ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေနေစဥ် ကမ်းပါးပြိုကျမှုကြောင့် အမျိုးသား(၄)ဦး သေဆုံးမှုဖြစ်ပွား

 519

NP News - ဇန်နဝါရီ ၃ဝ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ရေမဆေးကျောက်ရှာဖွေနေစဥ် ကမ်းပါးပြိုကျမှုကြောင့် အမျိုးသား(၄)ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(ဇန်နဝါရီလ ၃ဝ ရက်)၊ နံနက်(၉)နာရီအချိန်ခန့်တွင် ဖားကန့်မြို့ နယ်၊ နမ့်မှော်ကျေးရွာရှိ ကျောက်ရှာဖွေသည့် လုပ်ကွက်ဟောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဖြစ်တာက လုပ်ကွက်ဟောင်းတစ်ခုမှာပေါ့။ သူတို့ကအဲဒီလုပ်ကွက်မှာ ကျောက်တူးနေတုန်း ပေ(၄ဝ)၊ (၅ဝ) လောက်ကနေ ကမ်းပါးပဲ့ကျတာပေါ့။ အဲဒီမှာ သူတို့ပါသွားတာ‌။ (၄)ယောက်ဆုံးသွားပါတယ်”ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ကမ်းပါးပြိုကျမှု‌ကြောင့် သေဆုံးခဲ့သည့် ရေ‌မဆေးကျောက်ရှာဖွေနေသူ အမျိုးသား(၄)ဦးအား မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် လူမှုကူညီရေးအဖွဲ့များမှ ပူးပေါင်း‌၍ (၁)နာရီနီးပါး ရှာဖွေခဲ့ရကြောင်း သိရသည်။

သေဆုံးခဲ့သူ အမျိုးသား(၄)ဦးမှာ အသက်(၃ဝ)ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် မိသားစုများ၏ ခွင့်ပြုချက်အရ ၎င်းတို့အား ဆိပ်မူသုဿန်တွင် သဂြိုလ်ပေးခဲ့ကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။

zawgyi version
ဖားကန႔္၌ ေရမေဆးေက်ာက္ရွာေဖြေနစဥ္ ကမ္းပါးၿပိဳက်မႈေၾကာင့္ အမ်ိဳးသား(၄)ဦး ေသဆုံးမႈျဖစ္ပြား
NP News - ဇန္နဝါရီ ၃ဝ

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕တြင္ ေရမေဆးေက်ာက္ရွာေဖြေနစဥ္ ကမ္းပါးၿပိဳက်မႈေၾကာင့္ အမ်ိဳးသား(၄)ဦးေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၃ဝ ရက္)၊ နံနက္(၉)နာရီအခ်ိန္ခန္႔တြင္ ဖားကန႔္ၿမိဳ႕ နယ္၊ နမ့္ေမွာ္ေက်း႐ြာရွိ ေက်ာက္ရွာေဖြသည့္ လုပ္ကြက္ေဟာင္းတစ္ခုတြင္ ျဖစ္ပြားခဲ့ေၾကာင္း သခၤါလူမႈကူညီေရးအသင္းထံမွ သိရသည္။

“ျဖစ္တာက လုပ္ကြက္ေဟာင္းတစ္ခုမွာေပါ့။ သူတို႔ကအဲဒီလုပ္ကြက္မွာ ေက်ာက္တူးေနတုန္း ေပ(၄ဝ)၊ (၅ဝ) ေလာက္ကေန ကမ္းပါးပဲ့က်တာေပါ့။ အဲဒီမွာ သူတို႔ပါသြားတာ‌။ (၄)ေယာက္ဆုံးသြားပါတယ္”ဟု သခၤါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ကမ္းပါးၿပိဳက်မႈ‌ေၾကာင့္ ေသဆုံးခဲ့သည့္ ေရ‌မေဆးေက်ာက္ရွာေဖြေနသူ အမ်ိဳးသား(၄)ဦးအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားအပါအဝင္ လူမႈကူညီေရးအဖြဲ႕မ်ားမွ ပူးေပါင္း‌၍ (၁)နာရီနီးပါး ရွာေဖြခဲ့ရေၾကာင္း သိရသည္။

ေသဆုံးခဲ့သူ အမ်ိဳးသား(၄)ဦးမွာ အသက္(၃ဝ)ခန႔္ရွိၿပီျဖစ္ၿပီး လက္ရွိတြင္ မိသားစုမ်ား၏ ခြင့္ျပဳခ်က္အရ ၎တို႔အား ဆိပ္မူသုႆန္တြင္ သၿဂိဳလ္ေပးခဲ့ေၾကာင္း သခၤါလူမႈကူညီေရးအသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.