အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများ ရှိနေ

 928

NP News - ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၈ ရက်) ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် အလုံမြိုနယ်၊ ဌာနရပ်ကွက်၊နှင်းဆီလမ်းရှိ အထပ်​​မြင့်တိုက်ခန်းတစ်ခု၏ (၈)လွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

၎င်းမီးလောင်မှုဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူများလည်းရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများက ဆိုထားသည်။

အဆိုပါမီးလောင်မှုအား Level-1 အဆင့်သတ်မှတ်ကာ မီးသတ်ယာဥ်များဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ည၈နာရီ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ညပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်၊စီမံကိန်း ၁၊ သရဖီလမ်းတွင် ၁၅ မိနစ်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့တစ်ရက်တည်းတွင် ရန်ကုန်မြို့၌ မီးလောင်မှုဖြစ်စဥ် (၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။

Zawgyi Version;
အလုံၿမိဳ႕နယ္ရွိ အထပ္ျမင့္တိုက္ခန္းတစ္ခု၌ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူတစ္ဦးေသဆုံးခဲ့ၿပီး ဒဏ္ရာရသူမ်ား ရွိေန
NP News - ေဖေဖာ္ဝါရီ ၈

ရန္ကုန္တိုင္း၊ အလုံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦးေသဆုံးၿပီး အမ်ိဳးသမီးတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၈ ရက္) ည ၇ နာရီ ၂၅ မိနစ္ခန႔္တြင္ အလုံၿမိဳနယ္၊ ဌာနရပ္ကြက္၊ႏွင္းဆီလမ္းရွိ အထပ္​​ျမင့္တိုက္ခန္းတစ္ခု၏ (၈)လႊာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။

၎မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရရွိသူမ်ားလည္းရွိခဲ့ရာ ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရေၾကာင္း လူမႈကူညီေရးအသင္းမ်ားက ဆိုထားသည္။

အဆိုပါမီးေလာင္မႈအား Level-1 အဆင့္သတ္မွတ္ကာ မီးသတ္ယာဥ္မ်ားျဖင့္ ျငႇိမ္းသတ္ခဲ့ရၿပီး ည၈နာရီ၀န္းက်င္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယေန႔ ညပိုင္းတြင္လည္း ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၁၄ ရပ္ကြက္၊စီမံကိန္း ၁၊ သရဖီလမ္းတြင္ ၁၅ မိနစ္ၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ယေန႔တစ္ရက္တည္းတြင္ ရန္ကုန္ၿမိဳ႕၌ မီးေလာင္မႈျဖစ္စဥ္ (၆)ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.