New Caledonia ကျွန်းတွင် ငါးမန်းကိုက်ခံရမှုကြောင့် ဩစတြေးလျနိုင်ငံသားခရီးသွားတစ်ဦးသေဆုံး

685

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ
ပစိဖိတ်သမုဒ္ဒရာရှိ New Caledonia ကျွန်းတွင် ဩစတြေးလျနိုင်ငံသားခရီးသွားတစ်ဦးသည် ရေကူးနေစဥ် ငါးမန်းတစ်ကောင်ကိုက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အသက်(၅၉)နှစ်အရွယ် အမျိုးသားသည် Nouméa မြို့ရှိ ကမ်းခြေမှ မီတာ(၁၅ဝ)ခန့်အကွာတွင် ရေကူးနေစဥ် ငါးမန်းကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါအမျိုးသားသည် အချက်ပေါင်းများစွာ အကိုက်ခံခဲ့ရပြီး ၎င်း၏လက်နှင့်ခြေထောက်များတွင် ပြင်းထန်သောဒဏ်ရာများရရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်ခံရမှုသည် Nouméa မြို့ Chateau-Royal တွင် သုံးပတ်အတွင်း တတိယအကြိမ်မြောက် ငါးမန်းအကိုက်ခံရမှုဖြစ်ကြောင်းသိရသည်။
ငါးမန်းကိုက်ခံရပြီးနောက် အနီးအနားတွင် ရွက်လွှင့်နေသောလူနှစ်ဦးသည် ၎င်းကို ကမ်းခြေသို့ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ကယ်နိုင်အောင်ကြိုးစားခဲ့ကြကြောင်းလည်းသိရသည်၊၊ ငါးမန်းကိုက်ခံရမှုဖြစ်ပွားချိန်တွင် လူအများအပြားသည် ရေထဲတွင်ရှိနေပြီး တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရပြီးနောက် ကမ်းခြေသို့ အပြေးအလွှားပြန်ပြေးသွားခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ငါးမန်းကိုက်ခံရမှုဖြစ်ပွားပြီးနောက် အာဏာပိုင်များသည် ကမ်းခြေအများစုကိုပိတ်ထားပြီး အနီးအနားရေပြင်ရှိ ငါးမန်းများအားလုံးကိုဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်းလည်းသိရသည်၊၊ အဆိုပါကမ်းခြေတွင် ဇန်နဝါရီလ(၂၉)ရက်က အသက်(၄၉)နှစ်အရွယ် ရေကူးသမားတစ်ဦး ငါးမန်းကိုက်ခံခဲ့ရပြီး ဒဏ်ရာအပြင်း အထန်ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ရေလွှာလျှောစီးသမားတစ်ဦးလည်း ထပ်မံအကိုက်ခံခဲ့ရကြောင်းသိရသည်။ Vanuatu နိုင်ငံ တောင်ဘက်တွင် ရှိသော New Caledonia ကျွန်းသည် ဩစတေးလျနိုင်ငံအရှေ့ဘက် (၁၂ဝဝ)ကီလိုမီတာအကွာတွင်တည်ရှိကြောင်းလည်း သိရသည်။ New Caledonia ကျွန်းတွင် လူပေါင်း(၂)သိန်း(၇)သောင်းခန့်သာနေထိုင်ကြသော်လည်း ငါးမန်းတိုက်ခိုက်ခံရမှုတွင် ကမ္ဘာ့အဆင့်(၁၃)နေရာတွင်ရှိနေကြောင်းလည်းသိရသည်။

zawgyi version
New Caledonia ကြၽန္းတြင္ ငါးမန္းကိုက္ခံရမႈေၾကာင့္ ဩစေၾတးလ်ႏိုင္ငံသားခရီးသြားတစ္ဦးေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ပစိဖိတ္သမုဒၵရာရွိ New Caledonia ကြၽန္းတြင္ ဩစေၾတးလ်ႏိုင္ငံသားခရီးသြားတစ္ဦးသည္ ေရကူးေနစဥ္ ငါးမန္းတစ္ေကာင္ကိုက္ခံရျခင္းေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။
အသက္(၅၉)ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ Nouméa ၿမိဳ႕ရွိ ကမ္းေျခမွ မီတာ(၁၅ဝ)ခန္႔အကြာတြင္ ေရကူးေနစဥ္ ငါးမန္းကိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ အဆိုပါအမ်ိဳးသားသည္ အခ်က္ေပါင္းမ်ားစြာ အကိုက္ခံခဲ့ရၿပီး ၎၏လက္ႏွင့္ေျခေထာက္မ်ားတြင္ ျပင္းထန္ေသာဒဏ္ရာမ်ားရရွိခဲ့ၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ ယင္းတိုက္ခိုက္ခံရမႈသည္ Nouméa ၿမိဳ႕ Chateau-Royal တြင္ သုံးပတ္အတြင္း တတိယအႀကိမ္ေျမာက္ ငါးမန္းအကိုက္ခံရမႈျဖစ္ေၾကာင္းသိရသည္။
ငါးမန္းကိုက္ခံရၿပီးေနာက္ အနီးအနားတြင္ ႐ြက္လႊင့္ေနေသာလူႏွစ္ဦးသည္ ၎ကို ကမ္းေျခသို႔ျပန္လည္ေခၚေဆာင္လာခဲ့ၿပီး အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ အသက္ကယ္ႏိုင္ေအာင္ႀကိဳးစားခဲ့ၾကေၾကာင္းလည္းသိရသည္၊၊ ငါးမန္းကိုက္ခံရမႈျဖစ္ပြားခ်ိန္တြင္ လူအမ်ားအျပားသည္ ေရထဲတြင္ရွိေနၿပီး တိုက္ခိုက္မႈကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ကမ္းေျခသို႔ အေျပးအလႊားျပန္ေျပးသြားခဲ့ၾကေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ငါးမန္းကိုက္ခံရမႈျဖစ္ပြားၿပီးေနာက္ အာဏာပိုင္မ်ားသည္ ကမ္းေျခအမ်ားစုကိုပိတ္ထားၿပီး အနီးအနားေရျပင္ရွိ ငါးမန္းမ်ားအားလုံးကိုဖမ္းဆီးရန္ အမိန႔္ေပးခဲ့ေၾကာင္းလည္းသိရသည္၊၊ အဆိုပါကမ္းေျခတြင္ ဇန္နဝါရီလ(၂၉)ရက္က အသက္(၄၉)ႏွစ္အ႐ြယ္ ေရကူးသမားတစ္ဦး ငါးမန္းကိုက္ခံခဲ့ရၿပီး ဒဏ္ရာအျပင္း အထန္ရရွိခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ ေရလႊာေလွ်ာစီးသမားတစ္ဦးလည္း ထပ္မံအကိုက္ခံခဲ့ရေၾကာင္းသိရသည္။ Vanuatu ႏိုင္ငံ ေတာင္ဘက္တြင္ ရွိေသာ New Caledonia ကြၽန္းသည္ ဩစေတးလ်ႏိုင္ငံအေရွ႕ဘက္ (၁၂ဝဝ)ကီလိုမီတာအကြာတြင္တည္ရွိေၾကာင္းလည္း သိရသည္။ New Caledonia ကြၽန္းတြင္ လူေပါင္း(၂)သိန္း(၇)ေသာင္းခန႔္သာေနထိုင္ၾကေသာ္လည္း ငါးမန္းတိုက္ခိုက္ခံရမႈတြင္ ကမာၻ႔အဆင့္(၁၃)ေနရာတြင္ရွိေနေၾကာင္းလည္းသိရသည္။