ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေး နှစ် ၄ဝ အတွင်း အလျင်အမြန်ဆုံး ကြီးထွားလာနေ

1150

ရောင်နီ (NP News) - ဇန်နဝါရီ ၃၁
၂ဝ၂၂ ခုနှစ်ကုန်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့စီးပွားရေးဟာ နှစ်ပေါင်း ၄ဝ ကျော်အတွင်း အလျင်အမြန်ဆုံးတိုးတက်မှုဖြစ် လာခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုနဲ့ ငွေကြေးဖောင်းပွမှုမြင့်မားလာမှုများကြောင့် ရှေ့နှစ်များမှာ တော့ ခက်ခဲနိုင်ကြောင်း သတိပေးထားပါတယ်။ စာရင်းအင်းအေဂျင်စီက ဖော်ပြတဲ့ မနီလာရဲ့ စတုတ္ထသုံးလပတ် ခန့်မှန်းချက်မှာ နှစ်စဉ်တိုးတက်မှုနှုန်း ၇.၂ ရာခိုင်နှုန်း၊ Reuters စစ်တမ်းမှာ ဖော်ပြထားတဲ့ အရှိန်အဟုန် ၆.၅ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ပါက တစ်နှစ်တာ တိုးတက်မှုနှုန်းမှာ ၇.၆ ရာခိုင်နှုန်းသို့ တိုးလာကာ ၁၉၇၆ ခုနှစ်နောက်ပိုင်း အလျင်အမြန်ဆုံးဖြစ်လာခဲ့ပါတယ်။
စီးပွားရေးစီမံကိန်းအတွင်းဝန် အာဆီနီရိုဘာလီဆာကန်က နိုင်ငံရဲ့ စတုတ္ထသုံးလပတ် စွမ်းဆောင်ရည်ဟာ ပြင်းထန် သော ပြည်တွင်းဝယ်လိုအား၊ အလုပ်အကိုင်များ မြင့်တက်လာခြင်းရဲ့ အဖူးအပွင့်များဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။
"ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့မြင့်မားသောတိုးတက်မှု လမ်းကြောင်းမှာ ဆက်လက်ရှိနေမယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါ တယ်" လို့ ဘာလီဆာကန်က ကြသပတေးနေ့ မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ စီးပွားရေးပြန်လည်ဖွင့်လှစ်မှုဟာ ဖိလစ်ပိုင်စီးပွားရေးအတွက် ကောင်းကျိုးဖြစ်စေမှာဖြစ်ပြီး ဖိလစ်ပိုင် ပြည်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးလုပ်ဆောင်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ GDP တိုးတက်မှုနှုန်းဟာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိအတွင်း ၂.၄ ရာခိုင်နှုန်းအထိ ရောက်ရှိလာပြီး အစိုးရက ၂ဝ၂၃ ခုနှစ်အတွက် ၎င်းရဲ့ ၆ မှ ၇ ရာခိုင်နှုန်း တိုးတက်မှုရည်မှန်းချက်ကို လိုက်နာဆောင်ရွက်နေပေမယ့်လည်း ယင်းရည်မှန်းချက်ဟာ ပြည့်မီဖို့ မသေချာကြောင်း၊ ယူကရိန်းပဋိပက္ခကြောင့် ယခုနှစ်မှာ ပိုမိုနှေးကွေးမယ်လို့ ခန့်မှန်းရပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှု မူဝါဒကို တင်းကျပ်စေမယ့် စီးပွားရေးလည်းဖြစ်နိုင်ကြောင်း ဘာလီဆာကမ် က ပြောကြားပါတယ်။
Capital Economics ကလည်း ၂ဝ၂၃ ခုနှစ်ဟာ ဖိလစ်ပိုင်အတွက် ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်မယ်လို့ ခန့်မှန်းထား ကြောင်း ငွေဖောင်းပွမှု မြင့်မားမှုနဲ့ ပြည်တွင်းအသုံးစရိတ်ကို ကိုးကားပြီး မှတ်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံရဲ႕ စီးပြားေရး ႏွစ္ ၄ဝ အတြင္း အလ်င္အျမန္ဆုံး ႀကီးထြားလာေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၃၁
၂ဝ၂၂ ခုႏွစ္ကုန္မွာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕စီးပြားေရးဟာ ႏွစ္ေပါင္း ၄ဝ ေက်ာ္အတြင္း အလ်င္အျမန္ဆုံးတိုးတက္မႈျဖစ္ လာခဲ့ေၾကာင္း ေလ့လာသုံးသပ္သူမ်ားက ေျပာၾကားခဲ့ပါတယ္။
သို႔ေပမယ့္ ကမာၻလုံးဆိုင္ရာ စီးပြားေရးေႏွးေကြးမႈနဲ႔ ေငြေၾကးေဖာင္းပြမႈျမင့္မားလာမႈမ်ားေၾကာင့္ ေရွ႕ႏွစ္မ်ားမွာ ေတာ့ ခက္ခဲႏိုင္ေၾကာင္း သတိေပးထားပါတယ္။ စာရင္းအင္းေအဂ်င္စီက ေဖာ္ျပတဲ့ မနီလာရဲ႕ စတုတၳသုံးလပတ္ ခန႔္မွန္းခ်က္မွာ ႏွစ္စဥ္တိုးတက္မႈႏႈန္း ၇.၂ ရာခိုင္ႏႈန္း၊ Reuters စစ္တမ္းမွာ ေဖာ္ျပထားတဲ့ အရွိန္အဟုန္ ၆.၅ ရာခိုင္ႏႈန္းနဲ႔ႏႈိင္းယွဥ္ပါက တစ္ႏွစ္တာ တိုးတက္မႈႏႈန္းမွာ ၇.၆ ရာခိုင္ႏႈန္းသို႔ တိုးလာကာ ၁၉၇၆ ခုႏွစ္ေနာက္ပိုင္း အလ်င္အျမန္ဆုံးျဖစ္လာခဲ့ပါတယ္။
စီးပြားေရးစီမံကိန္းအတြင္းဝန္ အာဆီနီ႐ိုဘာလီဆာကန္က ႏိုင္ငံရဲ႕ စတုတၳသုံးလပတ္ စြမ္းေဆာင္ရည္ဟာ ျပင္းထန္ ေသာ ျပည္တြင္းဝယ္လိုအား၊ အလုပ္အကိုင္မ်ား ျမင့္တက္လာျခင္းရဲ႕ အဖူးအပြင့္မ်ားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါ တယ္။
"ကြၽႏ္ုပ္တို႔ဟာ ကြၽႏ္ုပ္တို႔ရဲ႕ျမင့္မားေသာတိုးတက္မႈ လမ္းေၾကာင္းမွာ ဆက္လက္ရွိေနမယ္လို႔ ကြၽႏ္ုပ္တို႔ယုံၾကည္ပါ တယ္" လို႔ ဘာလီဆာကန္က ၾကသပေတးေန႔ မီဒီယာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ရဲ႕ စီးပြားေရးျပန္လည္ဖြင့္လွစ္မႈဟာ ဖိလစ္ပိုင္စီးပြားေရးအတြက္ ေကာင္းက်ိဳးျဖစ္ေစမွာျဖစ္ၿပီး ဖိလစ္ပိုင္ ျပည္သူေတြရဲ႕ စားနပ္ရိကၡာဖူလုံေရးကို ဦးစားေပးလုပ္ေဆာင္ေနမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားပါတယ္။ GDP တိုးတက္မႈႏႈန္းဟာ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိအတြင္း ၂.၄ ရာခိုင္ႏႈန္းအထိ ေရာက္ရွိလာၿပီး အစိုးရက ၂ဝ၂၃ ခုႏွစ္အတြက္ ၎ရဲ႕ ၆ မွ ၇ ရာခိုင္ႏႈန္း တိုးတက္မႈရည္မွန္းခ်က္ကို လိုက္နာေဆာင္႐ြက္ေနေပမယ့္လည္း ယင္းရည္မွန္းခ်က္ဟာ ျပည့္မီဖို႔ မေသခ်ာေၾကာင္း၊ ယူကရိန္းပဋိပကၡေၾကာင့္ ယခုႏွစ္မွာ ပိုမိုေႏွးေကြးမယ္လို႔ ခန္႔မွန္းရၿပီး ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာျခင္းေၾကာင့္ ေငြေၾကးေဖာင္းပြမႈ မူဝါဒကို တင္းက်ပ္ေစမယ့္ စီးပြားေရးလည္းျဖစ္ႏိုင္ေၾကာင္း ဘာလီဆာကမ္ က ေျပာၾကားပါတယ္။
Capital Economics ကလည္း ၂ဝ၂၃ ခုႏွစ္ဟာ ဖိလစ္ပိုင္အတြက္ ခက္ခဲတဲ့ ႏွစ္တစ္ႏွစ္ျဖစ္မယ္လို႔ ခန္႔မွန္းထား ေၾကာင္း ေငြေဖာင္းပြမႈ ျမင့္မားမႈနဲ႔ ျပည္တြင္းအသုံးစရိတ္ကို ကိုးကားၿပီး မွတ္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။