နစက(၂)နှစ်ပြည့်နေ့၌ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဒုတိယဝန်ကြီးချုပ်(၅)ဦးအထိ ခန့်အပ်ခဲ့ပြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် ဝန်ကြီး(၄)ဦး အပြောင်းအလဲဖြစ်

 2397

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁

နစကအစိုးရ (၂)နှစ်ပြည့်နေ့ရက် ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း လိုက်ပြီး ဒုတိယဝန်ကြီးချုပ်(၅)ဦးအထိ တိုးမြှင့်ခန့်အပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား အတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော နိုင်ငံတော်ဖြစ်ထွန်းရေးကို ရည်မှန်း ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း နစကဘက်က ဆိုထားသည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းအစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဆက်လက်တာဝန်ယူမည့် အပြင် နောက်ထပ် ဒုတိယဝန်ကြီးချုပ်(၄)ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့သည် အစိုးရ အဖွဲ့တွင် ဒုတိယဝန် ကြီးချုပ်များအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဝဏ္ဏမောင်လွင်သည် ယခုနစကမှ ပြင်ဆင်ဖွဲ့စည်းလိုက် သည့်အစိုးရအဖွဲ့တွင် ပါဝင်လာခြင်းမရှိတော့ဘဲ ၎င်း၏နေရာတွင် ဦးသန်းဆွေက တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ယခုပြင်ဆင်လိုက်သည့်အစိုးရအဖွဲ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၏ နေရာတွင် ဝန်ကြီးအဖြစ် Jeng Phang နော်တောင်က တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း နစကထံမှ သိရသည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဦးမင်းနောင်က တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြင်ဆင်ဖွဲ့စည်းလိုက်သည့်အစိုးရအဖွဲ့တွင် အခြားသော ဝန်ကြီးဌာနများမှ ဝန်ကြီးများအနေဖြင့် ယခင်ပုံမှန် အတိုင်း သာ ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရအနေဖြင့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နောက်ထပ် (၆)လ နိုင်ငံတော်တာဝန်ထမ်းများကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Zawgyi Version;
နစက(၂)ႏွစ္ျပည့္ေန႔၌ အစိုးရအဖြဲ႕ကို ျပင္ဆင္ဖြဲ႕စည္းခဲ့ရာ ဒုတိယဝန္ႀကီးခ်ဳပ္(၅)ဦးအထိ ခန႔္အပ္ခဲ့ၿပီး ဦးဝဏၰေမာင္လြင္ အပါအဝင္ ဝန္ႀကီး(၄)ဦး အေျပာင္းအလဲျဖစ္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁

နစကအစိုးရ (၂)ႏွစ္ျပည့္ေန႔ရက္ ယေန႔ (ေဖေဖာ္ဝါရီ ၁ ရက္) တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို ျပင္ဆင္ဖြဲ႕စည္း လိုက္ၿပီး ဒုတိယဝန္ႀကီးခ်ဳပ္(၅)ဦးအထိ တိုးျမႇင့္ခန႔္အပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး၏ အက်ိဳးစီးပြား အတြက္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ၿပီး စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ႏိုင္ငံေတာ္ျဖစ္ထြန္းေရးကို ရည္မွန္း ေဆာင္႐ြက္ရန္အတြက္ အစိုးရအဖြဲ႕ကို ျပင္ဆင္ဖြဲ႕စည္းျခင္းျဖစ္ေၾကာင္း နစကဘက္က ဆိုထားသည္။

ျပင္ဆင္ဖြဲ႕စည္းလိုက္ေသာ အစိုးရအဖြဲ႕တြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆက္လက္ တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

ထို႔ျပင္ ၎အစိုးရအဖြဲ႕တြင္ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ဆက္လက္တာဝန္ယူမည့္ အျပင္ ေနာက္ထပ္ ဒုတိယဝန္ႀကီးခ်ဳပ္(၄)ဦးကိုလည္း ခန႔္အပ္တာဝန္ေပးခဲ့ေၾကာင္း သိရသည္။

ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးဝင္းရွိန္တို႔သည္ အစိုးရ အဖြဲ႕တြင္ ဒုတိယဝန္ ႀကီးခ်ဳပ္မ်ားအျဖစ္ ပူးတြဲတာဝန္ထမ္းေဆာင္မည္ျဖစ္သည္။

ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဦးဝဏၰေမာင္လြင္သည္ ယခုနစကမွ ျပင္ဆင္ဖြဲ႕စည္းလိုက္ သည့္အစိုးရအဖြဲ႕တြင္ ပါဝင္လာျခင္းမရွိေတာ့ဘဲ ၎၏ေနရာတြင္ ဦးသန္းေဆြက တာဝန္ထမ္းေဆာင္မည္ျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ယခုျပင္ဆင္လိုက္သည့္အစိုးရအဖြဲ႕တြင္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္၏ ေနရာတြင္ ဝန္ႀကီးအျဖစ္ Jeng Phang ေနာ္ေတာင္က တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း နစကထံမွ သိရသည္။

အလားတူ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၏ ဝန္ႀကီးအျဖစ္ ဦးမင္းေနာင္က တာဝန္ ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ယေန႔ ျပင္ဆင္ဖြဲ႕စည္းလိုက္သည့္အစိုးရအဖြဲ႕တြင္ အျခားေသာ ဝန္ႀကီးဌာနမ်ားမွ ဝန္ႀကီးမ်ားအေနျဖင့္ ယခင္ပုံမွန္ အတိုင္း သာ ဆက္လက္တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရအေနျဖင့္ ယေန႔ ေဖေဖာ္ဝါရီ ၁ ရက္မွစ၍ ေနာက္ထပ္ (၆)လ ႏိုင္ငံေတာ္တာဝန္ထမ္းမ်ားကို ဆက္လက္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

Picture

MgThetlin

01/02/2023 21:43

ဘာတွေဆက်ဖြစ်အုန်းမယ်မသိဘူး

Picture

Khaing Thandar Nyunt

02/02/2023 05:44

ဟိုတယ်ခရီးဝန်ကြီးလည်းပြောင်း

Related news

© 2021. All rights reserved.