စင်ကာပူနိုင်ငံ အနောက်မြောက်ပိုင်းမှာ တောဝက် အသေကောင်များမှ အာဖရိက ဝက်အပြင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိ

893

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၁
စင်္ကာပူနိုင်ငံ အနောက်မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ တောဝက်အသေကောင်မှာ အာဖရိကဝက်အပြင်းဖျား ဗိုင်းရပ်စ် ပိုးကို တွေ့ရှိခဲ့ကြောင်း အမျိုးသားဥယျာဉ်ဘုတ်အဖွဲ့ (NParks) က ပြောပါတယ်။
ဒီသတင်းကို ကြသပတေးနေ့ (ဖေဖော်ဝါရီ ၉ ရက်) က မီဒီယာကြေညာချက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး NParks ကတော့ မီဒီယာမှ ထုတ်ပြန်ခြင်းမတိုင်မီ ၂ ရက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် အာဖရိကဝက်အဖျား ရောဂါဟာ လူကိုမကူးစက်စေတာကြောင့် ပြည်သူ့ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးကြောင်း၊ တောဝက်နဲ့ ဝက်များမှာသာ သက်ရောက်မှုရှိကြောင်း NParks က ဆိုပါတယ်။
NParks ရဲ့အဆိုအရ ဒါဟာ စင်ကာပူမှာ အာဖရိက ဝက်အပြင်းဖျားရောဂါကို ဒါဟာ ပထမဆုံးအကြိမ် တွေ့ရှိ အတည်ပြုခြင်းဖြစ်တယ်လို့ သိရပါတယ်။ အာဖရိက ဝက်အပြင်းဖျား ရောဂါအပါအဝင် တိရစ္ဆာန်ရောဂါများကို လျင်မြန်စွာ သိရှိနိုင်စေဖို့အတွက် ယင်းနေရာမှာ ဇီဝစောင့်ကြည့်ရေးစနစ်တပ်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့ ပါတယ်။
“တောဝက်တေအတွက် စင်္ကာပူဟာ ဇာတိမြေဖြစ်ပြီး သဘာဝဘေးမဲ့တောတွေ၊ ပန်းခြံတွေနဲ့ တခြားစိမ်းလန်းတဲ့ နေရာတွေမှာ တွေ့နိုင်ပါတယ်” "ဒီဒေသတွေမှာ တောဝက်တွေရဲ့ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်နေပါ တယ်" လို့ NParks ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါနေရာများသို့ သွားရောက်တဲ့အခါ သတ်မှတ်ထား တဲ့လမ်းများအတိုင်း နေထိုင်ရန်၊ တောဝက်များနဲ့ ခပ်ဝေးဝေးမှာ နေဖို့၊ အစာမကျွေးဖို့လည်း သတိပေးထားပါတယ်။
အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားမှုဟာ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားရှိ ဝက်များကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သေဆုံးစေခဲ့ပြီး ဝက်သားရောင်းလိုအားနဲ့ ဝက်သားစျေးနှုန်းများကို ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ေတာဝက္ အေသေကာင္မ်ားမွ အာဖရိက ဝက္အျပင္း ဗိုင္းရပ္စ္ပိုးေတြ႕ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၁
စကၤာပူႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ေတြ႕ရွိခဲ့တဲ့ ေတာဝက္အေသေကာင္မွာ အာဖရိကဝက္အျပင္းဖ်ား ဗိုင္းရပ္စ္ ပိုးကို ေတြ႕ရွိခဲ့ေၾကာင္း အမ်ိဳးသားဥယ်ာဥ္ဘုတ္အဖြဲ႕ (NParks) က ေျပာပါတယ္။
ဒီသတင္းကို ၾကသပေတးေန႔ (ေဖေဖာ္ဝါရီ ၉ ရက္) က မီဒီယာေၾကညာခ်က္မွာ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး NParks ကေတာ့ မီဒီယာမွ ထုတ္ျပန္ျခင္းမတိုင္မီ ၂ ရက္က အတည္ျပဳခဲ့တာျဖစ္ပါတယ္။ သို႔ေပမယ့္ အာဖရိကဝက္အဖ်ား ေရာဂါဟာ လူကိုမကူးစက္ေစတာေၾကာင့္ ျပည္သူ႔က်န္းမာေရးအတြက္ အႏၲရာယ္မရွိဘူးေၾကာင္း၊ ေတာဝက္နဲ႔ ဝက္မ်ားမွာသာ သက္ေရာက္မႈရွိေၾကာင္း NParks က ဆိုပါတယ္။
NParks ရဲ႕အဆိုအရ ဒါဟာ စင္ကာပူမွာ အာဖရိက ဝက္အျပင္းဖ်ားေရာဂါကို ဒါဟာ ပထမဆုံးအႀကိမ္ ေတြ႕ရွိ အတည္ျပဳျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အာဖရိက ဝက္အျပင္းဖ်ား ေရာဂါအပါအဝင္ တိရစာၦန္ေရာဂါမ်ားကို လ်င္ျမန္စြာ သိရွိႏိုင္ေစဖို႔အတြက္ ယင္းေနရာမွာ ဇီဝေစာင့္ၾကည့္ေရးစနစ္တပ္ဆင္ထားေၾကာင္း ၎က ေျပာၾကားခဲ့ ပါတယ္။
“ေတာဝက္ေတအတြက္ စကၤာပူဟာ ဇာတိေျမျဖစ္ၿပီး သဘာဝေဘးမဲ့ေတာေတြ၊ ပန္းၿခံေတြနဲ႔ တျခားစိမ္းလန္းတဲ့ ေနရာေတြမွာ ေတြ႕ႏိုင္ပါတယ္” "ဒီေဒသေတြမွာ ေတာဝက္ေတြရဲ႕က်န္းမာေရးကို အနီးကပ္ ေစာင့္ၾကည့္ေနပါ တယ္" လို႔ NParks ေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာေတာ့ အဆိုပါေနရာမ်ားသို႔ သြားေရာက္တဲ့အခါ သတ္မွတ္ထား တဲ့လမ္းမ်ားအတိုင္း ေနထိုင္ရန္၊ ေတာဝက္မ်ားနဲ႔ ခပ္ေဝးေဝးမွာ ေနဖို႔၊ အစာမေကြၽးဖို႔လည္း သတိေပးထားပါတယ္။
အာဖရိက ဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားမႈဟာ တ႐ုတ္ႏိုင္ငံအပါအဝင္ ႏိုင္ငံအမ်ားအျပားရွိ ဝက္မ်ားၾကားမွာ က်ယ္က်ယ္ျပန႔္ျပန႔္ေသဆုံးေစခဲ့ၿပီး ဝက္သားေရာင္းလိုအားနဲ႔ ဝက္သားေစ်းႏႈန္းမ်ားကို ထိခိုက္ေစခဲ့တယ္လို႔ သိရပါ တယ္။