"မြောက်ကိုရီးယားမှာ အပန်းဖြေခရီးထွက်ရင်း ဖူးစာပါသွားကြတဲ့ အမေရိကန်စုံတွဲ" (ထူးခြားသုတဆောင်းပါး)

 767

ဝတီ (NP News) - ဖေဖော်ဝါရီ ၇

အာဏာရှင်စနစ် ကျင့်သုံးတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ခရီးသွားတွေကို အမြဲတစေ တံခါးဖွင့်ကြိုဆိုနေတာမဟုတ်ဘဲ ဝင်ခွင့်ပြုလိုက်၊ မပြုလိုက်နဲ့ပါပဲ။ အမေရိကန်အစိုးရကလည်း လုံခြုံရေး စိုးရိမ်ရတာကြောင့် သူ့နိုင်ငံသားတွေကို မြောက်ကိုရီးယားကို သွားမလည်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ၂ဝဝ၅ ခုနှစ်မှာတော့
မြောက်ကိုရီးယားက အမေရိကန် ခရီးသွားတွေကို ဝင်ခွင့်ပြန်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီသတင်းကို ကြားလိုက်တဲ့အခါ အမေရိကန်ပြည်ထောင်စု၊ Illinois (အီလီနွိုက်စ်)ပြည်နယ်၊ Chicago (ချီကာဂို)မြို့မှာနေတဲ့ ကာလ်ဆင် (Carlson)က သွားလည်ဖို့ ချက်ချင်းပဲ ဆုံးဖြတ်လိုက်ပါတယ်။

သူ ရောက်ဖူးချင်နေတဲ့ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားက ထိပ်ဆုံးကပါနေတာကြောင့်မို့လို့ပါ။ ဒါကြောင့် သွားခွင့်ရတုန်း သွားဦးမယ်ဆိုပြီး သူက ခရီးမှာလိုက်ပါသွားဖို့ စိတ်ပိုင်းဖြတ်လိုက်တာ ဖြစ်ပါတယ်။အဲဒီအချိန်မှာ ရှန်နာချန် (Shauna Cheng) ဆိုတဲ့အမျိုးသမီးက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ (Beijing)မှာ ရောက်နေတာ
ဖြစ်ပြီး ဒီသတင်းကိုလည်းကြားလိုက်ရော သူကလည်း မြောက်ကိုရီးယားသွားဖို့ တထိုင်တည်း ဆုံးဖြတ်လိုက်ပါတော့တယ်။ သူဟာ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပေမယ့် အလုပ်ကိစ္စအတွက် တရုတ်ကို ရောက်နေတာဖြစ်ပြီး တရုတ်စကားပြောလည်းသင်နေတဲ့အချိန်မှာ မြောက်ကိုရီးယားကို သွားဖို့ အခွင့် သင့်လာတာပါ။

အဲဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အမေရိကန်တွေအားလုံးဟာ ပြည်ဝင်ခွင့်ဖွင့်တုန်းလေး သွားလိုက်ဦးမယ်ဆိုပြီး မြောက်ကိုရီးယားခရီးစဉ်မှာလိုက်ပါလာကြတာဖြစ်ပါတယ်။ ခရီးသွားအေဂျင်စီက ပေကျင်းကိုစုရပ်အဖြစ် လုပ်လိုက်ပါတယ်။ ပြီးတော့မှ သူတို့အားလုံးမြောက်ကိုရီးယားနိုင်ငံ ၊ ပြုံယမ်း (Pyongyang)မြို့ကို လေယာဉ်နဲ့
သွားရပါတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်အစပ် မရှိလှတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ဘယ်လိုမျိုးပါလိမ့်ဆိုတာကို သူတို့တတွေက ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာချင်လို့အဲဒီခရီးစဉ်မှာ လိုက်လာကြတာပါ။

ကာလ်ဆင် (Carlson) နဲ့ ရှန်နာချန် (Shauna Cheng) ဟာပြုံယမ်းလေဆိပ်ကနေပြီး ဟိုတယ်ကို သွားတဲ့ဘတ်စ်ကားပေါ်မှာ ဘေးချင်းကပ်ထိုင်ရပါတယ်။ ဒါကြောင့် စကားစမြည် ပြောဖြစ်သွားကြပါတယ်။ အဲဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အမေရိကန်ခရီးသွားအုပ်စုကြီးထဲမှာ သူတို့နှစ်ယောက်က အငယ်ဆုံးပါ။ အမေရိကန်ခရီးသွား
အုပ်စုကြီးဟာ Arirang Mass Games (အာရေရန် မာ့စ်ဂိမ်းစ်)ဆိုတဲ့အားကစားနှင့်အနုပညာ ပွဲတော်ကြီးကို သွားကြည့်ခဲ့ကြပါတယ်။ ပြီးတော့တောင်ကိုရီးယားဘက်ကို လှမ်းမြင်နေရတဲ့ မြောက်ကိုရီးယားနယ်စပ်ကိုလည်း ရောက်ခဲ့ကြပါသေးတယ်။ မြောက်ကိုရီးယားထဲလာတဲ့ နိုင်ငံခြားခရီးစဉ်တွေကို မြောက်ကိုရီးယား အာဏာရှင်အစိုးရကတင်းတင်းကျပ်ကျပ် စီမံကွပ်ကဲပါတယ်။ ခရီးသွားတွေဟာ ဧည့်လမ်းညွှန် တွေနဲ့ပဲ နေရပြီး ဧည့်လမ်းညွှန်တွေ လိုက်ပြတဲ့နေရာတွေကိုပဲ လိုက်ကြည့်ရပါတယ်။ တခြားနေရာတွေကို ကိုယ့်ဘာသာကိုယ် လျှောက်သွားကြည့်လို့ မရပါဘူး။ ပြီးတော့ခရီးသွားတွေ ပြုံယမ်းမြေပေါ် စနင်းလိုက်တာနဲ့ ဖုန်းတွေ အသိမ်းခံလိုက်ရပါတော့တယ်။ မြောက်ကိုရီးယားကနေ ပြန်တော့မယ်ဆိုမှ ဖုန်းတွေကို ပြန်ထုတ် ပေးတာပါ။ သူတို့ခရီးစဉ်ဟာ သုံးရက်ပဲကြာလိုက်ပြီး ခရီးသည်တွေဟာ ပေကျင်းမှာ လမ်းခွဲကြပါတယ်။

ကာလ်ဆင် (Carlson) နဲ့ ရှန်နာချန် (Shauna Cheng) ကတော့ ပေကျင်းမှာ ပွဲတစ်ပွဲ အတူသွားကြည့်လိုက်ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူတို့ဟာ မိတ်ဆွေအဆင့်ပါပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အီးမေးလ်လိပ်စာ ယူထားလိုက် ကြပါတယ်။ တိုက်ဆိုင်တာကတော့ ရှန်နာချန် (Shauna Cheng)ရဲ့မွေးရပ်မြေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ပါ။

ကာလ်ဆင်ရဲ့အစ်မတစ်ယောက်က အဲဒီမှာ တက္ကသိုလ်တက်နေပါတယ်။ အဲဒီအစ်မဆီ ကာလ်ဆင်သွားလည်တဲ့အချိန်မှာ ရှန်နာချန်ကလည်းပေကျင်းကနေ အဲဒီကို ပြန်ရောက်နေပါပြီ။ ဒါကြောင့် သူတို့နှစ်ယောက်ဆုံဖြစ်ကြပါတယ်။ နောက်ပိုင်းမှာတော့ ကာလ်ဆင် နဲ့ ရှန်နာချန်ဟာတစ်ယောက်ရှိတဲ့ မြို့ဆီ တစ်ယောက်သွားပြီး
ခဏခဏ တွေ့ဖြစ်ကြပါတယ်။ ဒီလိုနဲ့ သူတို့တွေ တွဲဖြစ်သွားကြပါတယ်။သမီး ရည်းစား ဖြစ်သွားပြီးနောက်ပိုင်းမှာတော့ သူတို့က အချစ်မြို့တော်လို့နာမည်ကြီးတဲ့ ပဲရစ် (Paris)ကို အတူသွားလည်ကြပါတယ်။ ၂ဝဝ၈ခုနှစ်မှာတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပါတယ်။ လက်ထပ်ပွဲ ပြီးသွားတော့ သူတို့က လတွေနဲ့ချီ ဟန်းနီးမွန်းခရီးထွက်ပါတယ်။ အဲဒီဟန်းနီးမွန်း ခရီးစဉ်ထဲမှာ မြောက်ကိုရီးယားလည်း
ပါပါသေးတယ်။ သူတို့နှစ်ယောက်ကို ဖူးစာ ဆုံသွားစေခဲ့တဲ့ခရီးစဉ်ကို အောက်မေ့သတိရတဲ့အနေနဲ့ သူတို့က မြောက်ကိုရီးယားကိုပြန်သွားခဲ့ကြတာပါ။ သူတို့နှစ်ယောက်လုံးက ခရီးထွက်ပြီးလေ့လာစူးစမ်းရတာကို ကြိုက်ပါတယ်။ အဲဒီနောက် ပိုင်းနှစ်တွေမှာလည်း သူတို့က တာ့ခ်မန်နစ္စတန် (Turkmenistan)ကစလို့ တောင်အာဖရိက (South Africa)အထိအတူ ခရီးနှင်ပါသေးတယ်။ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ မှာတော့ သမီးလေးရပါတယ်။ သမီးရလာတော့လည်း သူတို့က အခွင့်သင့်ရင်သင့်သလို ခရီးတွေ ထွက်တာပါပဲ။ သူတို့က သမီးလေးကို သွားလေရာ ခေါ်သွားပါတယ်။ ဒါကြောင့် သူတို့သမီးလေးဟာ ငယ်သာငယ်သေးပေမယ့်နေရာ အတော်များများကို ရောက်ဖူးနေပါပြီ။ ဒါနဲ့တင်လည်း သူတို့ကမကျေနပ်သေးဘဲ သမီးလေးကို ခရီးတွေ ထပ်ပို့ပေးချင်နေပါသေးတယ်။ ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ နိုင်ငံတွေ ပြန်ပွင့်လာပြီဆိုတော့ သူတို့က သမီးလေးကို အဲဒီနိုင်ငံတွေ လိုက်ပို့ပေးဖို့
စီစဉ်နေတာပါ။

"သမီးလေး ရလာတော့ ကျွန်တော့်မိသားစုဘဝလေးအင်မတန် စိုပြေလာတယ်။ ကျွန်တော့်အတွက်တော့ ကလေးအဖေ ဖြစ်ရတာလောက် ပျော်စရာကောင်းတာ မ ရှိသေးဘူး။ ကလေးအဖေ ဖြစ်ရတာ တခါတလေ စိတ်ညစ်စရာတွေ ရှိပေမယ့် ကျွန်တော်ကတော့ သမီးလေးမျက်နှာကိုကြည့်ပြီး ပျော်နေတာပဲ။ ကလေးက အရမ်း အကြီးမြန်တော့ခရီးတွေ အများကြီးအတူထွက်ပေးမှ အမှတ်တရတွေ
အများကြီး ကျန်ရစ်ခဲ့မှာ"လို့ ကာလ်ဆင် (Carlson)က ဆိုပါတယ်။

zawgyi version
"ေျမာက္ကိုရီးယားမွာ အပန္းေျဖခရီးထြက္ရင္း ဖူးစာပါသြားၾကတဲ့ အေမရိကန္စုံတြဲ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေဖေဖာ္ဝါရီ ၇

အာဏာရွင္စနစ္ က်င့္သုံးတဲ့ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေမရိကန္ခရီးသြားေတြကို အၿမဲတေစ တံခါးဖြင့္ႀကိဳဆိုေနတာမဟုတ္ဘဲ ဝင္ခြင့္ျပဳလိုက္၊ မျပဳလိုက္နဲ႔ပါပဲ။ အေမရိကန္အစိုးရကလည္း လုံၿခဳံေရး စိုးရိမ္ရတာေၾကာင့္ သူ႔ႏိုင္ငံသားေတြကို ေျမာက္ကိုရီးယားကို သြားမလည္ဖို႔ တိုက္တြန္းေလ့ရွိပါတယ္။ ၂ဝဝ၅ ခုႏွစ္မွာေတာ့
ေျမာက္ကိုရီးယားက အေမရိကန္ ခရီးသြားေတြကို ဝင္ခြင့္ျပန္ေပးေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒီသတင္းကို ၾကားလိုက္တဲ့အခါ အေမရိကန္ျပည္ေထာင္စု၊ Illinois (အီလီႏြိဳက္စ္)ျပည္နယ္၊ Chicago (ခ်ီကာဂို)ၿမိဳ႕မွာေနတဲ့ ကာလ္ဆင္ (Carlson)က သြားလည္ဖို႔ ခ်က္ခ်င္းပဲ ဆုံးျဖတ္လိုက္ပါတယ္။

သူ ေရာက္ဖူးခ်င္ေနတဲ့ ႏိုင္ငံေတြထဲမွာ ေျမာက္ကိုရီးယားက ထိပ္ဆုံးကပါေနတာေၾကာင့္မို႔လို႔ပါ။ ဒါေၾကာင့္ သြားခြင့္ရတုန္း သြားဦးမယ္ဆိုၿပီး သူက ခရီးမွာလိုက္ပါသြားဖို႔ စိတ္ပိုင္းျဖတ္လိုက္တာ ျဖစ္ပါတယ္။အဲဒီအခ်ိန္မွာ ရွန္နာခ်န္ (Shauna Cheng) ဆိုတဲ့အမ်ိဳးသမီးက တ႐ုတ္ႏိုင္ငံ၊ ေပက်င္းၿမိဳ႕ (Beijing)မွာ ေရာက္ေနတာ
ျဖစ္ၿပီး ဒီသတင္းကိုလည္းၾကားလိုက္ေရာ သူကလည္း ေျမာက္ကိုရီးယားသြားဖို႔ တထိုင္တည္း ဆုံးျဖတ္လိုက္ပါေတာ့တယ္။ သူဟာ အေမရိကန္ျပည္ေထာင္စုမွာ ေမြးဖြားႀကီးျပင္းလာခဲ့သူျဖစ္ေပမယ့္ အလုပ္ကိစၥအတြက္ တ႐ုတ္ကို ေရာက္ေနတာျဖစ္ၿပီး တ႐ုတ္စကားေျပာလည္းသင္ေနတဲ့အခ်ိန္မွာ ေျမာက္ကိုရီးယားကို သြားဖို႔ အခြင့္ သင့္လာတာပါ။

အဲဒီခရီးစဥ္မွာ လိုက္ပါလာတဲ့ အေမရိကန္ေတြအားလုံးဟာ ျပည္ဝင္ခြင့္ဖြင့္တုန္းေလး သြားလိုက္ဦးမယ္ဆိုၿပီး ေျမာက္ကိုရီးယားခရီးစဥ္မွာလိုက္ပါလာၾကတာျဖစ္ပါတယ္။ ခရီးသြားေအဂ်င္စီက ေပက်င္းကိုစုရပ္အျဖစ္ လုပ္လိုက္ပါတယ္။ ၿပီးေတာ့မွ သူတို႔အားလုံးေျမာက္ကိုရီးယားႏိုင္ငံ ၊ ၿပဳံယမ္း (Pyongyang)ၿမိဳ႕ကို ေလယာဥ္နဲ႔
သြားရပါတယ္။ ျပင္ပကမာၻနဲ႔ အဆက္အစပ္ မရွိလွတဲ့ ေျမာက္ကိုရီးယားႏိုင္ငံဟာ ဘယ္လိုမ်ိဳးပါလိမ့္ဆိုတာကို သူတို႔တေတြက ကိုယ္တိုင္ကိုယ္က် စူးစမ္းေလ့လာခ်င္လို႔အဲဒီခရီးစဥ္မွာ လိုက္လာၾကတာပါ။

ကာလ္ဆင္ (Carlson) နဲ႔ ရွန္နာခ်န္ (Shauna Cheng) ဟာၿပဳံယမ္းေလဆိပ္ကေနၿပီး ဟိုတယ္ကို သြားတဲ့ဘတ္စ္ကားေပၚမွာ ေဘးခ်င္းကပ္ထိုင္ရပါတယ္။ ဒါေၾကာင့္ စကားစျမည္ ေျပာျဖစ္သြားၾကပါတယ္။ အဲဒီခရီးစဥ္မွာ လိုက္ပါလာတဲ့ အေမရိကန္ခရီးသြားအုပ္စုႀကီးထဲမွာ သူတို႔ႏွစ္ေယာက္က အငယ္ဆုံးပါ။ အေမရိကန္ခရီးသြား
အုပ္စုႀကီးဟာ Arirang Mass Games (အာေရရန္ မာ့စ္ဂိမ္းစ္)ဆိုတဲ့အားကစားႏွင့္အႏုပညာ ပြဲေတာ္ႀကီးကို သြားၾကည့္ခဲ့ၾကပါတယ္။ ၿပီးေတာ့ေတာင္ကိုရီးယားဘက္ကို လွမ္းျမင္ေနရတဲ့ ေျမာက္ကိုရီးယားနယ္စပ္ကိုလည္း ေရာက္ခဲ့ၾကပါေသးတယ္။ ေျမာက္ကိုရီးယားထဲလာတဲ့ ႏိုင္ငံျခားခရီးစဥ္ေတြကို ေျမာက္ကိုရီးယား အာဏာရွင္အစိုးရကတင္းတင္းက်ပ္က်ပ္ စီမံကြပ္ကဲပါတယ္။ ခရီးသြားေတြဟာ ဧည့္လမ္းၫႊန္ ေတြနဲ႔ပဲ ေနရၿပီး ဧည့္လမ္းၫႊန္ေတြ လိုက္ျပတဲ့ေနရာေတြကိုပဲ လိုက္ၾကည့္ရပါတယ္။ တျခားေနရာေတြကို ကိုယ့္ဘာသာကိုယ္ ေလွ်ာက္သြားၾကည့္လို႔ မရပါဘူး။ ၿပီးေတာ့ခရီးသြားေတြ ၿပဳံယမ္းေျမေပၚ စနင္းလိုက္တာနဲ႔ ဖုန္းေတြ အသိမ္းခံလိုက္ရပါေတာ့တယ္။ ေျမာက္ကိုရီးယားကေန ျပန္ေတာ့မယ္ဆိုမွ ဖုန္းေတြကို ျပန္ထုတ္ ေပးတာပါ။ သူတို႔ခရီးစဥ္ဟာ သုံးရက္ပဲၾကာလိုက္ၿပီး ခရီးသည္ေတြဟာ ေပက်င္းမွာ လမ္းခြဲၾကပါတယ္။

ကာလ္ဆင္ (Carlson) နဲ႔ ရွန္နာခ်န္ (Shauna Cheng) ကေတာ့ ေပက်င္းမွာ ပြဲတစ္ပြဲ အတူသြားၾကည့္လိုက္ၾကပါေသးတယ္။ ဒါေပမဲ့ အဲဒီတုန္းက သူတို႔ဟာ မိတ္ေဆြအဆင့္ပါပဲ။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အီးေမးလ္လိပ္စာ ယူထားလိုက္ ၾကပါတယ္။ တိုက္ဆိုင္တာကေတာ့ ရွန္နာခ်န္ (Shauna Cheng)ရဲ႕ေမြးရပ္ေျမက အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ပါ။

ကာလ္ဆင္ရဲ႕အစ္မတစ္ေယာက္က အဲဒီမွာ တကၠသိုလ္တက္ေနပါတယ္။ အဲဒီအစ္မဆီ ကာလ္ဆင္သြားလည္တဲ့အခ်ိန္မွာ ရွန္နာခ်န္ကလည္းေပက်င္းကေန အဲဒီကို ျပန္ေရာက္ေနပါၿပီ။ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ဆုံျဖစ္ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကာလ္ဆင္ နဲ႔ ရွန္နာခ်န္ဟာတစ္ေယာက္ရွိတဲ့ ၿမိဳ႕ဆီ တစ္ေယာက္သြားၿပီး
ခဏခဏ ေတြ႕ျဖစ္ၾကပါတယ္။ ဒီလိုနဲ႔ သူတို႔ေတြ တြဲျဖစ္သြားၾကပါတယ္။သမီး ရည္းစား ျဖစ္သြားၿပီးေနာက္ပိုင္းမွာေတာ့ သူတို႔က အခ်စ္ၿမိဳ႕ေတာ္လို႔နာမည္ႀကီးတဲ့ ပဲရစ္ (Paris)ကို အတူသြားလည္ၾကပါတယ္။ ၂ဝဝ၈ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ၾကပါတယ္။ လက္ထပ္ပြဲ ၿပီးသြားေတာ့ သူတို႔က လေတြနဲ႔ခ်ီ ဟန္းနီးမြန္းခရီးထြက္ပါတယ္။ အဲဒီဟန္းနီးမြန္း ခရီးစဥ္ထဲမွာ ေျမာက္ကိုရီးယားလည္း
ပါပါေသးတယ္။ သူတို႔ႏွစ္ေယာက္ကို ဖူးစာ ဆုံသြားေစခဲ့တဲ့ခရီးစဥ္ကို ေအာက္ေမ့သတိရတဲ့အေနနဲ႔ သူတို႔က ေျမာက္ကိုရီးယားကိုျပန္သြားခဲ့ၾကတာပါ။ သူတို႔ႏွစ္ေယာက္လုံးက ခရီးထြက္ၿပီးေလ့လာစူးစမ္းရတာကို ႀကိဳက္ပါတယ္။ အဲဒီေနာက္ ပိုင္းႏွစ္ေတြမွာလည္း သူတို႔က တာ့ခ္မန္နစၥတန္ (Turkmenistan)ကစလို႔ ေတာင္အာဖရိက (South Africa)အထိအတူ ခရီးႏွင္ပါေသးတယ္။ ၂ဝ၁၄ ခုႏွစ္၊ ၾသဂုတ္လ မွာေတာ့ သမီးေလးရပါတယ္။ သမီးရလာေတာ့လည္း သူတို႔က အခြင့္သင့္ရင္သင့္သလို ခရီးေတြ ထြက္တာပါပဲ။ သူတို႔က သမီးေလးကို သြားေလရာ ေခၚသြားပါတယ္။ ဒါေၾကာင့္ သူတို႔သမီးေလးဟာ ငယ္သာငယ္ေသးေပမယ့္ေနရာ အေတာ္မ်ားမ်ားကို ေရာက္ဖူးေနပါၿပီ။ ဒါနဲ႔တင္လည္း သူတို႔ကမေက်နပ္ေသးဘဲ သမီးေလးကို ခရီးေတြ ထပ္ပို႔ေပးခ်င္ေနပါေသးတယ္။ ကိုဗစ္ေၾကာင့္ ပိတ္ထားခဲ့ရတဲ့ ႏိုင္ငံေတြ ျပန္ပြင့္လာၿပီဆိုေတာ့ သူတို႔က သမီးေလးကို အဲဒီႏိုင္ငံေတြ လိုက္ပို႔ေပးဖို႔
စီစဥ္ေနတာပါ။

"သမီးေလး ရလာေတာ့ ကြၽန္ေတာ့္မိသားစုဘဝေလးအင္မတန္ စိုေျပလာတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ကေလးအေဖ ျဖစ္ရတာေလာက္ ေပ်ာ္စရာေကာင္းတာ မ ရွိေသးဘူး။ ကေလးအေဖ ျဖစ္ရတာ တခါတေလ စိတ္ညစ္စရာေတြ ရွိေပမယ့္ ကြၽန္ေတာ္ကေတာ့ သမီးေလးမ်က္ႏွာကိုၾကည့္ၿပီး ေပ်ာ္ေနတာပဲ။ ကေလးက အရမ္း အႀကီးျမန္ေတာ့ခရီးေတြ အမ်ားႀကီးအတူထြက္ေပးမွ အမွတ္တရေတြအမ်ားႀကီး က်န္ရစ္ခဲ့မွာ"လို႔ ကာလ္ဆင္ (Carlson)က ဆိုပါတယ္။

Related news

© 2021. All rights reserved.