားမြေပြင်မှာ အီရီထရီးယား တပ်များ ကျန်ရှိနေဆဲဖြစ်တယ်လို့ သံသယရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ကင်ညာနိုင်ငံ၊ နိုင်ရိုဘီသို့ သွားရောက်လည်ပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူမဟာ ယင်းအကဲဖြတ်မှုအတွက် မည်သည့်အထောက်အထား (သို့မဟုတ်) အရင်းအမြစ်ကိုမျှ မဖော်ပြခဲ့ဘူးလို့ သိရပါတယ်။ အီရီထရီးယား ပြန်ကြားရေးဝန်ကြီး ရဲမန်ဂီဘရီမက်စကဲလ် ကလည်း အမေရိကန်ရဲ့အကဲဖြတ်မှုကို တုံ့ပြန်ခြင်း မရှိပါဘူးလို့ သိရပါတယ်။ သို့ပေမယ့် အီသီယိုးပီးယား အကြီးတန်းစစ်အရာရှိတစ်ဦးက နိုင်ငံတွင်းမှာ အီရီထရီးယားတပ်ဖွဲ့ဝင်များ မရှိကြောင်း ဆိုကာ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အီရီထရီးယားတပ္ဖြဲ႕ဝင္မ်ား အီသီယိုးပီးယားေျမျပင္မွာ ရွိေနေသးေၾကာင္း အေမရိကန္ေျပာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၉

အီရီထရီးယားတပ္ဖြဲ႕ဝင္မ်ားဟာ နယ္စပ္သို႔ ဆုတ္ခြာသြားၿပီျဖစ္ေပမယ့္လည္း အီသီယိုးပီးယားေျမျပင္ေပၚမွာ က်န္ရွိေနေသးေၾကာင္း အေမရိကန္အႀကီးတန္းအရာရွိတစ္ဦးက ဇန္နဝါရီလ ၂၈ ရက္၊ စေနေန႔မွာ ေျပာၾကားခဲ့ပါ တယ္။

မဟာမိတ္ျပည္သူ႔စစ္မ်ားနဲ႔အတူ အီသီယိုးပီးယား အစိုးရတပ္မ်ားဟာ ေျမာက္ပိုင္း တီဂေရးေဒသရွိ ပုန္ကန္ေနတဲ့ တပ္မ်ားကို ဆန႔္က်င္တဲ့ ႏွစ္ႏွစ္ၾကာ ပဋိပကၡအတြင္း အီရီထရီးယားတပ္မ်ားနဲ႔အတူ တိုက္ပြဲဝင္ခဲ့ၾကပါတယ္။

သို႔ေပမယ့္ ႏိုဝင္ဘာလက အီသီယိုးပီးယားအစိုးရနဲ႔ တီဂေရးတပ္ဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္မႈမ်ား အဆုံးသတ္ဖို႔ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ အဆိုပါသေဘာတူညီခ်က္အရ တီဂေရးၿမိဳ႕မွ ႏိုင္ငံျခား တပ္မ်ားအားလုံး ႐ုပ္သိမ္းဆုတ္ခြာဖို႔ ျဖစ္လာခဲ့ပါတယ္။ အီရီထရီးယားႏိုင္ငံသားေတြနဲ႔ကို သူတို႔နယ္စပ္ေတြကို ျပန္ၿပီး ထြက္ခြာဖို႔ ေတာင္းဆိုထားတယ္လို႔ နားလည္ထားပါေၾကာင္း၊ သို႔ေပမယ့္ အီသီယိုးပီးယားေျမျပင္မွာ အီရီထရီးယား တပ္မ်ား က်န္ရွိေနဆဲျဖစ္တယ္လို႔ သံသယရွိေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး လင္ဒါေသာမတ္ဂရင္းဖီးက ကင္ညာႏိုင္ငံ၊ ႏိုင္႐ိုဘီသို႔ သြားေရာက္လည္ပတ္စဥ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

သူမဟာ ယင္းအကဲျဖတ္မႈအတြက္ မည္သည့္အေထာက္အထား (သို႔မဟုတ္) အရင္းအျမစ္ကိုမွ် မေဖာ္ျပခဲ့ဘူးလို႔ သိရပါတယ္။ အီရီထရီးယား ျပန္ၾကားေရးဝန္ႀကီး ရဲမန္ဂီဘရီမက္စကဲလ္ ကလည္း အေမရိကန္ရဲ႕အကဲျဖတ္မႈကို တုံ႔ျပန္ျခင္း မရွိပါဘူးလို႔ သိရပါတယ္။ သို႔ေပမယ့္ အီသီယိုးပီးယား အႀကီးတန္းစစ္အရာရွိတစ္ဦးက ႏိုင္ငံတြင္းမွာ အီရီထရီးယားတပ္ဖြဲ႕ဝင္မ်ား မရွိေၾကာင္း ဆိုကာ ျငင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.