တောင်ကိုရီးယားထိပ်တန်းမင်းသမီး ဆောင်းဟေကို၏ခင်ပွန်းဟောင်း မင်းသား ဆောင်ဂျွန်ဂီ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာ

 1320

ရောင်နီ (NP News) - ဇန်နဝါရီ ၃ဝ

ကိုရီးယားဒရာမာ Reborn Rich နဲ့ ပြန်လည်ပွဲထွက်လာတဲ့ နာမည်ကျော် မင်းသား ဆောင်ဂျွန်ဂီဟာ ဗြိတိန်မင်းသမီးချော ကေတီလူးဝစ်ဆန်ဒါ နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်းနဲ့ ရင်သွေးလေး ရယူဖို့လည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တနင်္လာနေ့ (ဇန်နဝါရီ ၃ဝ) မှာ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဆောင်ဂျွန်ဂီဟာ ၄◌င်းတို့ရဲ့မင်္ဂလာသတင်းကို ၎င်းရဲ့ fan cafe မှာ ပရိသတ်များထံ ပေးပို့တဲ့ ပေးစာတစ်စောင်နဲ့ အတူ ကြေညာခဲ့တာဖြစ်ပါတယ်။ စာထဲမှာ “ဒီနေ့တော့ အဖိုးတန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ သတင်းတစ်ခုကို မျှဝေချင်ပါတယ်။ ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံး ကျွန်တော့်ကို ပံ့ပိုးကူညီပေးခဲ့သူ ကေတီလူးဝစ်ဆန်ဒါနဲ့အတူ ကုန်ဆုံးမယ်လို့ ကတိပြုထားပါတယ်။ သူမကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာပါပြီ" လို့ အသိပေး ရေးသားခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဆောင်ဂျွန်ဂီက ၎င်းတို့နှစ်ဦးဟာ ပျော်ရွှင်တဲ့မိသားစုဘဝကို အတူတကွဖန်တီးဖို့ စိတ်ကူးယဉ်ထားကြောင်းလည်း "ကျွန်တော်တို့အချင်းချင်းရဲ့ကတိတွေကို ထိန်းထားနိုင်ဖို့ အများကြီး ကြိုးပမ်းခဲ့ပြီး၊ ဘဝသစ်တစ်ခု ဖန်တီးနိုင်ခဲ့တဲ့အတွက် သူမကို ကျေးဇူးတင်ပါတယ်" စာထဲမှာ ပြောကြားခဲ့ပါတယ်။

ဆောင်တို့စုံတွဲဟာ ဇန်နဝါရီလ ၃ဝ ရက်၊ တနင်္လာနေ့မှာ လက်ထပ်ခဲ့ကြပြီး ဇနီးမောင်နှံအဖြစ် ဘဝကို စတင်ခဲ့ကြတာဖြစ်ပါတယ်။
ဆောင် က ၄င်းတို့စုံတွဲဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ချစ်သူ စဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၇ ရက်က စင်္ကာပူမှာ ပြုလုပ်တဲ့ မီဒီယာကွန်ဖရင့်တစ်ခုမှာ သူ့အရင် ရည်းစားနဲ့ ဝန်ထမ်းတွေကို မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆောင်ရဲ့အေဂျင်စီက ဒီဇင်ဘာ ၂၆ ရက်မှာ ပရိသတ်တွေကို သူတို့တွဲနေကြောင်း အရိပ်အမြွတ် ဖော်ပြခဲ့ပေမယ့် ချစ်သူရဲ့အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဆောင်နဲ့ ဆန်ဒါတို့ဟာ ပြီးခဲ့တဲ့နှစ်က နှစ်ဦးနှစ်ဖက် သူငယ်ချင်းများမှတစ်ဆင့် စတင် တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆောင်ဂျွန်ဂီဟာ တောင်ကိုရီးယားကြယ်ပွင့်မင်းသမီး ဆောင်းဟေကိုနဲ့ ၂ဝ၁၇ ခုနှစ်၊ K - drama Descendants Of The Sun မှာ အတူရိုက်ကူးပြီးနောက် လက်ထပ်ခဲ့ကြပြီး အိမ်ထောင်သက် တစ်နှစ်နဲ့ ကိုးလအကြာ ၂ဝ၁၉ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားထိပ္တန္းမင္းသမီး ေဆာင္းေဟကို၏ခင္ပြန္းေဟာင္း မင္းသား ေဆာင္ဂြၽန္ဂီ လက္ထပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၃ဝ

ကိုရီးယားဒရာမာ Reborn Rich နဲ႔ ျပန္လည္ပြဲထြက္လာတဲ့ နာမည္ေက်ာ္ မင္းသား ေဆာင္ဂြၽန္ဂီဟာ ၿဗိတိန္မင္းသမီးေခ်ာ ေကတီလူးဝစ္ဆန္ဒါ နဲ႔ လက္ထပ္လိုက္ၿပီျဖစ္ေၾကာင္းနဲ႔ ရင္ေသြးေလး ရယူဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း တနလၤာေန႔ (ဇန္နဝါရီ ၃ဝ) မွာ လူသိရွင္ၾကား ေၾကညာခဲ့ပါတယ္။

ေဆာင္ဂြၽန္ဂီဟာ ၄◌င္းတို႔ရဲ႕မဂၤလာသတင္းကို ၎ရဲ႕ fan cafe မွာ ပရိသတ္မ်ားထံ ေပးပို႔တဲ့ ေပးစာတစ္ေစာင္နဲ႔ အတူ ေၾကညာခဲ့တာျဖစ္ပါတယ္။ စာထဲမွာ “ဒီေန႔ေတာ့ အဖိုးတန္ၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ သတင္းတစ္ခုကို မွ်ေဝခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ က်န္ရွိေနတဲ့ဘဝတစ္ေလွ်ာက္လုံး ကြၽန္ေတာ့္ကို ပံ့ပိုးကူညီေပးခဲ့သူ ေကတီလူးဝစ္ဆန္ဒါနဲ႔အတူ ကုန္ဆုံးမယ္လို႔ ကတိျပဳထားပါတယ္။ သူမကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ ပိုေကာင္းတဲ့လူတစ္ေယာက္ျဖစ္လာပါၿပီ" လို႔ အသိေပး ေရးသားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေဆာင္ဂြၽန္ဂီက ၎တို႔ႏွစ္ဦးဟာ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝကို အတူတကြဖန္တီးဖို႔ စိတ္ကူးယဥ္ထားေၾကာင္းလည္း "ကြၽန္ေတာ္တို႔အခ်င္းခ်င္းရဲ႕ကတိေတြကို ထိန္းထားႏိုင္ဖို႔ အမ်ားႀကီး ႀကိဳးပမ္းခဲ့ၿပီး၊ ဘဝသစ္တစ္ခု ဖန္တီးႏိုင္ခဲ့တဲ့အတြက္ သူမကို ေက်းဇူးတင္ပါတယ္" စာထဲမွာ ေျပာၾကားခဲ့ပါတယ္။

ေဆာင္တို႔စုံတြဲဟာ ဇန္နဝါရီလ ၃ဝ ရက္၊ တနလၤာေန႔မွာ လက္ထပ္ခဲ့ၾကၿပီး ဇနီးေမာင္ႏွံအျဖစ္ ဘဝကို စတင္ခဲ့ၾကတာျဖစ္ပါတယ္။
ေဆာင္ က ၄င္းတို႔စုံတြဲဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ခ်စ္သူ စျဖစ္ခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီး ဒီဇင္ဘာ ၇ ရက္က စကၤာပူမွာ ျပဳလုပ္တဲ့ မီဒီယာကြန္ဖရင့္တစ္ခုမွာ သူ႔အရင္ ရည္းစားနဲ႔ ဝန္ထမ္းေတြကို မိတ္ဆက္ေပးခဲ့တယ္လို႔ သိရပါတယ္။
ေဆာင္ရဲ႕ေအဂ်င္စီက ဒီဇင္ဘာ ၂၆ ရက္မွာ ပရိသတ္ေတြကို သူတို႔တြဲေနေၾကာင္း အရိပ္အႁမြတ္ ေဖာ္ျပခဲ့ေပမယ့္ ခ်စ္သူရဲ႕အမည္ကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။

ေဆာင္နဲ႔ ဆန္ဒါတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္က ႏွစ္ဦးႏွစ္ဖက္ သူငယ္ခ်င္းမ်ားမွတစ္ဆင့္ စတင္ ေတြ႕ဆုံခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။ ေဆာင္ဂြၽန္ဂီဟာ ေတာင္ကိုရီးယားၾကယ္ပြင့္မင္းသမီး ေဆာင္းေဟကိုနဲ႔ ၂ဝ၁၇ ခုႏွစ္၊ K - drama Descendants Of The Sun မွာ အတူ႐ိုက္ကူးၿပီးေနာက္ လက္ထပ္ခဲ့ၾကၿပီး အိမ္ေထာင္သက္ တစ္ႏွစ္နဲ႔ ကိုးလအၾကာ ၂ဝ၁၉ ခုႏွစ္မွာ ကြာရွင္းျပတ္စဲခဲ့ၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.