ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်

 3359

ယွန်း (NP News) - ဖေ‌ဖော်ဝါရီ ၂၁

နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်သည့် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့သော ထပ်ဆင့်အကယ်ဒမီသီဟတင်စိုး ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သီဟတင်စိုးသည် ယနေ့(ဖေဖော်ဝါရီလ ၂၁ ရက်)တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ယနေ့နံနက်ပိုင်းတွင် နှလုံးရောဂါဖောက်ကာ သင်္ကန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ သွားနှင့်တော့ ကိုသီဟရေ။ အကိုနဲ့ ချိန်းထားတာတောင် မတွေ့ဆုံရတော့ဖူးပေါ့။ ကောင်းရာသုဂတိလားပါစေ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။ သာဓုခေါ်ပါ အစ်ကို” ဟု ဝေဠုကျော်ကလည်း အသိပေးပြောဆိုထားသည်။

အကယ်ဒမီသီဟတင်စိုးသည် တော်လှန်ရေးဇာတ်ကားအများအပြားနှင့် ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးထားခဲ့ပြီး အကယ်ဒမီများလည်း ရရှိခဲ့သူဖြစ်သည်။

သီဟတင်စိုး ပါဝင်သရုပ်ဆောင်ထားသည့် ငရဲသား၊ အနိုင်မခံ အရှုံးမပေး၊ တိုက်ပွဲခေါ်သံ စသည့် ရုပ်ရှင်ဇာတ်ကားများသည် လူသိများ ကျော်ကြားခဲ့သည်။

သရုပ်ဆောင်သီဟတင်စိုးသည် ၂ဝဝဝ ပြည့်နှစ်တွင် ကျင်းပသည့် (၄၉)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်ဆုပေးပွဲ၌ ငရဲသားရုပ်ရှင် ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုနှင့် ဒါရိုက်တာဆုတို့ကို ရယူနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

၎င်း၏ ဇနီးဖြစ်သူ အကယ်ဒမီ ဇင်မာဦးသည်လည်း ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် မတ်လ(၁၁)ရက်တွင် နှလုံး ရောဂါဖြင့် ကွယ်လွန်ထားသည်။

zawgyi version
ထပ္ဆင့္အကယ္ဒမီ သီဟတင္စိုး ကြယ္လြန္
ယြန္း (NP News) - ေဖ‌ေဖာ္ဝါရီ ၂၁

နယ္ခ်ဲ႕အဂၤလိပ္တို႔အား ေတာ္လွန္သည့္ ဇာတ္ကားမ်ားစြာကို ႐ိုက္ကူးခဲ့ေသာ ထပ္ဆင့္အကယ္ဒမီသီဟတင္စိုး ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

သီဟတင္စိုးသည္ ယေန႔(ေဖေဖာ္ဝါရီလ ၂၁ ရက္)တြင္ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ ယေန႔နံနက္ပိုင္းတြင္ ႏွလုံးေရာဂါေဖာက္ကာ သကၤန္းကြၽန္းစံျပေဆး႐ုံသို႔ ပို႔ေဆာင္စဥ္လမ္း၌ ကြယ္လြန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ထပ္ဆင့္အကယ္ဒမီ ကိုသီဟတင္စိုး ႏွလုံးေရာဂါနဲ႔ ယေန႔ကြယ္လြန္သြားေၾကာင္း သိရလို႔ က်န္ရစ္သူမိသားစုဝင္ေတြနဲ႔အတူ အထူးဝမ္းနည္းစိတ္မေကာင္း ျဖစ္ရပါတယ္။ သြားႏွင့္ေတာ့ ကိုသီဟေရ။ အကိုနဲ႔ ခ်ိန္းထားတာေတာင္ မေတြ႕ဆုံရေတာ့ဖူးေပါ့။ ေကာင္းရာသုဂတိလားပါေစ။ ျပဳမိသမွ် ကုသိုလ္ အမွ်ေဝလိုက္ပါတယ္။ သာဓုေခၚပါ အစ္ကို” ဟု ေဝဠဳေက်ာ္ကလည္း အသိေပးေျပာဆိုထားသည္။

အကယ္ဒမီသီဟတင္စိုးသည္ ေတာ္လွန္ေရးဇာတ္ကားအမ်ားအျပားႏွင့္ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားကို ႐ိုက္ကူးထားခဲ့ၿပီး အကယ္ဒမီမ်ားလည္း ရရွိခဲ့သူျဖစ္သည္။

သီဟတင္စိုး ပါဝင္သ႐ုပ္ေဆာင္ထားသည့္ ငရဲသား၊ အႏိုင္မခံ အရႈံးမေပး၊ တိုက္ပြဲေခၚသံ စသည့္ ႐ုပ္ရွင္ဇာတ္ကားမ်ားသည္ လူသိမ်ား ေက်ာ္ၾကားခဲ့သည္။

သ႐ုပ္ေဆာင္သီဟတင္စိုးသည္ ၂ဝဝဝ ျပည့္ႏွစ္တြင္ က်င္းပသည့္ (၄၉)ႀကိမ္ေျမာက္ ျမန္မာ့႐ုပ္ရွင္ဆုေပးပြဲ၌ ငရဲသား႐ုပ္ရွင္ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ေဆာင္ဆုႏွင့္ ဒါ႐ိုက္တာဆုတို႔ကို ရယူႏိုင္ခဲ့သူတစ္ဦးလည္း ျဖစ္ေၾကာင္း သိရသည္။

၎၏ ဇနီးျဖစ္သူ အကယ္ဒမီ ဇင္မာဦးသည္လည္း ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ မတ္လ(၁၁)ရက္တြင္ ႏွလုံး ေရာဂါျဖင့္ ကြယ္လြန္ထားသည္။

Related news

© 2021. All rights reserved.