အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာအရေးကို ဆွေးနွေးဖွယ်ရှိနေ

 1075

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၉

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ၂ဝ၂၃ ခုနှစ်တွင် တာဝန်ယူချိန်အတွင်း အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အင်ဒိုနိးရှားဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီ ၃ ရက် နဲ့ ၄ ရက်တို့မှာ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ်မှာ အဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံအတွက် မြန်မာနိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ငံရေးက စိန်ခေါ်မှုဖြစ်လာဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။ အာဆီယံခေါင်းဆောင်များနဲ့နစက ခေါင်းဆောင်များကြားရရှိထားတဲ့ အာဆီယံသဘောတူညီချက်များ တိုးတက်မှု မရှိရင် မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့ မပတ်သက်တဲ့သူကိုသာ ဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ဆုံးဖြတ်ထားကြတာမျိုးဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အရှေ့တီမောနိုင်ငံက ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံး အကြိမ် စေလွှတ်သွားမှာဖြစ်ပါတယ်။ အရှေ့တီမောနိုင်ငံဟာ ပြီးခဲ့သောနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံ (၁၁) နိုင်ငံမြောက်အဖြစ် လက်ခံပေးဖို့ မူအားဖြင့် သဘော တူညီ လက်ခံခွင့်ပြုထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

Zawgyi Version;
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ျမန္မာအေရးကို ေဆြးေႏြးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၉

အင္ဒိုနီးရွားႏိုင္ငံသည္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ ၂ဝ၂၃ ခုႏွစ္တြင္ တာဝန္ယူခ်ိန္အတြင္း အိမ္ရွင္အျဖစ္ ပထမဆုံးအႀကိမ္ လက္ခံက်င္းပမယ့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး ထည့္သြင္း ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အင္ဒိုနိးရွားဟာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို လာမယ့္ ေဖေဖာ္ဝါရီ ၃ ရက္ နဲ႔ ၄ ရက္တို႔မွာ အိမ္ရွင္အျဖစ္ ပထမဆုံးအႀကိမ္ လက္ခံက်င္းပမွာျဖစ္ပါတယ္။

၂ဝ၂၃ ခုႏွစ္မွာ အဆီယံအလွည့္က်ဥကၠ႒အျဖစ္ စတင္တာဝန္ယူမယ့္ အင္ဒိုနီးရွားႏိုင္ငံအတြက္ ျမန္မာႏိုင္ငံေရး ျပႆနာ ေျဖရွင္းႏိုင္ငံေရးက စိန္ေခၚမႈျဖစ္လာဖြယ္ရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။ အာဆီယံေခါင္းေဆာင္မ်ားနဲ႔နစက ေခါင္းေဆာင္မ်ားၾကားရရွိထားတဲ့ အာဆီယံသေဘာတူညီခ်က္မ်ား တိုးတက္မႈ မရွိရင္ ျမန္မာႏိုင္ငံကို အာဆီယံအစည္းအေဝးတက္ေရာက္ခြင့္မေပးဘဲ ႏိုင္ငံေရးနဲ႔ မပတ္သက္တဲ့သူကိုသာ ဖိတ္ၾကားဖို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား ဆုံးျဖတ္ထားၾကတာမ်ိဳးျဖစ္ပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို အေရွ႕တီေမာႏိုင္ငံက ၎တို႔ႏိုင္ငံျခားေရးဝန္ႀကီးကို ပထမဆုံး အႀကိမ္ ေစလႊတ္သြားမွာျဖစ္ပါတယ္။ အေရွ႕တီေမာႏိုင္ငံဟာ ၿပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလက က်င္းပခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ အာဆီယံအဖြဲ႕ရဲ႕ အဖြဲ႕ဝင္ႏိုင္ငံ (၁၁) ႏိုင္ငံေျမာက္အျဖစ္ လက္ခံေပးဖို႔ မူအားျဖင့္ သေဘာ တူညီ လက္ခံခြင့္ျပဳထားတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။

Picture

09883352034

30/01/2023 09:37

ဘက်လိုက်မှုမရှိဖြစ်ပါစေ

Related news

© 2021. All rights reserved.