ဦးစိန်ဝင်း ထူထောင်သော NUDP ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပါတီနှင့်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်ပါတီအဖြစ် ရပ်တည်မည်

 826

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၈

ဦးစိန်ဝင်း ထူထောင်ခဲ့သော NUDP ပါတီကို ဖျက်သိမ်းကာ ပြည်သူ့ပါတီနှင့်ပူးပေါင်းပြီး ပြည်ထောင်စုအဆင့်ပါတီအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(NUDP)ဥက္ကဋ္ဌဦးစိန်ဝင်းတို့က ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ယုဇနတာဝါရှိ ပြည်သူ့ပါတီဗဟိုဌာန ချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

NUDP ပါတီသည် တောင်သူလယ်သမားအရေး၊ မြေယာပြဿနာများနှင့်ပတ်သက်၍ အဓိက ဖြေရှင်းဆောင်ရွက်ပေးလေ့ရှိသည့် ပါတီအဖွဲ့အစည်းတစ်ရပ်လည်း ဖြစ်သည်။

“ဆရာဦးစိန်ဝင်းတို့ ပါတီကိုယ်၌ကလည်း ဒီလိုနိုင်ငံရေးအကြပ်အတည်းမှာ နိုင်ငံရေးပါတီချင်းပူးပေါင်းပြီး ဆောင်ရွက်တာက ပြည်ထောင်စုအဆင့် ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အ တွက်ကြောင့် သူတို့ပင်ပန်းကြီးစွာတည်ထောင်ဖွဲ့စည်းထားတဲ့ ပါတီကို သူတို့တော်တော်ကိုဆုံးဖြတ်ပြီးတော့မှ ဖျက်သိမ်းပြီး ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့လည်း လှိုက် လှိုက်လှဲလှဲကြိုဆိုဂုဏ်ပြုပြီးတော့ ဆရာဦးစိန်ဝင်းတို့နဲ့ပူးပေါင်းပြီးတော့ မကြာခင်ဖြစ်ပေါ်လာမယ့် ပြည်သူ့ပါတီအသစ်မှာ တစ်သားတည်း ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့အတွက် ကျွန်တော်တို့ ဗဟိုကော်မတီအစည်းအဝေးမှာပါ အားလုံးစုံညီသဘောတူဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက မီဒီယာများကို ပြောသည်။

ပြည်သူ့ပါတီအသစ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ရက်ပေါင်း(၆ဝ)အတွင်း ပြန်လည်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ပါတီအသစ်အနေဖြင့် ကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးပါက ပါတီ၏ CEC အဖွဲ့ကိုလည်း စနစ်တကျ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

“ပါတီမှတ်ပုံတင်ကျသွားပြီဆိုတဲ့ အခါကြမှ CEC ကိုစနစ်တကျဖွဲ့စည်းမှာ ဖြစ်ပါတယ်။ နောက်တစ်ခု အင်မတန်ဝမ်းမြောက်စရာကောင်းတာက ပေါင်းစည်းကတည်းက နေရာကိစ္စမပြောပါဘူး။ အဲဒါဟာ ကျွန်တော်တို့ နိုင်ငံရေးသမိုင်းမှာ အင်မတန်ထူးခြားတဲ့ကိစ္စပါ။ အလုပ်လုပ်ချင်လို့ ပေါင်းတာ။ ကျွန်တော်တို့ကလည်း အလုပ်လုပ်ချင်တဲ့ သူတွေနဲ့ တွဲလုပ်ချင်လို့ သဘောတူလက်ခံတာ။ ကျွန်တော်တို့ကိုယ်တိုင် ဘယ်သူကတော့ ဘယ်ရာထူးပဲဆိုတာ အသေချည်နှောင်ထားတာ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြော သည်။

ပါတီနှစ်ခုပေါင်းစည်းသည့် ရည်ရွယ်ချက်သည် ပြည်သူ့ပါတီ အင်အားကြီးထွားရေးအတွက် ပူးပေါင်းခြင်းသာဖြစ်ကြောင်း NUDP ပါတီဥက္ကဋ္ဌဦးစိန်ဝင်းကလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။

“ပါတီနှစ်ခုပေါင်းတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင် ပြည်သူ့ပါတီ အင်အားကြီးထွားသွားဖို့ ကျွန်တော်တို့ ပေါင်းတာ။ အဲဒီတော့ ဒီအင်အားကြီးထွားဖို့အတွက် လက်ရှိရဲ့ပေါင်းတဲ့အလွယ်ကူဆုံးနည်းက ဘာလဲ။ အလွယ်ကူဆုံးနည်းသည် လက်ရှိပကတိအခြေအနေပေါ်မှာ လိုက်လျောညီထွေပေါင်းသွားဖို့လိုတယ်” ဟု ဦးစိန်ဝင်းက ဆိုသည်။

ပြည်သူ့ပါတီအား ပြည်သူလူထုတစ်ရပ်လုံး၏ လက်ဝယ်သို့ အပ်ကြောင်းနှင့် အားနည်းချက်၊ ချို့ယွင်းချက်များရှိပါကလည်း ဝေဖန်ထောက်ပြနိုင်ကြောင်း ဦးကိုကိုကြီးက ပြောဆိုထားသည်။

zawgyi version
ဦးစိန္ဝင္း ထူေထာင္ေသာ NUDP ပါတီကို ဖ်က္သိမ္းကာ ျပည္သူ႔ပါတီႏွင့္ပူးေပါင္းၿပီး ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ ရပ္တည္မည္

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၈

ဦးစိန္ဝင္း ထူေထာင္ခဲ့ေသာ NUDP ပါတီကို ဖ်က္သိမ္းကာ ျပည္သူ႔ပါတီႏွင့္ပူးေပါင္းၿပီး ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ ရပ္တည္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးႏွင့္ အမ်ိဳးသားညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(NUDP)ဥကၠ႒ဦးစိန္ဝင္းတို႔က ယေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္)၊ ေန႔လည္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ယုဇနတာဝါရွိ ျပည္သူ႔ပါတီဗဟိုဌာန ခ်ဳပ္၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။

NUDP ပါတီသည္ ေတာင္သူလယ္သမားအေရး၊ ေျမယာျပႆနာမ်ားႏွင့္ပတ္သက္၍ အဓိက ေျဖရွင္းေဆာင္႐ြက္ေပးေလ့ရွိသည့္ ပါတီအဖြဲ႕အစည္းတစ္ရပ္လည္း ျဖစ္သည္။

“ဆရာဦးစိန္ဝင္းတို႔ ပါတီကိုယ္၌ကလည္း ဒီလိုႏိုင္ငံေရးအၾကပ္အတည္းမွာ ႏိုင္ငံေရးပါတီခ်င္းပူးေပါင္းၿပီး ေဆာင္႐ြက္တာက ျပည္ေထာင္စုအဆင့္ ပိုၿပီးထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္မယ္လို႔ ယုံၾကည္တဲ့အ တြက္ေၾကာင့္ သူတို႔ပင္ပန္းႀကီးစြာတည္ေထာင္ဖြဲ႕စည္းထားတဲ့ ပါတီကို သူတို႔ေတာ္ေတာ္ကိုဆုံးျဖတ္ၿပီးေတာ့မွ ဖ်က္သိမ္းၿပီး ပူးေပါင္းဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္မိုလို႔ ကြၽန္ေတာ္တို႔လည္း လႈိက္ လႈိက္လွဲလွဲႀကိဳဆိုဂုဏ္ျပဳၿပီးေတာ့ ဆရာဦးစိန္ဝင္းတို႔နဲ႔ပူးေပါင္းၿပီးေတာ့ မၾကာခင္ျဖစ္ေပၚလာမယ့္ ျပည္သူ႔ပါတီအသစ္မွာ တစ္သားတည္း ပူးေပါင္းေဆာင္႐ြက္မႈမ်ိဳးျဖစ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ ဗဟိုေကာ္မတီအစည္းအေဝးမွာပါ အားလုံးစုံညီသေဘာတူဆုံးျဖတ္ခဲ့ၾကၿပီးျဖစ္ပါတယ္” ဟု ဦးကိုကိုႀကီးက မီဒီယာမ်ားကို ေျပာသည္။

ျပည္သူ႔ပါတီအသစ္အေနျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္ထားသည့္ ရက္ေပါင္း(၆ဝ)အတြင္း ျပန္လည္မွတ္ပုံတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူ႔ပါတီအသစ္အေနျဖင့္ ေကာ္မရွင္၏ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးပါက ပါတီ၏ CEC အဖြဲ႕ကိုလည္း စနစ္တက် ျပန္လည္ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ဆိုသည္။

“ပါတီမွတ္ပုံတင္က်သြားၿပီဆိုတဲ့ အခါၾကမွ CEC ကိုစနစ္တက်ဖြဲ႕စည္းမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခု အင္မတန္ဝမ္းေျမာက္စရာေကာင္းတာက ေပါင္းစည္းကတည္းက ေနရာကိစၥမေျပာပါဘူး။ အဲဒါဟာ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးသမိုင္းမွာ အင္မတန္ထူးျခားတဲ့ကိစၥပါ။ အလုပ္လုပ္ခ်င္လို႔ ေပါင္းတာ။ ကြၽန္ေတာ္တို႔ကလည္း အလုပ္လုပ္ခ်င္တဲ့ သူေတြနဲ႔ တြဲလုပ္ခ်င္လို႔ သေဘာတူလက္ခံတာ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ဘယ္သူကေတာ့ ဘယ္ရာထူးပဲဆိုတာ အေသခ်ည္ေႏွာင္ထားတာ မရွိပါဘူး” ဟု ၎က ဆက္လက္ေျပာ သည္။

ပါတီႏွစ္ခုေပါင္းစည္းသည့္ ရည္႐ြယ္ခ်က္သည္ ျပည္သူ႔ပါတီ အင္အားႀကီးထြားေရးအတြက္ ပူးေပါင္းျခင္းသာျဖစ္ေၾကာင္း NUDP ပါတီဥကၠ႒ဦးစိန္ဝင္းကလည္း ထည့္သြင္းရွင္းလင္းခဲ့သည္။

“ပါတီႏွစ္ခုေပါင္းတဲ့ ရည္႐ြယ္ခ်က္က ဘာလဲဆိုရင္ ျပည္သူ႔ပါတီ အင္အားႀကီးထြားသြားဖို႔ ကြၽန္ေတာ္တို႔ ေပါင္းတာ။ အဲဒီေတာ့ ဒီအင္အားႀကီးထြားဖို႔အတြက္ လက္ရွိရဲ႕ေပါင္းတဲ့အလြယ္ကူဆုံးနည္းက ဘာလဲ။ အလြယ္ကူဆုံးနည္းသည္ လက္ရွိပကတိအေျခအေနေပၚမွာ လိုက္ေလ်ာညီေထြေပါင္းသြားဖို႔လိုတယ္” ဟု ဦးစိန္ဝင္းက ဆိုသည္။

ျပည္သူ႔ပါတီအား ျပည္သူလူထုတစ္ရပ္လုံး၏ လက္ဝယ္သို႔ အပ္ေၾကာင္းႏွင့္ အားနည္းခ်က္၊ ခ်ိဳ႕ယြင္းခ်က္မ်ားရွိပါကလည္း ေဝဖန္ေထာက္ျပႏိုင္ေၾကာင္း ဦးကိုကိုႀကီးက ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.