အီရန်နိုင်ငံတွင် ပြင်းအား(၅ ဒသမ ၉) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ(၇)ဦး သေဆုံး

 440

Pika (NP News) - ဇန်နဝါရီ ၂၉

တူရကီနိုင်ငံ နယ်စပ်အနီး အီရန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇန်နဝါရီ(၂၈)ရက်က ပြင်းအား (၅ ဒသမ ၉) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၇)ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း(၄၄ဝ) နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။

ပြင်းအား(၅ ဒသမ ၉) အဆင့်ရှိသော ငလျင်သည် အဇာဘိုင်ဂျန်ပြည်နယ် ခိုမြို့အနီးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း အီရန်မီဒီယာများ က ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်မှုဒဏ်ခံရသော အချို့နေရာများတွင် နှင်းများကျနေ ကာ အေးခဲနေပြီး၊ လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပွားနေကြောင်း အရေးပေါ်ဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီရန်အရေးပေါ်ဝန်ဆောင်မှုဌာန ပြောရေးဆိုခွင့်ရှိသူ မော့ဂျ်တာဘာက "ခိုမြို့မှာရှိတဲ့ အိမ်တွေနဲ့ အဆောက်အဦး များ ပျက်စီးမှုပမာဏက အတော်လေးမြင့်မားနေပါတယ်" ဟု ပြောဆိုခဲ့သည်။

ငလျင်သည် ပြင်းအား(၅ ဒသမ ၉) အဆင့်ရှိပြီး အနက်(၁ဝ) ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း European Mediterranean ငလျင်ဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံတောင်ပိုင်းတွင် ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လက ပြင်းအား (၆ ဒသမ ၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၅)ဦး သေဆုံးကာ အခြားလူ (၄၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အီရန်နိုင်ငံတွင် မကြာခဏ ပြင်းထန်သော ငလျင်လှုပ်ခတ်မှု အများအပြားဖြစ်ပွားခဲ့ပြီး ငလျင်ပြတ်ရွေ့ကြောများ ဖြတ်သန်းသွားလေ့ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
အီရန္ႏိုင္ငံတြင္ ျပင္းအား(၅ ဒသမ ၉) အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ အနည္းဆုံး လူ(၇)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၉

တူရကီႏိုင္ငံ နယ္စပ္အနီး အီရန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ ဇန္နဝါရီ(၂၈)ရက္က ျပင္းအား (၅ ဒသမ ၉) အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူ(၇)ဦး ေသဆုံးခဲ့ၿပီး၊ လူေပါင္း(၄၄ဝ) နီးပါး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။

ျပင္းအား(၅ ဒသမ ၉) အဆင့္ရွိေသာ ငလ်င္သည္ အဇာဘိုင္ဂ်န္ျပည္နယ္ ခိုၿမိဳ႕အနီးတြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ ေၾကာင္း အီရန္မီဒီယာမ်ား က ေဖာ္ျပခဲ့သည္။ ငလ်င္လႈပ္ခတ္မႈဒဏ္ခံရေသာ အခ်ိဳ႕ေနရာမ်ားတြင္ ႏွင္းမ်ားက်ေန ကာ ေအးခဲေနၿပီး၊ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားလည္း ျဖစ္ပြားေနေၾကာင္း အေရးေပၚဌာနတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အီရန္အေရးေပၚဝန္ေဆာင္မႈဌာန ေျပာေရးဆိုခြင့္ရွိသူ ေမာ့ဂ်္တာဘာက "ခိုၿမိဳ႕မွာရွိတဲ့ အိမ္ေတြနဲ႔ အေဆာက္အဦး မ်ား ပ်က္စီးမႈပမာဏက အေတာ္ေလးျမင့္မားေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ငလ်င္သည္ ျပင္းအား(၅ ဒသမ ၉) အဆင့္ရွိၿပီး အနက္(၁ဝ) ကီလိုမီတာတြင္ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း European Mediterranean ငလ်င္ဗဟိုဌာနက ထုတ္ျပန္ခဲ့သည္။ အီရန္ႏိုင္ငံေတာင္ပိုင္းတြင္ ၂ဝ၂၂ ခုႏွစ္၊ ဇူလိုင္လက ျပင္းအား (၆ ဒသမ ၃) အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၅)ဦး ေသဆုံးကာ အျခားလူ (၄၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အီရန္ႏိုင္ငံတြင္ မၾကာခဏ ျပင္းထန္ေသာ ငလ်င္လႈပ္ခတ္မႈ အမ်ားအျပားျဖစ္ပြားခဲ့ၿပီး ငလ်င္ျပတ္ေ႐ြ႕ေၾကာမ်ား ျဖတ္သန္းသြားေလ့ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.