နယူးကာဆယ်ကို အနိုင်ရပြီးနောက် ခြောက်နှစ်ကြာ ဆုဖလားမရရှိမှုကို အဆုံးသတ်နိုင်ခဲ့သည့် မန်ယူ

989

Pika (NP News) - ဖေဖော်ဝါရီ ၂၇
မန်ယူအသင်းသည် ဖေဖော်ဝါရီ(၂၆)ရက်က နယူးကာဆယ်အသင်းနှင့်ကစားခဲ့သော ခါရာဘောင်ဆုဖလား ဖိုင်နယ် ပွဲတွင် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ခါရာဘောင်ဆုဖလားကို သိမ်းပိုက်ကာ ခြောက်နှစ်ကြာ ဆုဖလား မရ ရှိမှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ကွင်းလယ်ကစားသမားကတ်စမဲရိုးက ပွဲချိန်(၃၃)မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်က ပွဲချိန်(၃၉)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ခြင်းကြောင့် အနိုင်ရရှိခဲ့ပြီး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခါရာဘောင်ဆုဖလားဆွတ်ခူးနိုင်မှုသည် ပြီးခဲ့သည့်နှစ်တွင် အေဂျက်အသင်းမှ မန်ယူအသင်းသို့ပြောင်းရွှေ့လာခဲ့သော နည်းပြတန်ဟက်၏ ကြိုးစားအားထုတ်မှုများကို သက်သေပြနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
နည်းပြတန်ဟက် က "ကျွန်တော်တို့ ဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပါပြီ၊၊ ဒါဟာ ဒီနေ့ ကျွန်တော်တို့လုပ်ပြနိုင်ခဲ့ တဲ့ အရာတစ်ခုပါပဲ။ ဒီလိုဆုဖလားတွေ ဆွတ်ခူးနိုင်တာက လှုံ့ဆော်မှုတွေကို ပိုတိုးလာစေပြီး ဒီထက်ပို လုပ်နိုင် တယ်ဆိုတာကိုလည်း ယုံကြည်မှုတွေ ရစေပါတယ်။ ဟိုးအရင်က မန်ယူအသင်းလို ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ဖို့အတွက် ကြိုးပမ်းတာတွေက အခုမှ အစပဲရှိပါသေးတယ်" ဟု ပြောဆိုခဲ့သည်၊၊
မန်ယူအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်သုံးနေရာမှာ ရပ်တည်နေပြီး မတ်လ(၁)ရက်တွင် FA ဆုဖလားပွဲစဥ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် ယှဥ်ပြိုင်ကစားမည်ဖြစ်သလို မတ်လ(၁ဝ)ရက်မှာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွင် ရီးရဲလ်ဘက်တစ်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ပရီးမီးယားလိဂ်ရာသီတွင် အဆင့်ခြောက်နေရာမှာ ရပ်တည်နိုင်ခဲ့သော်လည်း နည်းပြ တန်ဟက် လက်ထက်တွင် အကောင်းဆုံးပုံစံများပြန်လည်ရရှိနေကြောင်း သိရသည်။

Zawgyi Version;
နယူးကာဆယ္ကို အႏိုင္ရၿပီးေနာက္ ေျခာက္ႏွစ္ၾကာ ဆုဖလားမရရွိမႈကို အဆုံးသတ္ႏိုင္ခဲ့သည့္ မန္ယူ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇
မန္ယူအသင္းသည္ ေဖေဖာ္ဝါရီ(၂၆)ရက္က နယူးကာဆယ္အသင္းႏွင့္ကစားခဲ့ေသာ ခါရာေဘာင္ဆုဖလား ဖိုင္နယ္ ပြဲတြင္ (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ခါရာေဘာင္ဆုဖလားကို သိမ္းပိုက္ကာ ေျခာက္ႏွစ္ၾကာ ဆုဖလား မရ ရွိမႈကို အဆုံးသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
မန္ယူအသင္းအတြက္ အဖြင့္ဂိုးကို ကြင္းလယ္ကစားသမားကတ္စမဲ႐ိုးက ပြဲခ်ိန္(၃၃)မိနစ္တြင္ သြင္းယူေပးႏိုင္ခဲ့ၿပီး တိုက္စစ္ကစားသမား ရက္ရွ္ဖို႔ဒ္က ပြဲခ်ိန္(၃၉)မိနစ္တြင္ တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ျခင္းေၾကာင့္ အႏိုင္ရရွိခဲ့ၿပီး ဆုဖလား ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ခါရာေဘာင္ဆုဖလားဆြတ္ခူးႏိုင္မႈသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ေအဂ်က္အသင္းမွ မန္ယူအသင္းသို႔ေျပာင္းေ႐ႊ႕လာခဲ့ေသာ နည္းျပတန္ဟက္၏ ႀကိဳးစားအားထုတ္မႈမ်ားကို သက္ေသျပႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
နည္းျပတန္ဟက္ က "ကြၽန္ေတာ္တို႔ ဆုဖလားတစ္လုံးကို ဆြတ္ခူးႏိုင္ခဲ့ပါၿပီ၊၊ ဒါဟာ ဒီေန႔ ကြၽန္ေတာ္တို႔လုပ္ျပႏိုင္ခဲ့ တဲ့ အရာတစ္ခုပါပဲ။ ဒီလိုဆုဖလားေတြ ဆြတ္ခူးႏိုင္တာက လႈံ႕ေဆာ္မႈေတြကို ပိုတိုးလာေစၿပီး ဒီထက္ပို လုပ္ႏိုင္ တယ္ဆိုတာကိုလည္း ယုံၾကည္မႈေတြ ရေစပါတယ္။ ဟိုးအရင္က မန္ယူအသင္းလို ဆုဖလားေတြ အမ်ားႀကီး ဆြတ္ခူးႏိုင္ဖို႔အတြက္ ႀကိဳးပမ္းတာေတြက အခုမွ အစပဲရွိပါေသးတယ္" ဟု ေျပာဆိုခဲ့သည္၊၊
မန္ယူအသင္းသည္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ အဆင့္သုံးေနရာမွာ ရပ္တည္ေနၿပီး မတ္လ(၁)ရက္တြင္ FA ဆုဖလားပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သလို မတ္လ(၁ဝ)ရက္မွာ ယူ႐ိုပါလိဂ္ဖလားၿပိဳင္ပြဲတြင္ ရီးရဲလ္ဘက္တစ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
မန္ယူအသင္းသည္ ၿပီးခဲ့သည့္ပရီးမီးယားလိဂ္ရာသီတြင္ အဆင့္ေျခာက္ေနရာမွာ ရပ္တည္ႏိုင္ခဲ့ေသာ္လည္း နည္းျပ တန္ဟက္ လက္ထက္တြင္ အေကာင္းဆုံးပုံစံမ်ားျပန္လည္ရရွိေနေၾကာင္း သိရသည္။