ဟောလိဝုဒ်မင်းသမီး ရစ်ကဲဝေါ့ခ်ျ အသက်(၈၂)နှစ်အရွယ်မှာ ကွယ်လွန်

 505

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၆

One Million Years BC ရုပ်ရှင်မှာ ပိန်ပိန်ပါးပါး ဘီကီနီနဲ့ ဆွဲဆောင်မှုရှိစွာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွဲဆောင်ခဲ့ပြီး ၁၉၆ဝ-၁၉၇ဝ နှစ်များတစ်လျှောက် နာမည်ကျော် ကြား လူကြိုက်များခဲ့တဲ့ ခေတ်နှောင်း အမေရိကန် မင်းသမီးချော ရစ်ကဲဝေါ့ခ်ျဟာ ဖေဖော်ဝါရီလ ၁၅ ရက် မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ သူမဟာ အသက် ၈၂ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။

ဝေါ့ခ်ျဟာ ခေတ္တနာမကျန်းဖြစ်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ကြောင်း Innovative Artists Agency မှ သူမရဲ့အေးဂျင့် စတီဖင်လာမာနာက ပြောကြားခဲ့ပါတယ်။ သူမရဲ့ ကောက်ကြောင်းအလှဟာ မဂ္ဂဇင်းတွေမှာ လုံးဝအဝတ်မပါတဲ့ ရုပ်ပုံများနဲ့ ဖော်ပြခြင်း မရှိခဲ့ပေမယ့် ၁၉၇ဝ ခုနှစ်များအတွင်းက Playboy မဂ္ဂဇင်းမှာတော့ သူမကို "most desired woman” လို့ ဖော်ပြခဲ့ပြီး ပေါ့ပ်ယဉ်ကျေးမှုကို ဖမ်းစားခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်မှာ သူမဟာ Men's Health' All Time of Hottest Women' စာရင်းမှာ နံပါတ် ၂ နေရာ ရရှိခဲ့ပါတယ်။ သူမရဲ့ နာရေးသတင်းနဲ့ ပတ်သက်ပြီး တီဗီစီစဉ်သူ ရိုစီအိုဒိုနယ်လ်၊ သရုပ်ဆောင် ခရစ်မယ်လိုနီက သူမဟာ "ကြင်နာတတ်သော၊ ဟာသဥာဏ်ရှိသော အမျိုးသမီးဖြစ်ပြီး ကျွန်ုပ်တို့ ငယ်စဉ်ကလေးဘဝက အလွန်ကြိုက်နှစ်သက်ခဲ့ရတဲ့ စူပါစတား ဖြစ်တယ်။ သူမရဲ့ ကွယ်လွန်မှုဟာ ကျွန်ုပ်တို့ရဲ့စစ်မှန်သော Icon တစ်ခု ဆုံးရှုံးသွားခြင်း ဖြစ်တယ်" လို့ တွစ်တာမှာ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

ဝေါ့ခ်ျဟာ သရုပ်ဆောင်အပြင် အဆိုနဲ့ အကမှာလည်း ကျွမ်းကျင်တာကြောင့် သူမဟာ ဝေဖန်ရေးဆရာများစွာကို အံ့အားသင့်စေခဲ့ကာ ၁၉၈၁ ခုနှစ်၊ Broadway ရှိ ဂီတတစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆုကို ရရှိစဉ်တုန်းကလည်း အပြုသဘောဆောင်တဲ့ သုံး သပ်ချက်များ ရရှိခဲ့ပါတယ်။

ဝေါ့ခ်ျကို အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂျိုလာမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။

zawgyi version
ေဟာလိဝုဒ္မင္းသမီး ရစ္ကဲေဝါ့ခ္် အသက္(၈၂)ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၆

One Million Years BC ႐ုပ္ရွင္မွာ ပိန္ပိန္ပါးပါး ဘီကီနီနဲ႔ ဆြဲေဆာင္မႈရွိစြာ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးကို ဆြဲေဆာင္ခဲ့ၿပီး ၁၉၆ဝ-၁၉၇ဝ ႏွစ္မ်ားတစ္ေလွ်ာက္ နာမည္ေက်ာ္ ၾကား လူႀကိဳက္မ်ားခဲ့တဲ့ ေခတ္ေႏွာင္း အေမရိကန္ မင္းသမီးေခ်ာ ရစ္ကဲေဝါ့ခ္်ဟာ ေဖေဖာ္ဝါရီလ ၁၅ ရက္ မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ကြယ္လြန္ခ်ိန္မွာ သူမဟာ အသက္ ၈၂ ႏွစ္အ႐ြယ္ရွိၿပီလို႔ သိရပါတယ္။

ေဝါ့ခ္်ဟာ ေခတၱနာမက်န္းျဖစ္ခဲ့ၿပီးေနာက္ ကြယ္လြန္သြားခဲ့ေၾကာင္း Innovative Artists Agency မွ သူမရဲ႕ေအးဂ်င့္ စတီဖင္လာမာနာက ေျပာၾကားခဲ့ပါတယ္။ သူမရဲ႕ ေကာက္ေၾကာင္းအလွဟာ မဂၢဇင္းေတြမွာ လုံးဝအဝတ္မပါတဲ့ ႐ုပ္ပုံမ်ားနဲ႔ ေဖာ္ျပျခင္း မရွိခဲ့ေပမယ့္ ၁၉၇ဝ ခုႏွစ္မ်ားအတြင္းက Playboy မဂၢဇင္းမွာေတာ့ သူမကို "most desired woman” လို႔ ေဖာ္ျပခဲ့ၿပီး ေပါ့ပ္ယဥ္ေက်းမႈကို ဖမ္းစားခဲ့ပါတယ္။

၂ဝ၁၃ ခုႏွစ္မွာ သူမဟာ Men's Health' All Time of Hottest Women' စာရင္းမွာ နံပါတ္ ၂ ေနရာ ရရွိခဲ့ပါတယ္။ သူမရဲ႕ နာေရးသတင္းနဲ႔ ပတ္သက္ၿပီး တီဗီစီစဥ္သူ ႐ိုစီအိုဒိုနယ္လ္၊ သ႐ုပ္ေဆာင္ ခရစ္မယ္လိုနီက သူမဟာ "ၾကင္နာတတ္ေသာ၊ ဟာသဥာဏ္ရွိေသာ အမ်ိဳးသမီးျဖစ္ၿပီး ကြၽႏ္ုပ္တို႔ ငယ္စဥ္ကေလးဘဝက အလြန္ႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ စူပါစတား ျဖစ္တယ္။ သူမရဲ႕ ကြယ္လြန္မႈဟာ ကြၽႏ္ုပ္တို႔ရဲ႕စစ္မွန္ေသာ Icon တစ္ခု ဆုံးရႈံးသြားျခင္း ျဖစ္တယ္" လို႔ တြစ္တာမွာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ေဝါ့ခ္်ဟာ သ႐ုပ္ေဆာင္အျပင္ အဆိုနဲ႔ အကမွာလည္း ကြၽမ္းက်င္တာေၾကာင့္ သူမဟာ ေဝဖန္ေရးဆရာမ်ားစြာကို အံ့အားသင့္ေစခဲ့ကာ ၁၉၈၁ ခုႏွစ္၊ Broadway ရွိ ဂီတတစ္ႏွစ္တာ အေကာင္းဆုံးအမ်ိဳးသမီးဆုကို ရရွိစဥ္တုန္းကလည္း အျပဳသေဘာေဆာင္တဲ့ သုံး သပ္ခ်က္မ်ား ရရွိခဲ့ပါတယ္။

ေဝါ့ခ္်ကို အီလီႏြိဳက္ျပည္နယ္၊ ခ်ီကာဂိုၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ကယ္လီဖိုးနီးယားျပည္နယ္၊ လာဂ်ိဳလာမွာ ႀကီးျပင္းခဲ့တာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.