ဒုဌဝတီမြစ်အတွင်း ရေဆင်းဆော့သည့် ကိုရင်(၅)ပါး‌ ရေနစ်ခဲ့ရာ တစ်ပါးပျံလွန်တော်မူ

 999

NP News - ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဌဝတီမြစ်အတွင်း ကိုရင်(၅)ပါး ရေဆင်းဆော့ရာမှ ရေနစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၉)ရက်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာရှိ ဒုဌဝတီမြစ် ရေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ သိရသည်။

“ကိုရင်လေး(၅)ပါးပေါ့ ကျောင်းနားက ရေဆိပ်မှာ ရေဆင်းဆော့ရင်းနဲ့ ရေနစ်ကြတာ။ ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ (၄)ပါး ကတော့ ရွာသားတွေဆယ်ပြီးသွားကြပါပြီ ကျန်တဲ့တစ်ပါးကို‌တော့ ဒီနေ့မနက်မှပဲပြန်တွေ့တာပါ” ဟု အဆိုပါကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းကိုရင်လေး(၅)ပါးသည် ဥယျာဉ်တော်ကျေးရွာရှိ ရွှေရန်လင်းမင်းကျောင်း ဘုန်းတော်ကြီးစာသင်တိုက်မှ ဖြစ်ပြီး ကျောင်းအနီးရှိ မြစ်ထဲတွင် ရေဆင်းဆော့ရာမှ ရေနစ်မှုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုရင်(၅)ပါးအနက် (၄)ပါးကို နာရီပိုင်းအတွင်း ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်ရှိသော ကိုရင် တစ်ပါးအား ယနေ့(ဖေဖော်ဝါရီ ၂၀ရက်နေ့) နံနက်(၇)နာရီ အချိန်ခန့်တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

Zawgyi Version

ဒုဌဝတီျမစ္အတြင္း ေရဆင္းေဆာ့သည့္ ကိုရင္(၅)ပါး‌ ေရနစ္ခဲ့ရာ တစ္ပါးပ်ံလြန္ေတာ္မူ

NP News - ေဖေဖာ္ဝါရီ ၂၀

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္တြင္ ဒုဌဝတီျမစ္အတြင္း ကိုရင္(၅)ပါး ေရဆင္းေဆာ့ရာမွ ေရနစ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ(၁၉)ရက္ေန႔ ညေန(၄)နာရီ အခ်ိန္ခန႔္တြင္ အမရပူရၿမိဳ႕နယ္၊ ဥယ်ာဥ္ေတာ္ေက်း႐ြာရွိ ဒုဌဝတီျမစ္ ေရဆိပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မႏၲေလးတိုင္း)မွ သိရသည္။

“ကိုရင္ေလး(၅)ပါးေပါ့ ေက်ာင္းနားက ေရဆိပ္မွာ ေရဆင္းေဆာ့ရင္းနဲ႔ ေရနစ္ၾကတာ။ ကြၽန္ေတာ္တို႔ေရာက္တဲ့ အခ်ိန္မွာ (၄)ပါး ကေတာ့ ႐ြာသားေတြဆယ္ၿပီးသြားၾကပါၿပီ က်န္တဲ့တစ္ပါးကို‌ေတာ့ ဒီေန႔မနက္မွပဲျပန္ေတြ႕တာပါ” ဟု အဆိုပါကယ္ဆယ္ေရး အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎ကိုရင္ေလး(၅)ပါးသည္ ဥယ်ာဥ္ေတာ္ေက်း႐ြာရွိ ေ႐ႊရန္လင္းမင္းေက်ာင္း ဘုန္းေတာ္ႀကီးစာသင္တိုက္မွ ျဖစ္ၿပီး ေက်ာင္းအနီးရွိ ျမစ္ထဲတြင္ ေရဆင္းေဆာ့ရာမွ ေရနစ္မႈျဖစ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကိုရင္(၅)ပါးအနက္ (၄)ပါးကို နာရီပိုင္းအတြင္း ျပန္လည္ကယ္ဆယ္ႏိုင္ခဲ့ၿပီး က်န္ရွိေသာ ကိုရင္ တစ္ပါးအား ယေန႔(ေဖေဖာ္ဝါရီ ၂၀ရက္ေန႔) နံနက္(၇)နာရီ အခ်ိန္ခန႔္တြင္ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.