"ခေါင်းဆောင်ကောင်းတွေရဲ့ဦးဆောင်မှုအောက်မှာ ပိုမိုအားကောင်းလာတဲ့ မြောက်ကိုရီးယားတပ်မတော်" (ဘာသာပြန်ဆောင်းပါး)

 774

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅

လာမယ့်ဖေဖော်ဝါရီလ(၈)ရက်ဟာ မြောက်ကိုရီးယားပြည်သူ့တပ်မတော် (KPA) တည်ထောင်မှု (၇၅)နှစ်ပြည့်ပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ (၇၅)နှစ်တာကာလအတွင်းမှာ အရည်အချင်းပြည့်ဝတဲ့ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုနဲ့အတူ တဖြည်းဖြည်းတောင့်တင်းခိုင်မာလာခဲ့ပါတယ်။ မြောက်ကိုရီးယား သွေးသောက်ရဲဘော်တစ်ဦးဖြစ်တဲ့ ကင်အီဆွန်ဟာ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သူ ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့စစ်ရေးကျူးကျော်မှုတွေကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကင်အီဆွန်ဟာ မြောက်ကိုရီးယားနိုင်ငံကို လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တည်ထောင်ဖို့အတွက် ကြိုတင်လိုအပ်ချက်အဖြစ် အင်အားကြီးမားတဲ့ တပ်မတော်တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ စီစဉ်နေခဲ့ပါတယ်။ ဂျပန်ကျူးကျော်မှုကိုဆန့်ကျင်တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှာ မြောက်ကိုရီးယားတပ်မတော်ကို တည်ထောင်ခဲ့ပါတယ်။

အမေရိကန် နယ်ချဲ့တွေဟာ ၁၉၅ဝ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ပွဲဖြစ်လာစေဖို့ မီးမွှေးခဲ့ပါတယ်။ မြောက်ကိုရီးယားပြည်သူ့တပ်မတော် KPA တည်ထောင်ပြီး နှစ်အနည်းငယ်အကြာမှာ ကိုရီးယားကျွန်းဆွယ်၌ စစ်ပွဲဖြစ် ပွားလာခဲ့တာလည်းဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲဟာ (၃)နှစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ ကိုရီးယားကျွန်းဆွယ်စစ်ပွဲအတွင်း သမိုင်းဝင်ကြီးမားတဲ့အောင်ပွဲကို ရရှိခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့စစ်ရေးအရ ကျူးကျော်ရန်စမှုတွေကို စိတ်ဆိုးဒေါသဖြစ်နေခဲ့ကာ နိုင်ငံအတွင်း ဆိုရှယ်လစ်စနစ် ခိုင်မာအားကောင်းပြီးအောင်ပွဲရယူနိုင်ဖို့ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်ဟာ မြောက်ကိုရီးယားတပ်မတော်ကို Juche type ပုံစံမျိုး ဖွဲ့စည်းတည်ထောင်ဖို့ လုပ်ဆောင်လာခဲ့ပါတယ်။

Juche type ဟာ ရုရှားတော်လှန်ရေးသမား လီနင်ရဲ့မက်စ်ဝါဒ နဲ့ သမိုင်းရုပ်ဝါဒအယူဆတွေပေါင်းစပ်ပါဝင်ပြီး နိုင်ငံအချုပ်အခြာအာဏာ၊ နိုင်ငံ နဲ့ နိုင်ငံသားတိုင်းကိုအလေးပေးတဲ့အယူအဆမျိုးလည်းဖြစ်ကာကိုယ်ကိုယ်ကိုယ် အားကိုးလိုစိတ်မြှင့်တင်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ကင်အီဆွန်ဟာ မြောက်ကိုရီးယားနိုင်ငံကိုတည် ထောင်ရာမှာ စီးပွားရေးတည်ဆောက်မှု တိုးမြှင့်နိုင်မယ့် ပေါ်လစီတွေ၊ နိုင်ငံကာ ကွယ်ရေး တောင့်တင်းခိုင်မာစေမယ့် မူဝါဒတွေရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။ ကင်အီဆွန်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အမြင့်ဆုံးရရှိစေဖို့ နဲ့ တောင့်တင်းခိုင်မာစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

ကင်အီဆွန်ရဲ့ ထူးချွန်ထက်မြက်တဲ့ အတွေးအခေါ်အယူအဆတွေ နဲ့ ခေါင်းဆောင်မှုတွေက မြောက်ကိုရီးယားတပ်မတော်ကို Juche type ပုံစံမျိုးတည်ထောင်ဖို့ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှာ မြောက်ကိုရီးယားနိုင်ငံနဲ့နိုင်ငံသားတွေရဲ့ ကံကြမ္မာဟာ အရေးကြီးဆုံးအခြေအနေများကိုရောက်ရှိလာခဲ့ရာ ကင်အီဆွန်ဟာ မြောက်ကိုရီးယားနိုင်ငံမှာ စစ်ရေးပထမ မူဝါဒများ (military-first policy)နဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့နိုင်ငံရေးအတွေး အခေါ်အယူအဆပိုင်း ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်လာခဲ့ပါတယ်။ ကင်အီဆွန်ဟာ မဟာမိတ်နယ်ချဲ့တပ်ဖွဲ့များနဲ့အတူ ထိပ်တိုက်ရင်ဆိုင်ရာမှာ ဆိုရှယ်လစ် စနစ်ကို ကာကွယ်ဖို့ နဲ့ အောင်ပွဲရယူနိုင်ဖို့အပြင်တော်လှန်ရေး အင်အားစုများကိုအသုံးချဖို့ မူဝါဒတွေကိုလည်း ပေါင်းစပ်အကောင်အထည်ဖော်ခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ခေါင်း ဆောင်မှုအောက်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာခဲ့ပြီး စစ်တပ်အတွက်ရွှေခေတ်ကို ရောက်ရှိလာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ၎င်းရဲ့လက်ထက်မှာ မြောက်ကိုရီးယားစစ်တပ်ကိုတည်ဆောက်ရာမှာ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုများရှိစေဖို့ အရေးကြီးတဲ့ လမ်းညွှန်မှုများလည်းပေးခဲ့ပါတယ်။ ကင်ဂျုံအမ်ရဲ့ခေါင်းဆောင်မှုအောက်မှာ မြောက်ကိုရီးယားတပ်မတော်ဟာ ကမ္ဘာတဝှမ်း စစ်ရေး စွမ်းရည်ပိုင်းမှာအတောင့်တင်းဆုံးနိုင်ငံအဖြစ်ကိုရောက်ရှိလာခဲ့သလို စစ်တပ်ရဲ့နိုင်ငံရေးအယူဆပိုင်းပိုမိုကောင်းမွန်လာပြီး တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုပြသနိုင်ခဲ့ပါတယ်။

မြောက်ကိုရီးယား တပ်မတော်ရဲ့သမိုင်းဟာလည်း နေ့စဉ်နေ့တိုင်း ကမ္ဘာ့နိုင်ငံတွေထဲ ပိုမိုထင်ရှားလာခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ဦးဆောင်မှုတွေကြောင့် မြောက်ကိုရီးယားစစ်တပ်ရဲ့အနာဂတ်ဟာ သမိုင်းကို တောက်ပစေမှု၊ အောင်ပွဲရယူနိုင်မှု နဲ့ ဂုဏ်သိက္ခကြီးမြင့်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိနေဆဲဖြစ်ပါတယ်။

zawgyi version
"ေခါင္းေဆာင္ေကာင္းေတြရဲ႕ဦးေဆာင္မႈေအာက္မွာ ပိုမိုအားေကာင္းလာတဲ့ ေျမာက္ကိုရီးယားတပ္မေတာ္" (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၅

လာမယ့္ေဖေဖာ္ဝါရီလ(၈)ရက္ဟာ ေျမာက္ကိုရီးယားျပည္သူ႔တပ္မေတာ္ (KPA) တည္ေထာင္မႈ (၇၅)ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။

ေျမာက္ကိုရီးယားစစ္တပ္ဟာ (၇၅)ႏွစ္တာကာလအတြင္းမွာ အရည္အခ်င္းျပည့္ဝတဲ့ေခါင္းေဆာင္ေတြရဲ႕ဦးေဆာင္မႈနဲ႔အတူ တျဖည္းျဖည္းေတာင့္တင္းခိုင္မာလာခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေသြးေသာက္ရဲေဘာ္တစ္ဦးျဖစ္တဲ့ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံကို တည္ေထာင္ခဲ့သူ ဖခင္တစ္ဦးလည္းျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕စစ္ေရးက်ဴးေက်ာ္မႈေတြကေန ျပန္လည္လြတ္ေျမာက္ခဲ့ၿပီးေနာက္ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံကို လြတ္လပ္တဲ့အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံအျဖစ္ တည္ေထာင္ဖို႔အတြက္ ႀကိဳတင္လိုအပ္ခ်က္အျဖစ္ အင္အားႀကီးမားတဲ့ တပ္မေတာ္တစ္ခု ဖြဲ႕စည္းတည္ေထာင္ဖို႔ စီစဥ္ေနခဲ့ပါတယ္။ ဂ်ပန္က်ဴးေက်ာ္မႈကိုဆန႔္က်င္တဲ့ ေတာ္လွန္ေရးလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ၁၉၄၅ ခုႏွစ္၊ ၾသဂုတ္လ ၁၅ ရက္မွာ ေျမာက္ကိုရီးယားတပ္မေတာ္ကို တည္ေထာင္ခဲ့ပါတယ္။

အေမရိကန္ နယ္ခ်ဲ႕ေတြဟာ ၁၉၅ဝ ခုႏွစ္၊ ဇြန္လ ၂၅ ရက္မွာ ကိုရီးယားကြၽန္းဆြယ္အတြင္း စစ္ပြဲျဖစ္လာေစဖို႔ မီးေမႊးခဲ့ပါတယ္။ ေျမာက္ကိုရီးယားျပည္သူ႔တပ္မေတာ္ KPA တည္ေထာင္ၿပီး ႏွစ္အနည္းငယ္အၾကာမွာ ကိုရီးယားကြၽန္းဆြယ္၌ စစ္ပြဲျဖစ္ ပြားလာခဲ့တာလည္းျဖစ္ပါတယ္။ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲဟာ (၃)ႏွစ္နီးပါးၾကာ ျဖစ္ပြားခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၁၉၅၃ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္မွာ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲအတြင္း သမိုင္းဝင္ႀကီးမားတဲ့ေအာင္ပြဲကို ရရွိခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕စစ္ေရးအရ က်ဴးေက်ာ္ရန္စမႈေတြကို စိတ္ဆိုးေဒါသျဖစ္ေနခဲ့ကာ ႏိုင္ငံအတြင္း ဆိုရွယ္လစ္စနစ္ ခိုင္မာအားေကာင္းၿပီးေအာင္ပြဲရယူႏိုင္ဖို႔ႀကိဳးပမ္းလုပ္ေဆာင္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားတပ္မေတာ္ကို Juche type ပုံစံမ်ိဳး ဖြဲ႕စည္းတည္ေထာင္ဖို႔ လုပ္ေဆာင္လာခဲ့ပါတယ္။

Juche type ဟာ ႐ုရွားေတာ္လွန္ေရးသမား လီနင္ရဲ႕မက္စ္ဝါဒ နဲ႔ သမိုင္း႐ုပ္ဝါဒအယူဆေတြေပါင္းစပ္ပါဝင္ၿပီး ႏိုင္ငံအခ်ဳပ္အျခာအာဏာ၊ ႏိုင္ငံ နဲ႔ ႏိုင္ငံသားတိုင္းကိုအေလးေပးတဲ့အယူအဆမ်ိဳးလည္းျဖစ္ကာကိုယ္ကိုယ္ကိုယ္ အားကိုးလိုစိတ္ျမႇင့္တင္ေပးတဲ့ပုံစံမ်ိဳးျဖစ္ပါတယ္။ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံကိုတည္ ေထာင္ရာမွာ စီးပြားေရးတည္ေဆာက္မႈ တိုးျမႇင့္ႏိုင္မယ့္ ေပၚလစီေတြ၊ ႏိုင္ငံကာ ကြယ္ေရး ေတာင့္တင္းခိုင္မာေစမယ့္ မူဝါဒေတြေရးဆြဲၿပီး အေကာင္အထည္ေဖာ္ဖို႔ ဦးေဆာင္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ကာကြယ္ေရးစြမ္းရည္ကို အျမင့္ဆုံးရရွိေစဖို႔ နဲ႔ ေတာင့္တင္းခိုင္မာေစဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သူလည္းျဖစ္ပါတယ္။

ကင္အီဆြန္ရဲ႕ ထူးခြၽန္ထက္ျမက္တဲ့ အေတြးအေခၚအယူအဆေတြ နဲ႔ ေခါင္းေဆာင္မႈေတြက ေျမာက္ကိုရီးယားတပ္မေတာ္ကို Juche type ပုံစံမ်ိဳးတည္ေထာင္ဖို႔ျဖစ္လာေစခဲ့တဲ့ အဓိကအေၾကာင္းရင္းလည္းျဖစ္ပါတယ္။ ၁၉၉ဝ ျပည့္လြန္ႏွစ္မ်ားမွာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ႏိုင္ငံသားေတြရဲ႕ ကံၾကမၼာဟာ အေရးႀကီးဆုံးအေျခအေနမ်ားကိုေရာက္ရွိလာခဲ့ရာ ကင္အီဆြန္ဟာ ေျမာက္ကိုရီးယားႏိုင္ငံမွာ စစ္ေရးပထမ မူဝါဒမ်ား (military-first policy)နဲ႔ ေျမာက္ကိုရီးယားစစ္တပ္ရဲ႕ႏိုင္ငံေရးအေတြး အေခၚအယူအဆပိုင္း ပိုမိုေကာင္းမြန္လာေအာင္လုပ္ေဆာင္လာခဲ့ပါတယ္။ ကင္အီဆြန္ဟာ မဟာမိတ္နယ္ခ်ဲ႕တပ္ဖြဲ႕မ်ားနဲ႔အတူ ထိပ္တိုက္ရင္ဆိုင္ရာမွာ ဆိုရွယ္လစ္ စနစ္ကို ကာကြယ္ဖို႔ နဲ႔ ေအာင္ပြဲရယူႏိုင္ဖို႔အျပင္ေတာ္လွန္ေရး အင္အားစုမ်ားကိုအသုံးခ်ဖို႔ မူဝါဒေတြကိုလည္း ေပါင္းစပ္အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားစစ္တပ္ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္ရဲ႕ေခါင္း ေဆာင္မႈေအာက္မွာ ပိုမိုဖြံ႕ၿဖိဳးတိုးတက္မႈမ်ားျဖစ္လာခဲ့ၿပီး စစ္တပ္အတြက္ေ႐ႊေခတ္ကို ေရာက္ရွိလာခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ ၎ရဲ႕လက္ထက္မွာ ေျမာက္ကိုရီးယားစစ္တပ္ကိုတည္ေဆာက္ရာမွာ ေနာက္ထပ္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရွိေစဖို႔ အေရးႀကီးတဲ့ လမ္းၫႊန္မႈမ်ားလည္းေပးခဲ့ပါတယ္။ ကင္ဂ်ဳံအမ္ရဲ႕ေခါင္းေဆာင္မႈေအာက္မွာ ေျမာက္ကိုရီးယားတပ္မေတာ္ဟာ ကမာၻတဝွမ္း စစ္ေရး စြမ္းရည္ပိုင္းမွာအေတာင့္တင္းဆုံးႏိုင္ငံအျဖစ္ကိုေရာက္ရွိလာခဲ့သလို စစ္တပ္ရဲ႕ႏိုင္ငံေရးအယူဆပိုင္းပိုမိုေကာင္းမြန္လာၿပီး တပ္မေတာ္ရဲ႕ဂုဏ္သိကၡာကိုျပသႏိုင္ခဲ့ပါတယ္။

ေျမာက္ကိုရီးယား တပ္မေတာ္ရဲ႕သမိုင္းဟာလည္း ေန႔စဥ္ေန႔တိုင္း ကမာၻ႔ႏိုင္ငံေတြထဲ ပိုမိုထင္ရွားလာခဲ့ပါတယ္။ ေခါင္းေဆာင္ေကာင္းေတြရဲ႕ဦးေဆာင္မႈေတြေၾကာင့္ ေျမာက္ကိုရီးယားစစ္တပ္ရဲ႕အနာဂတ္ဟာ သမိုင္းကို ေတာက္ပေစမႈ၊ ေအာင္ပြဲရယူႏိုင္မႈ နဲ႔ ဂုဏ္သိကၡႀကီးျမင့္မႈေတြ ျဖစ္လာႏိုင္ဖြယ္ရွိေနဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.