ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် YBS ယာဉ်အစီးရေ (၁၂ဝ)ကျော် ပြည်သူရင်ပြင်ရှေ့၌ ယာယီမှတ်တိုင်ပြုလုပ်ကာ ကြို/ပို့ စီစဉ်ပေး

1108

စော (NP News)-ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် YBS ယာဉ်အစီးရေ(၁၂ဝ)ကျော် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ယာယီမှတ်တိုင်ပြုလုပ်ကာ ကြို/ပို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း YRTC မှ ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်ရေးကော်မတီ(YRTC)က ယနေ့ (ဖေဖော်ဝါရီလ ၁၂ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းနှင့်ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ ဖွင့်လှစ်ထားသည့်အပြင် ပျော်ပွဲှင်ပွဲများ ကျင်းပလျက်ရှိသည်။
အဆိုပါ ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲများသို့ ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးအတွက် YBS ခရီးသည်တင်ယာဉ် အစီးရေး(၁၂ဝ)ကျော်ခန့်ဖြင့် ပြည်သူ့ရင်ပြင်ရှေ့၌ ယာယီမှတ်တိုင်ပြုလုပ်ကာ ကြို/ပို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း YRTC ကဆိုထားသည်။
အဆိုပါအကြို/အပို့ အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ဝ ရက်မှ ၁၄ ရက်အထိ လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုသောအားဖြင့် YBSယာဉ်လိုင်းကုမ္ပဏီများမှ YBS ခရီးသည်တင် ယာဉ်အစီးရေ(၃ဝဝဝ)ကျော်တွင်လည်း နိုင်ငံတော်အလံများ တပ်ဆင်ပြေးဆွဲ ဂုဏ်ပြုခဲ့ကြောင်း YRTC က ထုတ်ပြန်ထားသည်။

zawgyi version
ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ YBS ယာဥ္အစီးေရ (၁၂ဝ)ေက်ာ္ ျပည္သူရင္ျပင္ေရွ႕၌ ယာယီမွတ္တိုင္ျပဳလုပ္ကာ ႀကိဳ/ပို႔ စီစဥ္ေပး
ေစာ (NP News)-ေဖေဖာ္ဝါရီ ၁၂
ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ YBS ယာဥ္အစီးေရ(၁၂ဝ)ေက်ာ္ ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္ေရွ႕၌ ယာယီမွတ္တိုင္ျပဳလုပ္ကာ ႀကိဳ/ပို႔ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း YRTC မွ ေၾကညာထားသည္။
ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ေရးေကာ္မတီ(YRTC)က ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ (၇၆)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ ဝန္ႀကီးဌာန၊ ျပည္ေထာင္စုနယ္ေျမ(ေနျပည္ေတာ္)၊ တိုင္းႏွင့္ျပည္နယ္ျပခန္းမ်ား၊ တိုင္းရင္းသား႐ိုးရာအစားအစာႏွင့္ ေဒသထြက္ကုန္ပစၥည္း အေရာင္းျပခန္းမ်ား ဖြင့္လွစ္ထားသည့္အျပင္ ေပ်ာ္ပြဲွင္ပြဲမ်ား က်င္းပလ်က္ရွိသည္။
အဆိုပါ ျပခန္းမ်ားႏွင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားသို႔ ခရီးသြားျပည္သူမ်ားအေနျဖင့္ အဆင္ေျပေခ်ာေမြ႕စြာ သြားေရာက္လည္ပတ္ႏိုင္ေရးအတြက္ YBS ခရီးသည္တင္ယာဥ္ အစီးေရး(၁၂ဝ)ေက်ာ္ခန႔္ျဖင့္ ျပည္သူ႔ရင္ျပင္ေရွ႕၌ ယာယီမွတ္တိုင္ျပဳလုပ္ကာ ႀကိဳ/ပို႔ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း YRTC ကဆိုထားသည္။
အဆိုပါအႀကိဳ/အပို႔ အစီအစဥ္ကို ေဖေဖာ္ဝါရီလ ၁ဝ ရက္မွ ၁၄ ရက္အထိ လုပ္ေဆာင္ေပး သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ (၇၆)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ကိုဂုဏ္ျပဳႀကိဳေသာအားျဖင့္ YBSယာဥ္လိုင္းကုမၸဏီမ်ားမွ YBS ခရီးသည္တင္ ယာဥ္အစီးေရ(၃ဝဝဝ)ေက်ာ္တြင္လည္း ႏိုင္ငံေတာ္အလံမ်ား တပ္ဆင္ေျပးဆြဲ ဂုဏ္ျပဳခဲ့ေၾကာင္း YRTC က ထုတ္ျပန္ထားသည္။