နေပြည်တော်၌ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

 957

ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၂၃

၂ဝ၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလတွင် နေပြည်တော်၌ လမ်း လျှောက်သင်္ကြန်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

"လာမယ့် ဧပြီလမှာ ကျရောက်မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံးထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ မြန်မာ့ရိုးရာယဉ် ကျေးမှုအငွေ့အသက်တွေမပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် နေပြည်တော်၌ သင်္ကြန်ပွဲတော်ကျင်းပခဲ့သော်လည်း မြို့တော်ဝန်မဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်နှစ်ခုသာရှိခဲ့ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်ကို ပြီးခဲ့သည့်နှစ်များကလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး အတော်များများတွင် ထည့်သွင်းကျင်းပလာခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္၌ လမ္းေလွ်ာက္သၾကၤန္ကို ပထမဆုံးအႀကိမ္ ထည့္သြင္းက်င္းပမည္
ရဲျပည့္ (NP News) - ေဖေဖာ္ဝါရီ ၂၃

၂ဝ၂၃ ခုႏွစ္ ျမန္မာ့႐ိုးရာအတာသၾကၤန္ပြဲေတာ္ကာလတြင္ ေနျပည္ေတာ္၌ လမ္းေလွ်ာက္သၾကၤန္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းေလွ်ာက္သၾကၤန္က်င္းပႏိုင္ေရးအတြက္ အႀကိဳညႇိႏႈိင္းအစည္းအေဝးကို ေဖေဖာ္ဝါရီလ ၂၂ ရက္က က်င္းပခဲ့ေၾကာင္းသိရသည္။

"လာမယ့္ ဧၿပီလမွာ က်ေရာက္မယ့္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူးသၾကၤန္ပြဲေတာ္မွာ လမ္းေလွ်ာက္သၾကၤန္ကို ေနျပည္ေတာ္၌ ပထမဆုံးထည့္သြင္းက်င္းပမွာျဖစ္ပါတယ္။ လမ္းေလွ်ာက္သၾကၤန္မွာ ျမန္မာ့႐ိုးရာယဥ္ ေက်းမႈအေငြ႕အသက္ေတြမေပ်ာက္ပ်က္ေအာင္ စံနမူနာျပ ေဆာင္႐ြက္သြားရမွာျဖစ္ပါတယ္"ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ ေနျပည္ေတာ္၌ သၾကၤန္ပြဲေတာ္က်င္းပခဲ့ေသာ္လည္း ၿမိဳ႕ေတာ္ဝန္မ႑ပ္အပါအဝင္ ေရကစားမ႑ပ္ႏွစ္ခုသာရွိခဲ့ေၾကာင္း သိရသည္။

လမ္းေလွ်ာက္သၾကၤန္ကို ၿပီးခဲ့သည့္ႏွစ္မ်ားကလည္း ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီး အေတာ္မ်ားမ်ားတြင္ ထည့္သြင္းက်င္းပလာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.