ကမ္ဘာ့အချမ်းသာဆုံး မျက်လှည့်ဆရာကြီး ဒေးဗစ်ဒ် ကော့ပါးဖီးလ်ဒ် အကြောင်းတစေ့တစောင်း

 1211

ဝတီ (NP News) - ဖေဖော်ဝါရီ ၂

ဒေးဗစ်ဒ် ကော့ပါးဖီးလ်ဒ် (David Copperfield) ဟာ အမေရိကန်လူမျိုးမျက်လှည့် ဆရာကြီးဖြစ်ပြီး သမိုင်းတလျှောက်အအောင်မြင်ဆုံး မျက်လှည့်ပညာရှင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

သူဟာ ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှာ မွေးဖွားတာဖြစ်လို့အခုဆိုရင်အသက် ၆၆ နှစ်ရှိသွားပါပြီ။ တစ်နေ့မှာ ကမ္ဘာကျော်ဖြစ်လာမယ့် သူဟာ အသက် ၁ဝ အရွယ်မှာ မျက်လှည့်ပညာကို စတင်သင်ယူခဲ့ပါတယ်။ မျက်လှည့်ပညာကို အရူးအမူးလေ့လာ ဆည်းပူးလိုက်တာ အသက် ၁၂ နှစ်အရွယ်မှာတော့ သူဟာအမေရိကန်မျက်လှည့်ပညာရှင်အဖွဲ့ (Society of American Magicians)ထဲ ဝင်ခွင့်ရသွားပါတော့တယ်။ သူဟာ အဲဒီအဖွဲ့အစည်းကြီးထဲ ဝင်ခွင့်ရသွားသူတွေထဲမှာ အသက် အငယ်ဆုံးပါ။ သူက အပေါင်းအသင်းတွေရအောင်၊ ကောင်မလေးတွေနဲ့ဆုံခွင့်ရ အောင်ဆိုပြီး မျက်လှည့်ပညာကို စလေ့လာဖြစ်ခဲ့တာပါ။

မျက်လှည့်ပညာကို အဲဒီရည်ရွယ်ချက်နဲ့ စတင် ဆည်းပူးခဲ့တာဖြစ်ပေမယ့် တဖြည်း ဖြည်းနဲ့အရမ်းစိတ်ဝင်စားလာပြီး ကျွမ်းကျင်လာလိုက်တာ အသက် ၁၆ နှစ်အရွယ်လေးမှာပဲ နယူးယောက်တက္ကသိုလ် (New York University)မှာ မျက်လှည့်ပညာ ရပ်ကို သင်ကြားပြသခွင့်ရသွားပါတော့တယ်။ အဲဒီနောက် သုံးလေးနှစ်အကြာမှာပဲ သူဟာ ထိပ်တန်းရုပ်သံလိုင်းတွေဖြစ်တဲ့ အေဘီစီ (ABC) နဲ့ စီဘီအက်စ် (CBS) မှာ မျက်လှည့်ပွဲတွေ အများကြီးတင်ဆက်ခွင့်ရသွားခဲ့ပါတယ်။ အဲဒီမှာ သူဟာနိုင်ငံ ကျော် မျက်လှည့်ဆရာ ဖြစ်လာပါတော့တယ်။

ဒါ့ပြင် ၁၉၈ဝ ခုနှစ်မှာတော့ Terror Train ဆိုတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရသွားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာလည်း သူဟာ ဒိုင်လူကြီးအနေနဲ့ဖြစ်စေ၊ အထူးဖိတ်ကြားခံထားရတဲ့ ဧည့်သည်အနေနဲ့ဖြစ်စေ ရုပ်သံလိုင်းကြီးတွေမှာ မကြာခဏ ပါရပါတယ်။ သူ့မျက်လှည့်ကွက်တွေထဲမှာ နာမည်ကြီး မျက် လှည့်ပြကွက်တွေ အများကြီးရှိပေမယ့် အထင်ရှားဆုံးကတော့ ၁၉၈၃ ခုနှစ်မှာ
ပြသသွားခဲ့တဲ့ လွတ်လပ်ရေး ရုပ်တုကြီး (the vanishing and reappearance of the Statue of Liberty)ပျောက်သွားပြီး ပြန်ပေါ်လာပုံပါပဲ။ အဲဒီရုပ်တုကြီးဟာ အမြင့်ပေ ၃၁ဝ ရှိတာပါ။ အဲဒီလောက် ကြီးမားလှတဲ့ ရုပ်တုကြီးကို သူကပျောက် အောင် လုပ်ပြနိုင်ရုံသာမက ပြန်ပေါ်အောင်ပါလုပ်ပြခဲ့ပါသေးတယ်။

အဲဒီပြကွက်ရဲ့ ရည်ရွယ်ချက်ကိုလည်း သူက သေသေချာချာပြောပြသွားခဲ့ပါသေးတယ်။ "အခု ရရှိထားတဲ့ လွတ်လပ်ခွင့်တွေ မရှိတော့ဘူးဆိုရင် ဘယ်လိုမျိုး ဖြစ်သွားမလဲဆိုတာပရိသတ်တွေကို တွေးကြည့်စေချင်လို့ ဒီပြကွက်ကို ဖန်တီးတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေဟာ ဒီလွတ်လပ်ခွင့်တွေ၊ အခွင့်အ ရေးတွေကို ခံစားခွင့်မရခဲ့ကြဘဲ ကျွန်တော်တို့လက်ထက်မှာကျမှ ခံစားခွင့်ရတယ်၊ ဒါ့ပြင် နောင်လာနောက်သားတွေ အားလုံးလည်းခံစားခွင့်ရကြမှာပါပဲ။ ဒါကြောင့် လွတ်လပ်ခွင့်ရဲ့တန်ဖိုးကိုသတိထားမိစေချင်ပါတယ်"လို့ ရုပ်တုကြီးကို ပြန်ပေါ်အောင်လုပ်လိုက်အပြီးမှာ သူက ပြောပြသွားခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ သူက အမျိုးသမီးတစ်ယောက်ကို လွှနဲ့အလယ်ကနေ အသည်းထိတ်စရာ ပိုင်းဖြတ်(sawing a woman in half illusion) ပြခဲ့ပါသေးတယ်။ ၂ဝဝ၁ ခုနှစ်
မှာတော့ သူက ကမ္ဘာကျော် အဆိုတော်မင်းသမီးချော ဂျနီဖာလိုပက်ဇ် (Jennifer Lopez)ကို လွှကြီးနဲ့ ခြောက်ပိုင်း ပိုင်းဖြတ်ပြလိုက်ပါသေးတယ်။ ၂ဝဝ၉ ခုနှစ်တုန်းကလည်း မျက်လှည့်ဆရာကြီးက နာမည်ကျော်အဆိုတော်မလေး တေလာဆွစ်ဖ် (Taylor Swift) ကိုဖောက်ထွင်းမြင်နေရတဲ့ ဓာတ်လှေကားထဲမှာထည့်ထားပြီး လွှနဲ့
ပိုင်းဖြတ်ပြပြန်ခဲ့ပါသေးတယ်။

၂ဝဝ၆ ခုနှစ်တုန်းကတော့ သူက ဘဟားမားစ် (The Bahamas)ဆိုတဲ့ ကျွန်းနိုင်ငံမှာ မူရှာကေး (Musha Cay)ဆိုတဲ့ ကျွန်းတွေကိုဝယ်လိုက်ပြီး အဲဒီကျွန်းတွေပေါ်မှာ ဇိမ်ခံအပန်းဖြေစခန်းတွေ ဆောက်လုပ်လိုက်ပါတယ်။ အင်မတန် ချမ်းသာတဲ့ လူတွေမှသာ အဲဒီအပန်းဖြေစခန်းတွေမှာ သွားရောက်အပန်းဖြေနိုင်တာပါ။

သူဟာ ၁၉၉၃ ခုနှစ်မှာတုန်းက ဂျာမန် စူပါမော်ဒယ် ကလော်ဒီယာရှစ်ဖာ (Claudia Schiffer)နဲ့ ချစ်ကြိုက်သွားခဲ့ပြီး သူတို့ဟာ ၁၉၉၄ ခုနှစ်မှာစေ့စပ်လိုက်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မျက်လှည့်ဆရာကြီးရဲ့မျက်လှည့်ပြကွက်တွေမှာ စူပါမော်ဒယ်က အတော်လေးအားဖြည့်ပါဝင်ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ယောက်သား လမ်းခွဲလိုက်ပါတော့တယ်။ ၂ဝ၁ဝ ခုနှစ်မှာတော့ ဒေးဗစ်ဒ်ကော့ပါးဖီးလ်ဒ်ထက် အသက် ၂၈ နှစ်ငယ်တဲ့ပြင်သစ်မော်ဒယ် ခလိုဝီ ဂေါ့စီလင် (Chloe Gosselin) က သူနဲ့ရတဲ့သမီးလေးကို မွေးဖွားလိုက်ပါတယ်။ ဒီသတင်းကို ကာယကံ ရှင်တွေကပိပိရိရိ ဖုံးဖိထားခဲ့ကြလို့ ၂ဝ၁၁ ခုနှစ်ကျမှ သတင်းပေါက်ကြားလာခဲ့တာပါ။ အခုတော့ ကမ္ဘာ့အချမ်းသာဆုံး မျက်လှည့်ဆရာကြီး ဒေးဗစ်ဒ်ကော့ပါးဖီးလ်ဒ်မှာ ကလေး သုံးယောက် ရှိနေပါပြီ။ သူဟာမျက်လှည့်ဆရာ လုပ်သက် နှစ်ပေါင်း ၄ဝ ကျော်အတွင်းမှာ ဂင်းနစ်ကမ္ဘာ့စံချိန်ပေါင်း ၁၁ ခု တင်နိုင်ခဲ့ပြီး နာမည်ကျော် ဟောလီဝုဒ်လျှောက်လမ်း (Hollywood walk of fame)မှာလည်းကြယ်ပွင့်နဲ့ ဂုဏ်ပြု ခံထားရသလို ပြင်သစ်အစိုးရ ဂုဏ်ပြုဆု ချီးမြှင့်တာကိုလည်း ခံထားရပါတယ်။ ဒါ့အပြင် အမေရိကန် ကွန်ဂရက်စ် စာကြည့်တိုက် (US Library of Congress) ကလည်း သူ့ကိုသမိုင်းတွင် လောက်အောင် ထင်ရှားတဲ့ မျက်လှည့်ဆရာကြီးအဖြစ် သတ်မှတ်ထားပါတယ်။

သူဟာ ဒေါ်လာ တစ်ဘီလျံ (1 billion)လောက်အထိ ကြွယ်ဝချမ်းသာနေပြီလို့ သ တင်းတွေက ဆိုပါတယ်။ မျက်လှည့်အလုပ်တွေ မလုပ်တဲ့အချိန်မှာဆို သူက သူ့ကျွန်းက အပန်းဖြေစခန်းတွေကို စီမံခန့်ခွဲပါတယ်။

zawgyi version
ကမာၻ႔အခ်မ္းသာဆုံး မ်က္လွည့္ဆရာႀကီး ေဒးဗစ္ဒ္ ေကာ့ပါးဖီးလ္ဒ္ အေၾကာင္းတေစ့တ ေစာင္း
ဝတီ (NP News) - ေဖေဖာ္ဝါရီ ၂

ေဒးဗစ္ဒ္ ေကာ့ပါးဖီးလ္ဒ္ (David Copperfield) ဟာ အေမရိကန္လူမ်ိဳးမ်က္လွည့္ ဆရာႀကီးျဖစ္ၿပီး သမိုင္းတေလွ်ာက္အေအာင္ျမင္ဆုံး မ်က္လွည့္ပညာရွင္အျဖစ္ သတ္မွတ္ခံထားရပါတယ္။

သူဟာ ၁၉၅၆ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္မွာ ေမြးဖြားတာျဖစ္လို႔အခုဆိုရင္အသက္ ၆၆ ႏွစ္ရွိသြားပါၿပီ။ တစ္ေန႔မွာ ကမာၻေက်ာ္ျဖစ္လာမယ့္ သူဟာ အသက္ ၁ဝ အ႐ြယ္မွာ မ်က္လွည့္ပညာကို စတင္သင္ယူခဲ့ပါတယ္။ မ်က္လွည့္ပညာကို အ႐ူးအမူးေလ့လာ ဆည္းပူးလိုက္တာ အသက္ ၁၂ ႏွစ္အ႐ြယ္မွာေတာ့ သူဟာအေမရိကန္မ်က္လွည့္ပညာရွင္အဖြဲ႕ (Society of American Magicians)ထဲ ဝင္ခြင့္ရသြားပါေတာ့တယ္။ သူဟာ အဲဒီအဖြဲ႕အစည္းႀကီးထဲ ဝင္ခြင့္ရသြားသူေတြထဲမွာ အသက္ အငယ္ဆုံးပါ။ သူက အေပါင္းအသင္းေတြရေအာင္၊ ေကာင္မေလးေတြနဲ႔ဆုံခြင့္ရ ေအာင္ဆိုၿပီး မ်က္လွည့္ပညာကို စေလ့လာျဖစ္ခဲ့တာပါ။

မ်က္လွည့္ပညာကို အဲဒီရည္႐ြယ္ခ်က္နဲ႔ စတင္ ဆည္းပူးခဲ့တာျဖစ္ေပမယ့္ တျဖည္း ျဖည္းနဲ႔အရမ္းစိတ္ဝင္စားလာၿပီး ကြၽမ္းက်င္လာလိုက္တာ အသက္ ၁၆ ႏွစ္အ႐ြယ္ေလးမွာပဲ နယူးေယာက္တကၠသိုလ္ (New York University)မွာ မ်က္လွည့္ပညာ ရပ္ကို သင္ၾကားျပသခြင့္ရသြားပါေတာ့တယ္။ အဲဒီေနာက္ သုံးေလးႏွစ္အၾကာမွာပဲ သူဟာ ထိပ္တန္း႐ုပ္သံလိုင္းေတြျဖစ္တဲ့ ေအဘီစီ (ABC) နဲ႔ စီဘီအက္စ္ (CBS) မွာ မ်က္လွည့္ပြဲေတြ အမ်ားႀကီးတင္ဆက္ခြင့္ရသြားခဲ့ပါတယ္။ အဲဒီမွာ သူဟာႏိုင္ငံ ေက်ာ္ မ်က္လွည့္ဆရာ ျဖစ္လာပါေတာ့တယ္။

ဒါ့ျပင္ ၁၉၈ဝ ခုႏွစ္မွာေတာ့ Terror Train ဆိုတဲ့ သည္းထိတ္ရင္ဖို ႐ုပ္ရွင္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရသြားခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာလည္း သူဟာ ဒိုင္လူႀကီးအေနနဲ႔ျဖစ္ေစ၊ အထူးဖိတ္ၾကားခံထားရတဲ့ ဧည့္သည္အေနနဲ႔ျဖစ္ေစ ႐ုပ္သံလိုင္းႀကီးေတြမွာ မၾကာခဏ ပါရပါတယ္။ သူ႔မ်က္လွည့္ကြက္ေတြထဲမွာ နာမည္ႀကီး မ်က္ လွည့္ျပကြက္ေတြ အမ်ားႀကီးရွိေပမယ့္ အထင္ရွားဆုံးကေတာ့ ၁၉၈၃ ခုႏွစ္မွာ
ျပသသြားခဲ့တဲ့ လြတ္လပ္ေရး ႐ုပ္တုႀကီး (the vanishing and reappearance of the Statue of Liberty)ေပ်ာက္သြားၿပီး ျပန္ေပၚလာပုံပါပဲ။ အဲဒီ႐ုပ္တုႀကီးဟာ အျမင့္ေပ ၃၁ဝ ရွိတာပါ။ အဲဒီေလာက္ ႀကီးမားလွတဲ့ ႐ုပ္တုႀကီးကို သူကေပ်ာက္ ေအာင္ လုပ္ျပႏိုင္႐ုံသာမက ျပန္ေပၚေအာင္ပါလုပ္ျပခဲ့ပါေသးတယ္။

အဲဒီျပကြက္ရဲ႕ ရည္႐ြယ္ခ်က္ကိုလည္း သူက ေသေသခ်ာခ်ာေျပာျပသြားခဲ့ပါေသးတယ္။ "အခု ရရွိထားတဲ့ လြတ္လပ္ခြင့္ေတြ မရွိေတာ့ဘူးဆိုရင္ ဘယ္လိုမ်ိဳး ျဖစ္သြားမလဲဆိုတာပရိသတ္ေတြကို ေတြးၾကည့္ေစခ်င္လို႔ ဒီျပကြက္ကို ဖန္တီးတာျဖစ္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ ဘိုးဘြားဘီဘင္ေတြဟာ ဒီလြတ္လပ္ခြင့္ေတြ၊ အခြင့္အ ေရးေတြကို ခံစားခြင့္မရခဲ့ၾကဘဲ ကြၽန္ေတာ္တို႔လက္ထက္မွာက်မွ ခံစားခြင့္ရတယ္၊ ဒါ့ျပင္ ေနာင္လာေနာက္သားေတြ အားလုံးလည္းခံစားခြင့္ရၾကမွာပါပဲ။ ဒါေၾကာင့္ လြတ္လပ္ခြင့္ရဲ႕တန္ဖိုးကိုသတိထားမိေစခ်င္ပါတယ္"လို႔ ႐ုပ္တုႀကီးကို ျပန္ေပၚေအာင္လုပ္လိုက္အၿပီးမွာ သူက ေျပာျပသြားခဲ့ပါတယ္။

၁၉၈၆ ခုႏွစ္မွာ သူက အမ်ိဳးသမီးတစ္ေယာက္ကို လႊနဲ႔အလယ္ကေန အသည္းထိတ္စရာ ပိုင္းျဖတ္(sawing a woman in half illusion) ျပခဲ့ပါေသးတယ္။ ၂ဝဝ၁ ခုႏွစ္
မွာေတာ့ သူက ကမာၻေက်ာ္ အဆိုေတာ္မင္းသမီးေခ်ာ ဂ်နီဖာလိုပက္ဇ္ (Jennifer Lopez)ကို လႊႀကီးနဲ႔ ေျခာက္ပိုင္း ပိုင္းျဖတ္ျပလိုက္ပါေသးတယ္။ ၂ဝဝ၉ ခုႏွစ္တုန္းကလည္း မ်က္လွည့္ဆရာႀကီးက နာမည္ေက်ာ္အဆိုေတာ္မေလး ေတလာဆြစ္ဖ္ (Taylor Swift) ကိုေဖာက္ထြင္းျမင္ေနရတဲ့ ဓာတ္ေလွကားထဲမွာထည့္ထားၿပီး လႊနဲ႔
ပိုင္းျဖတ္ျပျပန္ခဲ့ပါေသးတယ္။

၂ဝဝ၆ ခုႏွစ္တုန္းကေတာ့ သူက ဘဟားမားစ္ (The Bahamas)ဆိုတဲ့ ကြၽန္းႏိုင္ငံမွာ မူရွာေကး (Musha Cay)ဆိုတဲ့ ကြၽန္းေတြကိုဝယ္လိုက္ၿပီး အဲဒီကြၽန္းေတြေပၚမွာ ဇိမ္ခံအပန္းေျဖစခန္းေတြ ေဆာက္လုပ္လိုက္ပါတယ္။ အင္မတန္ ခ်မ္းသာတဲ့ လူေတြမွသာ အဲဒီအပန္းေျဖစခန္းေတြမွာ သြားေရာက္အပန္းေျဖႏိုင္တာပါ။

သူဟာ ၁၉၉၃ ခုႏွစ္မွာတုန္းက ဂ်ာမန္ စူပါေမာ္ဒယ္ ကေလာ္ဒီယာရွစ္ဖာ (Claudia Schiffer)နဲ႔ ခ်စ္ႀကိဳက္သြားခဲ့ၿပီး သူတို႔ဟာ ၁၉၉၄ ခုႏွစ္မွာေစ့စပ္လိုက္ၾကပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ မ်က္လွည့္ဆရာႀကီးရဲ႕မ်က္လွည့္ျပကြက္ေတြမွာ စူပါေမာ္ဒယ္က အေတာ္ေလးအားျဖည့္ပါဝင္ကူညီခဲ့ပါတယ္။ ဒါေပမဲ့ ၁၉၉၉ ခုႏွစ္မွာ ႏွစ္ေယာက္သား လမ္းခြဲလိုက္ပါေတာ့တယ္။ ၂ဝ၁ဝ ခုႏွစ္မွာေတာ့ ေဒးဗစ္ဒ္ေကာ့ပါးဖီးလ္ဒ္ထက္ အသက္ ၂၈ ႏွစ္ငယ္တဲ့ျပင္သစ္ေမာ္ဒယ္ ခလိုဝီ ေဂါ့စီလင္ (Chloe Gosselin) က သူနဲ႔ရတဲ့သမီးေလးကို ေမြးဖြားလိုက္ပါတယ္။ ဒီသတင္းကို ကာယကံ ရွင္ေတြကပိပိရိရိ ဖုံးဖိထားခဲ့ၾကလို႔ ၂ဝ၁၁ ခုႏွစ္က်မွ သတင္းေပါက္ၾကားလာခဲ့တာပါ။ အခုေတာ့ ကမာၻ႔အခ်မ္းသာဆုံး မ်က္လွည့္ဆရာႀကီး ေဒးဗစ္ဒ္ေကာ့ပါးဖီးလ္ဒ္မွာ ကေလး သုံးေယာက္ ရွိေနပါၿပီ။ သူဟာမ်က္လွည့္ဆရာ လုပ္သက္ ႏွစ္ေပါင္း ၄ဝ ေက်ာ္အတြင္းမွာ ဂင္းနစ္ကမာၻ႔စံခ်ိန္ေပါင္း ၁၁ ခု တင္ႏိုင္ခဲ့ၿပီး နာမည္ေက်ာ္ ေဟာလီဝုဒ္ေလွ်ာက္လမ္း (Hollywood walk of fame)မွာလည္းၾကယ္ပြင့္နဲ႔ ဂုဏ္ျပဳ ခံထားရသလို ျပင္သစ္အစိုးရ ဂုဏ္ျပဳဆု ခ်ီးျမႇင့္တာကိုလည္း ခံထားရပါတယ္။ ဒါ့အျပင္ အေမရိကန္ ကြန္ဂရက္စ္ စာၾကည့္တိုက္ (US Library of Congress) ကလည္း သူ႔ကိုသမိုင္းတြင္ ေလာက္ေအာင္ ထင္ရွားတဲ့ မ်က္လွည့္ဆရာႀကီးအျဖစ္ သတ္မွတ္ထားပါတယ္။

သူဟာ ေဒၚလာ တစ္ဘီလ်ံ (1 billion)ေလာက္အထိ ႂကြယ္ဝခ်မ္းသာေနၿပီလို႔ သ တင္းေတြက ဆိုပါတယ္။ မ်က္လွည့္အလုပ္ေတြ မလုပ္တဲ့အခ်ိန္မွာဆို သူက သူ႔ကြၽန္းက အပန္းေျဖစခန္းေတြကို စီမံခန႔္ခြဲပါတယ္။

Related news

© 2021. All rights reserved.