ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးရဲ့ နောက်ဆုံးခရီးမြင်ကွင်း

 3942

NP News - ဖေဖော်ဝါရီ ၂၃

နှလုံးရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ရုပ်နှင့်နှင့် ဗီဒီယိုသရုပ် ဆောင်၊ ဒါရိုက်တာ သီဟတင်စိုးရဲ့နောက်ဆုံးခရီကို ဒီနေ့ (ဖေဖော်ဝါရီလ ၂၃ရက်) နေ့လည် (၁)နာရီခန့်မှာ ရန်ကုန်မြို့ရှိ ရေးဝေးသုသာန်မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ရေးမင်းသားကြီးလို့ပရိသတ်တွေရဲ့ တင်စားခေါ်ခံခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်က သင်္ကန်းကျွန်းစံပြဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ဆုံးပါးသွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၇)နှစ်ရှိပြီလည်းဖြစ်ပါတယ်။

​သူ့ရဲ့နောက်ဆုံးခရီးကိုတော့ ၎င်းရဲ့သားဖြစ်သူ စစ်နိုင်သီဟဦးနဲ့သမီးဖြစ်သူ စပယ်ဖူးငုံဦး၊ ညီမဖြစ်သူ ခင်စံပယ်ဦးနဲ့ခင်ပွန်းဖြစ်သူ အကယ်ဒမီလူမင်းတို့တက်ရောက်ခဲ့သည့်အပြင် နေ​အောင်၊ နိုင်လူ၊ ‌ဝေဠုကျော် ၊ လန်ဒန်၊ ကိုလူချောအဖွဲ့ဝိုင်းတော်သားများနှင့် အခြားသော အနုပညာရှင်များနှင့် ပရိသတ်များစွာက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

zawgyi version

NP News - ဖေဖော်ဝါရီ ၂၃



သူ့ရဲ့နောက်ဆုံးခရီးကိုတော့ ၎င်းရဲ့သားဖြစ်သူ စဈနိုင်သီဟဦးနဲ့သမီးဖြစ်သူ စပယ်ဖူးငုံဦး၊ ညီမဖြစ်သူ ခင်စံပယ်ဦးနဲ့ခင်ပွန်းဖြစ်သူ အကယ်ဒမီလူမင်းတို့တက်ရောက်ခဲ့သည့်အပြင် နေ​အောင်၊ နိုင်လူ၊ ‌ဝေဠုကျော် ၊ လန်ဒန်၊ ကိုလူချောအဖွဲ့ဝိုင်းတော်သားများနှင့် အခြားသော အနုပညာရှင်များနှင့် ပရိသတ်များစွာက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

Picture

L Mone

24/02/2023 06:22

အနိစ္စသဘောဆိုတာ သိပ်ကို အားကျခဲ့ရတဲ့ ဦးသီဟကြီးက ပြပေးခဲ့တာ နောက်ပြီး မိဘ အကြောင်းတွေက စလို့ပေါ့လေ..

Related news

© 2021. All rights reserved.