ယူကရိန်းသို့ တင့်ကားများပေးပို့မည့် အမေရိကန်၏လုပ်ရပ်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

 492

Pika (NP News) - ဇန်နဝါရီ ၃ဝ

ယူကရိန်းနိုင်ငံသို့ တင့်ကားများပေးပို့ရန် ဆုံးဖြတ်ခဲ့သော အမေရိကန်၏ဆုံးဖြတ်ချက်သည် နိုင်ငံတကာ အခြေအနေများကို မတည်မငြိမ်ဖြစ်စေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားက ထပ်မံပြစ်တင်ဝေဖန်ခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေသည်ဆိုသည့် အမေရိကန်၏ စွပ်စွဲချက် သည် ယူကရိန်းအပေါ် ၎င်း၏ကူညီပံ့ပိုးပေးမှုများကို ဖုံးကွယ်ရန်အတွက် လုပ်ဆောင်သော အခြေအမြစ်မရှိသည့် ပြောဆိုချက်တစ်ခုသာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်ရေးရာဒါရိုက်တာ Kwon Chung-keun က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် "ယူကရိန်းကို တင့်ကားတွေပေးပို့ဖို့ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအခြေအနေတွေကို မတည်မငြိမ်ဖြစ်စေရုံသာမက လူသားမျိုးနွယ်အပေါ်ကို ကျူးလွန်နေတဲ့ ရာဇဝတ်မှု မြောက်တဲ့လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ရုရှားဟာ လက်နက်ရောင်းချဖို့ သဘောတူညီခဲ့တယ် ဆိုတဲ့စွပ်စွဲချက်ကလည်း လက်ခံနိုင်ဖွယ်မရှိပါဘူး၊၊ ဒါဟာ လက်တုံ့ပြန်မှုတွေလုပ်ရမည့် ပြင်းထန်တဲ့ ရန်စမှုတစ်ခုပဲ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ဇန်နဝါရီ(၂၈)ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံက ယူကရိန်းကို တင့်ကားများ ပေးပို့ပေးမည့် အမေရိကန်ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်၏လုပ်ရပ်များသည် စည်းကျော်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်သို့ရောက်ရှိနိုင်သော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ အပါအဝင် ဒုံးကျည်အများအပြားပစ်လွှတ်မှုကို စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားသည် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးနျူကလီးယားလက်နက်စမ်းသပ်မှုအတွက် ပြင်ဆင်နေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက သတိပေးပြောဆိုမှုများ ရှိခဲ့သည်။

Zawgyi Version;
ယူကရိန္းသို႔ တင့္ကားမ်ားေပးပို႔မည့္ အေမရိကန္၏လုပ္ရပ္ကို ေျမာက္ကိုရီးယားအစိုးရ ေဝဖန္ျပစ္တင္
Pika (NP News) - ဇန္နဝါရီ ၃ဝ

ယူကရိန္းႏိုင္ငံသို႔ တင့္ကားမ်ားေပးပို႔ရန္ ဆုံးျဖတ္ခဲ့ေသာ အေမရိကန္၏ဆုံးျဖတ္ခ်က္သည္ ႏိုင္ငံတကာ အေျခအေနမ်ားကို မတည္မၿငိမ္ျဖစ္ေစၿပီး လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇဝတ္မႈေျမာက္ေသာ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ေျမာက္ကိုရီးယားက ထပ္မံျပစ္တင္ေဝဖန္ခဲ့သည္။

ေျမာက္ကိုရီးယားသည္ ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ေထာက္ပံ့ေနသည္ဆိုသည့္ အေမရိကန္၏ စြပ္စြဲခ်က္ သည္ ယူကရိန္းအေပၚ ၎၏ကူညီပံ့ပိုးေပးမႈမ်ားကို ဖုံးကြယ္ရန္အတြက္ လုပ္ေဆာင္ေသာ အေျခအျမစ္မရွိသည့္ ေျပာဆိုခ်က္တစ္ခုသာျဖစ္ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အေမရိကန္ေရးရာဒါ႐ိုက္တာ Kwon Chung-keun က ထုတ္ျပန္ခ်က္တစ္ခုတြင္ ေျပာၾကားခဲ့သည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ "ယူကရိန္းကို တင့္ကားေတြေပးပို႔ဖို႔ဆုံးျဖတ္ခဲ့တဲ့ အေမရိကန္ရဲ႕ဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံတကာအေျခအေနေတြကို မတည္မၿငိမ္ျဖစ္ေစ႐ုံသာမက လူသားမ်ိဳးႏြယ္အေပၚကို က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈ ေျမာက္တဲ့လုပ္ရပ္တစ္ခု ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားဟာ လက္နက္ေရာင္းခ်ဖို႔ သေဘာတူညီခဲ့တယ္ ဆိုတဲ့စြပ္စြဲခ်က္ကလည္း လက္ခံႏိုင္ဖြယ္မရွိပါဘူး၊၊ ဒါဟာ လက္တုံ႔ျပန္မႈေတြလုပ္ရမည့္ ျပင္းထန္တဲ့ ရန္စမႈတစ္ခုပဲ ျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ဇန္နဝါရီ(၂၈)ရက္တြင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း၏ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ယူကရိန္းကို တင့္ကားမ်ား ေပးပို႔ေပးမည့္ အေမရိကန္ဆုံးျဖတ္ခ်က္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အေမရိကန္၏လုပ္ရပ္မ်ားသည္ စည္းေက်ာ္ေနၿပီျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။

ေျမာက္ကိုရီးယားသည္ ၿပီးခဲ့သည့္ႏွစ္တြင္ အေမရိကန္သို႔ေရာက္ရွိႏိုင္ေသာ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ ပစ္လႊတ္မႈမ်ား အပါအဝင္ ဒုံးက်ည္အမ်ားအျပားပစ္လႊတ္မႈကို စမ္းသပ္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားသည္ ၂ဝ၁၇ ခုႏွစ္ေနာက္ပိုင္း ၎၏ ပထမဆုံးန်ဴကလီးယားလက္နက္စမ္းသပ္မႈအတြက္ ျပင္ဆင္ေနေၾကာင္း အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတာဝန္ရွိသူမ်ားက သတိေပးေျပာဆိုမႈမ်ား ရွိခဲ့သည္။

Related news

© 2021. All rights reserved.