ပွဲကောက်ရေတံခွန် အပန်း‌ဖြေစခန်းတွင် Sky Cable Car များ စတင်ပြေးဆွဲ

 1070

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန် အပန်း‌ဖြေစခန်းတွင် Sky Cable Car များ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ Sky Cable Car များအား ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ရက်)တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်- လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းအဖြစ် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်လိုက်သည့် Sky cable Car ပြေးဆွဲမည့်လမ်းကြောင်းအနေဖြင့် အသွား/အပြန်(၁၁ဝ၈)မီတာ ရှည်လျားကာ Drive Station House၊ Return Station House အဆောက်အဦး(၂)လုံးပါရှိပြီး Tower (၆)ခုပါဝင်တည်ဆောက်ထားကာ လူလိုက်ပါစီးနင်းနိုင်သည့် (၄)ယောက်စီး Cabins (၃၆)လုံး တပ်ဆင်မောင်းနှင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Sky cable Car သည် အသွား/အပြန် Full Circle တစ်ပတ်လျှင် (၂၄) မိနစ်ခန့်ကြာမြင့်မည်ဖြစ်သည်။

လက်ရှိတွင် Skycable Way တည်ဆောက်ခြင်းအပါအဝင် စမ်းသပ်မောင်းနှင်ခြင်းနှင့် သက်ဆိုင်ရာ လုံခြုံရေးလုပ်ငန်းများကို အောင်မြင်စွာ စစ်ဆေးစမ်းသပ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါအပန်းဖြေစခန်းအတွင်း၌ ရေတံခွန်(၃)ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ထည့်သွင်းဆောက်လုပ်ထားကာ အောက်ခြေရှုခင်းများကိုခံစားနိုင်မည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

zawgyi version
ပြဲေကာက္ေရတံခြန္ အပန္း‌ေျဖစခန္းတြင္ Sky Cable Car မ်ား စတင္ေျပးဆြဲ
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၃

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕ရွိ ပြဲေကာက္ေရတံခြန္ အပန္း‌ေျဖစခန္းတြင္ Sky Cable Car မ်ား စတင္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Sky Cable Car မ်ားအား ယမန္ေန႔(ေဖေဖာ္ဝါရီလ ၁၂ရက္)တြင္ စတင္ေျပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္ဦးလြင္- လားရႈိး ကားလမ္းမႀကီးအနီးရွိ ပြဲေကာက္ေရတံခြန္ အပန္းေျဖစခန္း (BE.FALLS)အား ႏိုင္ငံတကာအဆင့္မီ အပန္းေျဖစခန္းအျဖစ္ အဆင့္ျမႇင့္တင္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွ စတင္ကာ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

ယခုဖြင့္လွစ္လိုက္သည့္ Sky cable Car ေျပးဆြဲမည့္လမ္းေၾကာင္းအေနျဖင့္ အသြား/အျပန္(၁၁ဝ၈)မီတာ ရွည္လ်ားကာ Drive Station House၊ Return Station House အေဆာက္အဦး(၂)လုံးပါရွိၿပီး Tower (၆)ခုပါဝင္တည္ေဆာက္ထားကာ လူလိုက္ပါစီးနင္းႏိုင္သည့္ (၄)ေယာက္စီး Cabins (၃၆)လုံး တပ္ဆင္ေမာင္းႏွင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ Sky cable Car သည္ အသြား/အျပန္ Full Circle တစ္ပတ္လွ်င္ (၂၄) မိနစ္ခန႔္ၾကာျမင့္မည္ျဖစ္သည္။

လက္ရွိတြင္ Skycable Way တည္ေဆာက္ျခင္းအပါအဝင္ စမ္းသပ္ေမာင္းႏွင္ျခင္းႏွင့္ သက္ဆိုင္ရာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ေအာင္ျမင္စြာ စစ္ေဆးစမ္းသပ္ေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါအပန္းေျဖစခန္းအတြင္း၌ ေရတံခြန္(၃)ခုရွိၿပီး ျမန္မာႏိုင္ငံတြင္ ပထမဆုံး LED မွန္တံတားကိုလည္း ထည့္သြင္းေဆာက္လုပ္ထားကာ ေအာက္ေျခရႈခင္းမ်ားကိုခံစားႏိုင္မည္ျဖစ္ၿပီး အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.