ရွှေတိဂုံပုံတူစေတီပါဝင်မည့် ဗုဒ္ဓဥယျာဉ်တော်ကြီး စပိန်နိုင်ငံတွင် တည်ဆောက်မည်

 2690

ခေတ် (NP News) - ဖေဖော်ဝါရီ ၂၅

စပိန်နိုင်ငံတွင် အကောင်အထည်ဖော်မည့် မဟာကရူနာ စီမံကိန်းနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အခြေခံသည့် အာရှ-ဥရောပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jose Maunel Vilanova Aleman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာ ဗုဒ္ဓဘာသာပညာရေးဌာန (IBEC) ၏ ကျောင်းအုပ်နှင့် စတော့ဟုမ်း ကမ္ဘာ့ငြိမ်း ချမ်းရေး ဆုရှင် ဗုဒ္ဓဘာသာ ဆရာတော် ဒေါက်တာ အရှင်သောဘိတ၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုမ္ဗနီဥယျာဉ်ဖောင်ဒေးရှင်းဥက္ကဋ္ဌက စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ အ ဆောက်အအုံများ ဆောက်လုပ်မည့် အစီအစဉ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။

စပိန်အစိုးရက မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘူတန် နှင့် ထိုင်းနိုင်ငံတို့မှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် စေတီ၊ ပုထိုးတော်များကို တည်ဆောက်ရန် စပိန်နိုင်ငံ Caceres Holy Land မြို့တွင် အမြင့် ၄၇ မီတာ၊ မြေဧရိယာ ၁၁ဝ ဟက်တာခန့် ခွင့်ပြုချက်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၌ မြန်မာနိုင်ငံတွင် ထင်ရှားသော ရွှေတိဂုံစေတီတော်ပုံတူတော်ကို တည် ဆောက်ရန်အတွက် ဆရာတော် ဒေါက်တာ အရှင်သောဘိတအား ဒါရိုက်တာအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။

မဟာကရူနာ စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ဆောက်လုပ်ရေးကာ လသည် (၁၅)နှစ်အဖြစ် လျာထားကြောင်း သိရသည်။

စီမံကိန်းတွင် မြန်မာ၊ ထိုင်း၊ နီပေါ စသည့် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုး ကွယ်သည့် နိုင်ငံများမှ စေတီများနှင့် ဘာသာရေး အဆောက်အအုံများကို ဦးစား ပေး ဆောက်လုပ်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ စေတီပုထိုးများနှင့် သာသနာ့အဆောက်အအုံများ၏ ပုံတူများကို စပိန်နိုင်ငံတွင် ဆောက်လုပ်ခွင့် ရရှိခြင်းကြောင့် မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာပြီး မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာ-နီပေါနှင့် စပိန်ဘုရားဖူးခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးမည့် စီမံကိန်းကို ကြိုဆိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

zawgyi version
ေ႐ႊတိဂုံပုံတူေစတီပါဝင်မည့္ ဗုဒၶဥယ်ာဥ္ေတာ္ႀကီး စပိန္ႏိုင္ငံတြင္ တည္ေဆာက္မည္

ေခတ္ (NP News) - ေဖေဖာ္ဝါရီ ၂၅

စပိန္ႏိုင္ငံတြင္ အေကာင္အထည္ေဖာ္မည့္ မဟာက႐ူနာ စီမံကိန္းႏွင့္ ပတ္သက္၍ ဗုဒၶဘာသာ အေျခခံသည့္ အာရွ-ဥေရာပ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေဌးေအာင္သည္ လုမၺနီဥယ်ာဥ္ ေဖာင္ေဒးရွင္း ဥကၠ႒ Jose Maunel Vilanova Aleman ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း ႏိုင္ငံတကာ ဗုဒၶဘာသာပညာေရးဌာန (IBEC) ၏ ေက်ာင္းအုပ္ႏွင့္ စေတာ့ဟုမ္း ကမာၻ႔ၿငိမ္း ခ်မ္းေရး ဆုရွင္ ဗုဒၶဘာသာ ဆရာေတာ္ ေဒါက္တာ အရွင္ေသာဘိတ၏ မိန႔္ၾကားခ်က္အရ သိရသည္။

အဆိုပါ အစည္းအေဝးပြဲကို ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၌ က်င္းပခဲ့ေၾကာင္း သိရသည္။

လုမၺနီဥယ်ာဥ္ေဖာင္ေဒးရွင္းဥကၠ႒က ေစတီပုထိုးမ်ား၊ ဘာသာေရးဆိုင္ရာ အ ေဆာက္အအုံမ်ား ေဆာက္လုပ္မည့္ အစီအစဥ္ကို ရွင္းျပခဲ့ေၾကာင္း သိရသည္။

စပိန္အစိုးရက ျမန္မာ၊ နီေပါ၊ သီရိလကၤာ၊ ဘူတန္ ႏွင့္ ထိုင္းႏိုင္ငံတို႔မွ ကမာၻ႔အႀကီးဆုံး ဗုဒၶ႐ုပ္ပြားေတာ္အပါအဝင္ ေစတီ၊ ပုထိုးေတာ္မ်ားကို တည္ေဆာက္ရန္ စပိန္ႏိုင္ငံ Caceres Holy Land ၿမိဳ႕တြင္ အျမင့္ ၄၇ မီတာ၊ ေျမဧရိယာ ၁၁ဝ ဟက္တာခန႔္ ခြင့္ျပဳခ်က္ေပးထားၿပီး ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္း၌ ျမန္မာႏိုင္ငံတြင္ ထင္ရွားေသာ ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ကို တည္ ေဆာက္ရန္အတြက္ ဆရာေတာ္ ေဒါက္တာ အရွင္ေသာဘိတအား ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ထားေၾကာင္း သိရသည္။

မဟာက႐ူနာ စီမံကိန္းကို ၂ဝ၁၈ ခုႏွစ္မွ စတင္ေရးဆြဲခဲ့ၿပီး ေဆာက္လုပ္ေရးကာ လသည္ (၁၅)ႏွစ္အျဖစ္ လ်ာထားေၾကာင္း သိရသည္။

စီမံကိန္းတြင္ ျမန္မာ၊ ထိုင္း၊ နီေပါ စသည့္ ေထရဝါဒ ဗုဒၶဘာသာ ကိုး ကြယ္သည့္ ႏိုင္ငံမ်ားမွ ေစတီမ်ားႏွင့္ ဘာသာေရး အေဆာက္အအုံမ်ားကို ဦးစား ေပး ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ဆရာေတာ္က မိန႔္ၾကားခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံမွ ေစတီပုထိုးမ်ားႏွင့္ သာသနာ့အေဆာက္အအုံမ်ား၏ ပုံတူမ်ားကို စပိန္ႏိုင္ငံတြင္ ေဆာက္လုပ္ခြင့္ ရရွိျခင္းေၾကာင့္ ျမန္မာႏိုင္ငံအေၾကာင္း ပိုမိုသိရွိလာၿပီး ျမန္မာ့ခရီးသြားလုပ္ငန္းကိုလည္း ျမႇင့္တင္ေပးႏိုင္မည္ ျဖစ္သည္။

အလားတူ ျပည္ေထာင္စုဝန္ႀကီး ဦးေဌးေအာင္က ျမန္မာ-နီေပါႏွင့္ စပိန္ဘုရားဖူးခရီးစဥ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မည့္ အခြင့္အလမ္းမ်ား ပံ့ပိုးေပးမည့္ စီမံကိန္းကို ႀကိဳဆိုေၾကာင္း၊ ခရီးသြားလုပ္ငန္း ျမႇင့္တင္ရန္ႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈ ခိုင္မာေစရန္အတြက္ ဝန္ႀကီးဌာနအေနျဖင့္ ဗုဒၶဘာသာ ျပန႔္ပြားေရးအတြက္ အဖက္ဖက္မွ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

Picture

Ko Phyo

25/02/2023 20:03

သာဓု သာဓု သာဓု

Picture

Bo Tho

25/02/2023 21:39

သာဓုသာဓုသာဓု

Picture

kothant zintun

25/02/2023 22:10

good

Related news

© 2021. All rights reserved.