ပါကစ္စတန်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး တံတားအောက်သို့ထိုးကျခဲ့ပြီး အနည်းဆုံး လူ(၄ဝ)ဦး သေဆုံး

 460

Pika (NP News) - ဇန်နဝါရီ ၂၉

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဇန်နဝါရီ(၂၉)ရက်က ခရီးသည်(၄၈)ဦး တင်ဆောင်ထားသော ဘတ်စ်ကားတစ်စီး တံတားပေါ်မှအောက်သို့ ထိုးကျခဲ့ကာ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၄ဝ)ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့သည်။

ဘလိုခီစတန်ပြည်နယ် လက်စ်ဘဲလာခရိုင် အကြီးတန်းအရာရှိ ဟမ်ဇာအန်ဂျမ် က "သေဆုံးသွားတဲ့အလောင်းတွေ က ဘယ်သူတွေဆိုတာကိုတောင် မမှတ်မိနိုင်တော့ပါဘူး" ဟု ပြောဆိုခဲ့သည်။

ခရီးသည်(၄၈)ဦးကို တင်ဆောင်ထားသော ဘတ်စ်ကားသည် တံတားပေါ်ရှိ တိုင်တစ်ခုကို တိုက်မိကာ တံတား အောက်သို့ထိုးကျခဲ့ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်တွင် လူ(၃)ဦးကို ကယ်ဆယ်ထား နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါဘတ်စ်ကားသည် ဘလိုချီစတန်ပြည်နယ်မြို့တော် Quetta မြို့မှ တောင်ပိုင်းဆိပ်ကမ်းမြို့ ကရာချီမြို့သို့ သွားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဟမ်ဇာအန်ဂျမ်က "ယာဥ်မောင်းက အိပ်ပျော်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လမ်းခရီးမှာ ယာဥ်မောင်းက အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ဒီမတော်တဆမှု ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာကို ကျွန်တော်တို့ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ ဆိုးဆိုးရွားရွားပျက်စီးသွားတဲ့အလောင်းတွေကို ဘယ်သူဆိုတာသိနိုင်ဖို့ ဒီအန်အေစမ်းသပ်မှုတွေ ပြုလုပ်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပါကစ္စတန်နိုင်ငံ တောင်ပိုင်းရှိ ရေများကျနေသော မြောင်းထဲသို့ မီနီဘတ်စ်ကားတစ်စီး ထိုးကျခဲ့ခြင်းကြောင့် ကလေးငယ်(၁၁)ဦး အပါအဝင် လူ(၂ဝ) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း Multan မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဘတ်စ်ကားနှင့် ဆီသယ်ယာဥ်တို့ တိုက်မိခဲ့ခြင်း ကြောင့် လူ(၂ဝ)ဦး သေဆုံးခဲ့ကြောင်းလည်းသိရသည်။

ပါကစ္စတန်နိုင်ငံတွင် ၂ဝ၁၈ ခုနှစ်က ယာဥ်မတော်တဆမှုများကြောင့် သေဆုံးသူဦးရေမှာ (၂၇ဝဝဝ)ကျော်ရှိခဲ့ ကြောင်း WHO အဖွဲ့၏တွက်ချက်မှုများအရ သိရသည်။ ထို့အပြင် ဇန်နဝါရီ(၂၉)ရက်က ပါကစ္စတန်နိုင်ငံ အနောက် မြောက်ပိုင်းတွင် အသက်(၇)နှစ်မှ (၁၄)နှစ်ကြား ကျောင်းသားအယောက်(၃ဝ)ခန့် တင်ဆောင်လာသော လှေတစ်စင်း တိမ်းမှောက်ကာ နစ်မြုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး ကလေးငယ်(၁ဝ)ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ပါကစၥတန္ႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီး တံတားေအာက္သို႔ထိုးက်ခဲ့ၿပီး အနည္းဆုံး လူ(၄ဝ)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၉

ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ ဇန္နဝါရီ(၂၉)ရက္က ခရီးသည္(၄၈)ဦး တင္ေဆာင္ထားေသာ ဘတ္စ္ကားတစ္စီး တံတားေပၚမွေအာက္သို႔ ထိုးက်ခဲ့ကာ မီးေလာင္ကြၽမ္းခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူ(၄ဝ)ဦး ေသဆုံးခဲ့ေၾကာင္း အစိုးရတာဝန္ရွိသူမ်ား က ေျပာၾကားခဲ့သည္။

ဘလိုခီစတန္ျပည္နယ္ လက္စ္ဘဲလာခ႐ိုင္ အႀကီးတန္းအရာရွိ ဟမ္ဇာအန္ဂ်မ္ က "ေသဆုံးသြားတဲ့အေလာင္းေတြ က ဘယ္သူေတြဆိုတာကိုေတာင္ မမွတ္မိႏိုင္ေတာ့ပါဘူး" ဟု ေျပာဆိုခဲ့သည္။

ခရီးသည္(၄၈)ဦးကို တင္ေဆာင္ထားေသာ ဘတ္စ္ကားသည္ တံတားေပၚရွိ တိုင္တစ္ခုကို တိုက္မိကာ တံတား ေအာက္သို႔ထိုးက်ခဲ့ၿပီး မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း လက္ရွိအခ်ိန္တြင္ လူ(၃)ဦးကို ကယ္ဆယ္ထား ႏိုင္ၿပီျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါဘတ္စ္ကားသည္ ဘလိုခ်ီစတန္ျပည္နယ္ၿမိဳ႕ေတာ္ Quetta ၿမိဳ႕မွ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ ကရာခ်ီၿမိဳ႕သို႔ သြားေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ဟမ္ဇာအန္ဂ်မ္က "ယာဥ္ေမာင္းက အိပ္ေပ်ာ္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ လမ္းခရီးမွာ ယာဥ္ေမာင္းက အရွိန္ျပင္းျပင္းေမာင္းႏွင္ခဲ့တာေၾကာင့္လည္း ျဖစ္ႏိုင္ပါ တယ္။ ဒီမေတာ္တဆမႈ ဘာ့ေၾကာင့္ျဖစ္ရတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ဆက္လက္စုံစမ္းစစ္ေဆးေနပါတယ္။ ဆိုးဆိုး႐ြား႐ြားပ်က္စီးသြားတဲ့အေလာင္းေတြကို ဘယ္သူဆိုတာသိႏိုင္ဖို႔ ဒီအန္ေအစမ္းသပ္မႈေတြ ျပဳလုပ္သြားမွာပါ" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလက ပါကစၥတန္ႏိုင္ငံ ေတာင္ပိုင္းရွိ ေရမ်ားက်ေနေသာ ေျမာင္းထဲသို႔ မီနီဘတ္စ္ကားတစ္စီး ထိုးက်ခဲ့ျခင္းေၾကာင့္ ကေလးငယ္(၁၁)ဦး အပါအဝင္ လူ(၂ဝ) ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ ဩဂုတ္လကလည္း Multan ၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္တစ္ခုတြင္ ဘတ္စ္ကားႏွင့္ ဆီသယ္ယာဥ္တို႔ တိုက္မိခဲ့ျခင္း ေၾကာင့္ လူ(၂ဝ)ဦး ေသဆုံးခဲ့ေၾကာင္းလည္းသိရသည္။

ပါကစၥတန္ႏိုင္ငံတြင္ ၂ဝ၁၈ ခုႏွစ္က ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ေသဆုံးသူဦးေရမွာ (၂၇ဝဝဝ)ေက်ာ္ရွိခဲ့ ေၾကာင္း WHO အဖြဲ႕၏တြက္ခ်က္မႈမ်ားအရ သိရသည္။ ထို႔အျပင္ ဇန္နဝါရီ(၂၉)ရက္က ပါကစၥတန္ႏိုင္ငံ အေနာက္ ေျမာက္ပိုင္းတြင္ အသက္(၇)ႏွစ္မွ (၁၄)ႏွစ္ၾကား ေက်ာင္းသားအေယာက္(၃ဝ)ခန႔္ တင္ေဆာင္လာေသာ ေလွတစ္စင္း တိမ္းေမွာက္ကာ နစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ အနည္းဆုံး ကေလးငယ္(၁ဝ)ဦး ေသဆုံးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.