အကယ်ဒမီ မို့မို့မြင့်အောင် နှင့် ခင်ပွန်းဟောင်းအား ငွေကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် အမှုဖွင့်ထား

 5432

NP News - ဖေဖော်ဝါရီ ၁၈

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဟောင်းဖြစ်သူ ဦးမောင်မောင်ကျော်တို့အား ငွေကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် ပဲခူးတိုင်း၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

အင်းတကော်မြို့၊ ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုး ဆိုသူက တရားလိုပြုလုပ်ကာ အင်းတကော်ရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း
ရဲစခန်းနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။

ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးနှင့် ဦးမောင်မောင်ကျော်၊ ဒေါ်မို့မို့မြင့်အောင်တို့သည် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့ကြောင်း သိရပြီး ထားဝယ်ဆိပ်ကမ်း လုပ်ငန်းအတွက်
အရေးတကြီးငွေလိုအပ်သည်ဟုဆိုကာ ၎င်းတို့နှစ်ဦးမှ ငွေကျပ်သိန်း(၅ဝဝဝ) ခေတ္တအကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးထံမှ ငွေကျပ်သိန်း(၅ဝဝဝ)ကို ရယူခဲ့ပြီးနောက် ဦးမောင်မောင်ကျော်နှင့်ဒေါ်မို့မို့မြင့်အောင်တို့အား အကြိမ်ကြိမ် ပြန်လည်တောင်းခံခဲ့
သော်လည်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း သိရသည်ဟု အထက်ပါသတင်းအရင်းအမြစ်က ဆိုထားသည်။

ထို့ပြင် နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ငွေကျပ်သိန်း(၅ဝဝဝ)အား ပြန်လည်ပေးဆပ်မည်ဟု ဦးမောင်မော်ကျော်တို့
ဘက်မှ ခံဝန်ကတိလက်မှတ်ရေးထိုးမှုများရှိခဲ့သော်လည်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ကာ ရှောင်တိမ်းနေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် ငွေထုတ်ပေးခဲ့သော ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးသည် အင်းတကော်ရဲစခန်းသို့သွားရောက်ကာ ဦးမောင်မောင်ကျော်နှင့် ဒေါ်မို့မို့မြင့်အောင်တို့အား အရေးယူပေးရန်
ရာဇသတ်ကြီးပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သောသတင်းအရင်းအမြစ်က ဆိုထားသည်။

ထိုသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ လတ်တလောတွင် သရုပ်ဆောင်မို့မို့မြင့်အောင်ဘက်မှ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံပိုင်သတင်းစာ၌ သရုပ်ဆောင်မို့မို့မြင့်အောင်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နှင့် တရားဝင်ကွာရှင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရှိရသည်။

ဦးမောင်မောင်ကျော်အနေဖြင့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထားခြင်းကြောင့် လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိသည့်အတွက် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြီး ဖြစ်ကြောင်း သရုပ်ဆောင်မို့မို့မြင့်အောင်ဘက်က ကြေညာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

Zawgyi Version;
အကယ္ဒမီ မို႔မို႔ျမင့္ေအာင္ ႏွင့္ ခင္ပြန္းေဟာင္းအား ေငြက်ပ္သိန္း(၅ဝဝဝ)လိမ္လည္မႈျဖင့္ အမႈဖြင့္ထား
NP News - ေဖေဖာ္ဝါရီ ၁၈

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ မို႔မို႔ျမင့္ေအာင္ႏွင့္ ခင္ပြန္းေဟာင္းျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္တို႔အား ေငြက်ပ္သိန္း(၅ဝဝဝ)လိမ္လည္မႈျဖင့္ ပဲခူးတိုင္း၊ အင္းတေကာ္ၿမိဳ႕ရွိ အင္းတေကာ္ရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

အင္းတေကာ္ၿမိဳ႕၊ ထန္းပင္ေခ်ာင္ေက်း႐ြာေန ဦးစိုးလႈိင္(ခ)ဦးေအာင္ေအာင္မိုး ဆိုသူက တရားလိုျပဳလုပ္ကာ အင္းတေကာ္ရဲစခန္းသို႔ လာေရာက္အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း
ရဲစခန္းႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို အတည္ျပဳေျပာဆိုထားသည္။

ဦးစိုးလႈိင္(ခ)ဦးေအာင္ေအာင္မိုးႏွင့္ ဦးေမာင္ေမာင္ေက်ာ္၊ ေဒၚမို႔မို႔ျမင့္ေအာင္တို႔သည္ ခင္မင္ရင္းႏွီးသည့္ ဆက္ဆံေရးရွိခဲ့ေၾကာင္း သိရၿပီး ထားဝယ္ဆိပ္ကမ္း လုပ္ငန္းအတြက္
အေရးတႀကီးေငြလိုအပ္သည္ဟုဆိုကာ ၎တို႔ႏွစ္ဦးမွ ေငြက်ပ္သိန္း(၅ဝဝဝ) ေခတၱအကူအညီေပးရန္ ေတာင္းခံခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဦးစိုးလႈိင္(ခ)ဦးေအာင္ေအာင္မိုးထံမွ ေငြက်ပ္သိန္း(၅ဝဝဝ)ကို ရယူခဲ့ၿပီးေနာက္ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ေဒၚမို႔မို႔ျမင့္ေအာင္တို႔အား အႀကိမ္ႀကိမ္ ျပန္လည္ေတာင္းခံခဲ့
ေသာ္လည္း ေပးအပ္ျခင္းမရွိခဲ့ေၾကာင္း သိရသည္ဟု အထက္ပါသတင္းအရင္းအျမစ္က ဆိုထားသည္။

ထို႔ျပင္ ႏွစ္ဖက္အၾကား ေတြ႕ဆုံညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလအတြင္း ေငြက်ပ္သိန္း(၅ဝဝဝ)အား ျပန္လည္ေပးဆပ္မည္ဟု ဦးေမာင္ေမာ္ေက်ာ္တို႔
ဘက္မွ ခံဝန္ကတိလက္မွတ္ေရးထိုးမႈမ်ားရွိခဲ့ေသာ္လည္း ျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္ကာ ေရွာင္တိမ္းေနလ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ ေငြထုတ္ေပးခဲ့ေသာ ဦးစိုးလႈိင္(ခ)ဦးေအာင္ေအာင္မိုးသည္ အင္းတေကာ္ရဲစခန္းသို႔သြားေရာက္ကာ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ ေဒၚမို႔မို႔ျမင့္ေအာင္တို႔အား အေရးယူေပးရန္
ရာဇသတ္ႀကီးပုဒ္မ ၄၂ဝ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း ရဲစခန္းႏွင့္နီးစပ္ေသာသတင္းအရင္းအျမစ္က ဆိုထားသည္။

ထိုသို႔ အမႈဖြင့္ထားသည့္ကိစၥႏွင့္ပတ္သက္၍ လတ္တေလာတြင္ သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္ဘက္မွ တစ္စုံတစ္ရာထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မေတြ႕ရေသးေပ။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ႏိုင္ငံပိုင္သတင္းစာ၌ သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္သည္ ၎၏ခင္ပြန္းျဖစ္သူ ဦးေမာင္ေမာင္ေက်ာ္ႏွင့္ တရားဝင္ကြာရွင္းၿပီးျဖစ္ေၾကာင္း ေၾကညာခဲ့သည္ကို ေတြ႕ရွိရသည္။

ဦးေမာင္ေမာင္ေက်ာ္အေနျဖင့္ ေငြေၾကးအရႈပ္အရွင္းမ်ားကို အႀကိမ္ႀကိမ္က်ဴးလြန္ထားျခင္းေၾကာင့္ လက္ခံခြင့္လႊတ္ႏိုင္စြမ္း မရွိသည့္အတြက္ ႏွစ္ဦးသေဘာတူ တရားဝင္ကြာရွင္းၿပီး ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္မို႔မို႔ျမင့္ေအာင္ဘက္က ေၾကညာခဲ့သည္ကို ေတြ႕ရွိခဲ့ရသည္။

Related news

© 2021. All rights reserved.