မြန်မာနိုင်ငံသည် မိမိလွတ်လပ်ရေးကို တန်ဖိုးထားသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အလေးထားကြောင်း နစက ဥက္ကဋ္ဌပြော

 2257

ထွန်း အမ်တီ (NP News) – ဖေဖော်ဝါရီ ၁၇

လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ လွတ်လပ်ရေးကို လေးစားမြတ်နိုး တန်ဖိုးထားသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အလေးထားကာ ကာကွယ်စောင့် ရှောက်လိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၇၅ နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး နှစ်ပတ်လည် ချစ်ကြည်ရေးဖိုရမ်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၇၅ နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး နှစ်ပတ်လည် ချစ်ကြည်ရေးဖိုရမ်ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန - ၂ တွင် ကျင်းပခဲ့ခြင်းဖြစ် သည်။

ထို့ပြင် “မြန်မာနိုင်ငံသည် အရေးပါသည့် နိုင်ငံငယ်တစ်ခုဖြစ်ကာ ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့၏ ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ဩဇာကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံနှင့် ဖိအားပေး အကျပ်ကိုင်မှုများ၊ အပြစ်ရှာ ဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုများကို စဉ်ဆက်မပြတ် တစ်စိုက်မတ်မတ် အရှိန်ယူဆောင်ရွက်နေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်က လွတ်လပ်ရေးရရှိခဲ့ကာ လွတ်လပ်ရေးကြေငြာစာတမ်းတွင် “….. ငါတို့၏ လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစား စောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများ နှင့် အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ … " ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ လွတ်လပ်ပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကိုသာ တစ်လျှောက်လုံး ကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။ စစ်အေးခေတ်ကာလ ရောက်သည့်အချိန်၊ မြန်မာနိုင်ငံ ပြည်တွင်းရေး၌လည်း လက်နက်ကိုင်သောင်းကျန်းမှုများရှိနေသည့်အတွက် အရှေ့နှင့် အနောက် အင်အားပြိုင်မှုများတွင် ကြားနေသည့်အနေဖြင့် ဘက်မလိုက်သည့် မူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ၌ စစ်အာဏာသိမ်းမှု အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ပြစ်တင်ရှုံ့ချခြင်း မပြုခဲ့သလို အမေရိကန်ကဲ့သို့သော အင်အားကြီးနိုင်ငံကြီးများက နိုင်ငံငယ်များ၏ ပြည်တွင်းရေး စွက်ဖက်ခြင်းများကိုလည်း တစ်ကြိမ်တစ်ခါမျှ ဝေဖန်ခြင်းပင် မပြုခဲ့ကြောင်း သမိုင်း ကြောင်း စာပေများ၌ လေ့လာတွေ့ရှိရသည်။

သို့သော်လည်း ထို့ကဲ့သို့ လွတ်လပ်၍ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်ခုဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြည်ပစွက်ဖက်မှုများကို လွတ်လပ်ရေးရစဉ်ကာလမှ အစပြု၍ ယနေ့တိုင် တောက်လျှောက် ကြုံတွေ့နေရလျက်ရှိသည်။

zawgyi version
ျမန္မာႏိုင္ငံသည္ မိမိလြတ္လပ္ေရးကို တန္ဖိုးထားသကဲ့သို႔ ကမာၻ႔ၿငိမ္းခ်မ္းေရးကိုလည္း အေလးထားေၾကာင္း နစက ဥကၠ႒ေျပာ

ထြန္း အမ္တီ (NP News) – ေဖေဖာ္ဝါရီ ၁၇

လြတ္လပ္ေသာ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံသည္ မိမိႏိုင္ငံ၏ လြတ္လပ္ေရးကို ေလးစားျမတ္ႏိုး တန္ဖိုးထားသကဲ့သို႔ ကမာၻ႔ၿငိမ္းခ်မ္းေရးကိုလည္း အေလးထားကာ ကာကြယ္ေစာင့္ ေရွာက္လိုေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

၇၅ ႏွစ္ေျမာက္ ျမန္မာ-႐ုရွားသံတမန္ဆက္ဆံေရး ႏွစ္ပတ္လည္ ခ်စ္ၾကည္ေရးဖိုရမ္၌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကားေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

၇၅ ႏွစ္ေျမာက္ ျမန္မာ-႐ုရွားသံတမန္ဆက္ဆံေရး ႏွစ္ပတ္လည္ ခ်စ္ၾကည္ေရးဖိုရမ္ကို ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗန္းရွင္း ဗဟိုဌာန - ၂ တြင္ က်င္းပခဲ့ျခင္းျဖစ္ သည္။

ထို႔ျပင္ “ျမန္မာႏိုင္ငံသည္ အေရးပါသည့္ ႏိုင္ငံငယ္တစ္ခုျဖစ္ကာ ကမာၻ႔အင္အားႀကီး ႏိုင္ငံအခ်ိဳ႕၏ ၎တို႔အလိုက် ပုံေဖာ္ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ေဒသတြင္း ဩဇာက်ယ္ျပန႔္လာေစေရးအတြက္ နည္းလမ္းမ်ိဳးစုံႏွင့္ ဖိအားေပး အက်ပ္ကိုင္မႈမ်ား၊ အျပစ္ရွာ ေဝဖန္တိုက္ခိုက္မႈမ်ား၊ ပိတ္ဆို႔အေရးယူမႈမ်ား၊ ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္မႈမ်ားကို စဥ္ဆက္မျပတ္ တစ္စိုက္မတ္မတ္ အရွိန္ယူေဆာင္႐ြက္ေနသည္ကို စိတ္မေကာင္းဖြယ္ ေတြ႕ျမင္ေနရသည္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားသြားသည္။

ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္က လြတ္လပ္ေရးရရွိခဲ့ကာ လြတ္လပ္ေရးေၾကျငာစာတမ္းတြင္ “….. ငါတို႔၏ လြတ္လပ္ေရးကို ငါတို႔ ခ်စ္ျမတ္ႏိုးသည္ႏွင့္အညီ တစ္ပါးသူတို႔၏ လြတ္လပ္ေရးကိုလည္း ငါတို႔ေလးစား ေစာင့္စည္းမည္။ ငါတို႔သည္ ၿငိမ္းခ်မ္းေရးကို အလိုရွိသည္ႏွင့္အညီ ငါတို႔ကဲ့သို႔ လိုလားသူမ်ား ႏွင့္ အတူ လက္တြဲ၍ ကမာၻ႔ၿငိမ္းခ်မ္းေရးကို ကာကြယ္ေစာင့္ေရွာက္မည္။ … " ဟု ေဖာ္ျပပါရွိသည္။

ျမန္မာႏိုင္ငံသည္ လြတ္လပ္ေရး ရၿပီးသည့္အခ်ိန္မွစ၍ လြတ္လပ္ၿပီး ဘက္မလိုက္သည့္ ႏိုင္ငံျခားေရးမူဝါဒကိုသာ တစ္ေလွ်ာက္လုံး က်င့္သုံးလာခဲ့ျခင္းျဖစ္သည္။ စစ္ေအးေခတ္ကာလ ေရာက္သည့္အခ်ိန္၊ ျမန္မာႏိုင္ငံ ျပည္တြင္းေရး၌လည္း လက္နက္ကိုင္ေသာင္းက်န္းမႈမ်ားရွိေနသည့္အတြက္ အေရွ႕ႏွင့္ အေနာက္ အင္အားၿပိဳင္မႈမ်ားတြင္ ၾကားေနသည့္အေနျဖင့္ ဘက္မလိုက္သည့္ မူဝါဒကို က်င့္သုံးခဲ့ျခင္းျဖစ္သည္။

သို႔ျဖစ္ပါ၍ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံ၌ စစ္အာဏာသိမ္းမႈ အႀကိမ္ႀကိမ္ ျဖစ္ေပၚခဲ့ေသာ္လည္း တစ္ႀကိမ္တစ္ခါမွ် ျပစ္တင္ရႈံ႕ခ်ျခင္း မျပဳခဲ့သလို အေမရိကန္ကဲ့သို႔ေသာ အင္အားႀကီးႏိုင္ငံႀကီးမ်ားက ႏိုင္ငံငယ္မ်ား၏ ျပည္တြင္းေရး စြက္ဖက္ျခင္းမ်ားကိုလည္း တစ္ႀကိမ္တစ္ခါမွ် ေဝဖန္ျခင္းပင္ မျပဳခဲ့ေၾကာင္း သမိုင္း ေၾကာင္း စာေပမ်ား၌ ေလ့လာေတြ႕ရွိရသည္။

သို႔ေသာ္လည္း ထို႔ကဲ့သို႔ လြတ္လပ္၍ ဘက္မလိုက္သည့္ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးျခင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ပထဝီႏိုင္ငံေရးအရ အေရးပါသည့္ ႏိုင္ငံတစ္ခုျဖစ္ျခင္းေၾကာင့္ ျမန္မာႏိုင္ငံသည္ ျပည္ပစြက္ဖက္မႈမ်ားကို လြတ္လပ္ေရးရစဥ္ကာလမွ အစျပဳ၍ ယေန႔တိုင္ ေတာက္ေလွ်ာက္ ႀကဳံေတြ႕ေနရလ်က္ရွိသည္။

Related news

© 2021. All rights reserved.