မြန်မာနိုင်ငံ၌ သံနှင့် သံမဏိ တန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် လိုအပ်ချက်အတွက် နှစ်စဉ်နိုင်ငံခြားငွေ(၁)ဘီလျံကျော် သုံးစွဲနေရ

 998

ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ၌ သံနှင့်သံမဏိ တန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် လိုအပ်ချက်အတွက် နှစ်စဉ် နိုင်ငံခြားငွေ(၁)ဘီလျံကျော် သုံးစွဲနေရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံချိန်တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ၏ သံနှင့် သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် (၂ ဒသမ ၅)သန်းမှ သုံးသန်းခန့်ရှိသည့် အတွက် လိုအပ်သောတန်ချိန် (၂)သန်းခန့်ကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရပြီး နိုင်ငံခြားငွေ (၁)ဘီလျံကျော်ခန့် သုံးစွဲနေရကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် သံနှင့်သံမဏိထုတ်လုပ်သည့် လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်များစွာ နောက်ကျလျက်ရှိပြီး သံ၊ သံမဏိနှင့်ပတ်သက်သည့် မူဝါဒများရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်း၌ထုတ်လုပ်သည့် သံနှင့်သံမဏိများ၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့်သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

အလားတူ မြန်မာနိုင်ငံရှိသံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှုအပေါ်မူတည်၍ အသုံးပြုနိုင်သည့်နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များရရှိနိုင်မှုနှင့် စွမ်းအင်နှင့်လောင်စာပံ့ပိုးပေးနိုင်မှု အပေါ်မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်မည့် Plan များ ရေးဆွဲသွားရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ သံနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၌ စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာန၌ စက်ရုံနှစ်ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၌ စက်ရုံသုံးရုံရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုရှိကြောင်းသိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ သံႏွင့္ သံမဏိ တန္ခ်ိန္(၁)သန္းခန႔္သာ ထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ လိုအပ္ခ်က္အတြက္ ႏွစ္စဥ္ႏိုင္ငံျခားေငြ(၁)ဘီလ်ံေက်ာ္ သုံးစြဲေနရ
ရဲျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၂

ျမန္မာႏိုင္ငံ၌ သံႏွင့္သံမဏိ တန္ခ်ိန္(၁)သန္းခန႔္သာ ထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ လိုအပ္ခ်က္အတြက္ ႏွစ္စဥ္ ႏိုင္ငံျခားေငြ(၁)ဘီလ်ံေက်ာ္ သုံးစြဲေနရေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေျပာသည္။

စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီဥကၠ႒ႏွင့္အဖြဲ႕အား လက္ခံေတြ႕ဆုံခ်ိန္တြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

ျမန္မာႏိုင္ငံ၏ သံႏွင့္ သံမဏိ လိုအပ္ခ်က္သည္ ႏွစ္စဥ္တန္ခ်ိန္ (၂ ဒသမ ၅)သန္းမွ သုံးသန္းခန႔္ရွိသည့္ အတြက္ လိုအပ္ေသာတန္ခ်ိန္ (၂)သန္းခန႔္ကို ႏွစ္စဥ္ျပည္ပမွတင္သြင္းေနရၿပီး ႏိုင္ငံျခားေငြ (၁)ဘီလ်ံေက်ာ္ခန႔္ သုံးစြဲေနရေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ သံႏွင့္သံမဏိထုတ္လုပ္သည့္ လုပ္ငန္းမ်ားသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္လွ်င္မ်ားစြာ ေနာက္က်လ်က္ရွိၿပီး သံ၊ သံမဏိႏွင့္ပတ္သက္သည့္ မူဝါဒမ်ားေရးဆြဲျပ႒ာန္းမွသာ ျပည္တြင္း၌ထုတ္လုပ္သည့္ သံႏွင့္သံမဏိမ်ား၊ ျပည္ပမွတင္သြင္းလာသည့္ သံႏွင့္သံမဏိမ်ားအား အရည္အေသြး စစ္ေဆးႀကီးၾကပ္ႏိုင္မည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာသည္။

အလားတူ ျမန္မာႏိုင္ငံရွိသံထြက္ရွိရာေဒသမ်ား၊ သံသတၱဳ႐ိုင္းအတြင္း သံပါဝင္မႈအေပၚမူတည္၍ အသုံးျပဳႏိုင္သည့္နည္းစဥ္မ်ား၊ လိုအပ္သည့္ဆက္စပ္ စက္မႈကုန္ၾကမ္းတြင္းထြက္မ်ားရရွိႏိုင္မႈႏွင့္ စြမ္းအင္ႏွင့္ေလာင္စာပံ့ပိုးေပးႏိုင္မႈ အေပၚမူတည္၍ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ အေကာင္းဆုံးနည္းလမ္းမ်ားကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္မည့္ Plan မ်ား ေရးဆြဲသြားရမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္း ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၏ သံႏွင့္ သံမဏိထုတ္လုပ္မႈလုပ္ငန္းတြင္ ႏိုင္ငံပိုင္အေနျဖင့္ ကာကြယ္ေရးဝန္ႀကီးဌာန၌ စက္႐ုံတစ္႐ုံ၊ စက္မႈဝန္ႀကီးဌာန၌ စက္႐ုံႏွစ္႐ုံ၊ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း၌ စက္႐ုံသုံး႐ုံရွိၿပီး စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန၌ မွတ္ပုံတင္ထားသည့္ ပုဂၢလိက သံရည္က်ိဳလုပ္ငန္းေပါင္း ၃၆၂ ခုရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.