သူရဲကောင်းအဖြစ် ချီးကျူးခံနေရသော ပရိုတီအိုအမည်ရှိ ခွေးကလေး

856

Pika (NP News) - ဖေဖော်ဝါရီ ၁၅
တူရကီနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျပျက်စီးနေသော အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံရှာဖွေနေစဥ် သေဆုံးသွားခဲ့သော စစ်ဘက်ဆိုင်ရာကယ်ဆယ်ရေးခွေးတစ်ကောင်ကို သူရဲ ကောင်းအဖြစ် မက္ကဆီကိုနိုင်ငံက ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရသည်။
မက္ကဆီကိုကာကွယ်ရေးဝန်ကြီး Luis Cresencio Sandoval က ဂျာမန်သိုးထိန်းခွေး အမျိုးအစားဖြစ်သည့် ပရိုတီအိုဟုခေါ်သော စစ်ဖက်ဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့်ခွေးသည် အပျက်အစီးများအောက်တွင် ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်နေချိန်အတွင်း သေဆုံးသွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မက္ကဆီကိုစစ်တပ်က "ပရိုတီအိုဟာ သူ့ရဲ့တာဝန်တွေကို ပြီးဆုံးအောင်လုပ်နိုင်ခဲ့ပါတယ်။ ပြီးတော့ သူရဲကောင်းဆန်တဲ့ အလုပ်တွေကိုလုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်"ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
တူရကီနှင့်ဆီးရီးယားတို့တွင် လူပေါင်း(၄ဝဝဝဝ)ကျော်သေဆုံးစေခဲ့သော ပြင်းအား(၇ ဒသမ ၈)မဂ္ဂနီကျူအဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ပရိုတီအိုသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် မက္ကဆီကိုနိုင်ငံမှ စေလွှတ်ခဲ့သောကယ်ဆယ်ရေးခွေးတစ်ဒါဇင်ကျော်ထဲမှ တစ်ကောင်ဖြစ်ကြောင်းလည်းသိရသည်။ ပရိုတီအိုနှင့်အတူ တာဝန်ထမ်းဆောင်နေသော ကယ်ဆယ်ရေးသမားတစ်ဦးက"ပရိုတီအိုဟာ အမြဲတမ်းသန်မာပြီး ဘယ်တော့မှအရှုံးမပေးဘဲ အလုပ်ကြိုးစားတဲ့ခွေးတစ်ကောင်ပါ။ကျွန်တော်သူ့ကို အမြဲတမ်းသတိရနေမှာပါ"ဟုပြောဆိုခဲ့သည်။

zawgyi version
သူရဲေကာင္းအျဖစ္ ခ်ီးက်ဴးခံေနရေသာ ပ႐ိုတီအိုအမည္ရွိ ေခြးကေလး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၅
တူရကီႏိုင္ငံတြင္ အင္အားျပင္းငလ်င္လႈပ္ခတ္ၿပီးေနာက္ ၿပိဳက်ပ်က္စီးေနေသာ အပ်က္အစီးမ်ားေအာက္တြင္ အသက္ရွင္က်န္ရစ္သူမ်ားကို လိုက္လံရွာေဖြေနစဥ္ ေသဆုံးသြားခဲ့ေသာ စစ္ဘက္ဆိုင္ရာကယ္ဆယ္ေရးေခြးတစ္ေကာင္ကို သူရဲ ေကာင္းအျဖစ္ မကၠဆီကိုႏိုင္ငံက ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္းသိရသည္။
မကၠဆီကိုကာကြယ္ေရးဝန္ႀကီး Luis Cresencio Sandoval က ဂ်ာမန္သိုးထိန္းေခြး အမ်ိဳးအစားျဖစ္သည့္ ပ႐ိုတီအိုဟုေခၚေသာ စစ္ဖက္ဆိုင္ရာကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳသည့္ေခြးသည္ အပ်က္အစီးမ်ားေအာက္တြင္ ရွာေဖြေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေနခ်ိန္အတြင္း ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
မကၠဆီကိုစစ္တပ္က "ပ႐ိုတီအိုဟာ သူ႔ရဲ႕တာဝန္ေတြကို ၿပီးဆုံးေအာင္လုပ္ႏိုင္ခဲ့ပါတယ္။ ၿပီးေတာ့ သူရဲေကာင္းဆန္တဲ့ အလုပ္ေတြကိုလုပ္ေဆာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္မိပါတယ္"ဟု တြစ္တာေပၚတြင္ ေရးသားေဖာ္ျပခဲ့သည္။
တူရကီႏွင့္ဆီးရီးယားတို႔တြင္ လူေပါင္း(၄ဝဝဝဝ)ေက်ာ္ေသဆုံးေစခဲ့ေသာ ျပင္းအား(၇ ဒသမ ၈)မဂၢနီက်ဴအဆင့္ရွိ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ပ႐ိုတီအိုသည္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္အတြက္ မကၠဆီကိုႏိုင္ငံမွ ေစလႊတ္ခဲ့ေသာကယ္ဆယ္ေရးေခြးတစ္ဒါဇင္ေက်ာ္ထဲမွ တစ္ေကာင္ျဖစ္ေၾကာင္းလည္းသိရသည္။ ပ႐ိုတီအိုႏွင့္အတူ တာဝန္ထမ္းေဆာင္ေနေသာ ကယ္ဆယ္ေရးသမားတစ္ဦးက"ပ႐ိုတီအိုဟာ အၿမဲတမ္းသန္မာၿပီး ဘယ္ေတာ့မွအရႈံးမေပးဘဲ အလုပ္ႀကိဳးစားတဲ့ေခြးတစ္ေကာင္ပါ။ကြၽန္ေတာ္သူ႔ကို အၿမဲတမ္းသတိရေနမွာပါ"ဟုေျပာဆိုခဲ့သည္။