ကျားဖြူပါတီဟု လူသိများသော SNDP ကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံပြန်တင်

 1051

မျိုးကြီး (NP News) - မတ် ၁

ကျားဖြူပါတီဟု လူသိများသော SNDP ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက NP News ကို အတည်ပြုပြောဆိုထားသည်။

“ပြည်ထောင်စုတစ်ခုလုံးကို စည်းရုံးမယ့်ပါတီပါ။ နာမည်လည်း ပြောင်းလိုက်တယ်လေ။ ရှမ်းနှင့်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီလို့ ပြောင်းလိုက်တယ်။ ကျွန်တော်တို့အထဲကို လာချင်တဲ့ ဘယ်တိုင်းရင်းသားမဆို လာလို့ရတာပေါ့နော်။ အဲဒီလိုမျိုးပါ။ ကျွန်တော်တို့ နဂိုက ပါတီဝင်က တစ်သိန်းကျော်ရှိနေပြီလေ။ ပြဿနာမရှိဘူး။ အေးအေးဆေးဆေးပဲ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)သည် ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ပါတီတစ်ခုဖြစ်ပြီး ကျားဖြူပါတီဟုလည်း လူသိများသည့် ပါတီတစ်ခုဖြစ်သည်။

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် ရှမ်းတိုင်းရင်းသားနှင့် ကျန်ရှိသည့်တိုင်းရင်းသားများ ပေါင်းစည်းထားခြင်းဖြစ်သည့်အတွက် အင်အားကြီးသောပါတီတစ်ခုဖြစ်လာမည်ဟု ယုံကြည်ထားကြောင်းလည်း ၎င်းကဆိုသည်။

“နာမည်ပြောင်းတာကတော့ တိုင်းရင်းသားတွေ အားလုံးပါစေချင်လို့ပေါ့။ ရှမ်းစော်ဘွားတွေ၊ ရှမ်းခေါင်း ဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပူးပေါင်းပြီးတော့ ပင်လုံစာချုပ်ကြောင့် ဒီပြည်ထောင်စုကြီး ဖြစ်ပေါ် လာတယ်လေ။ လွတ်လပ်ရေးရတာ (၇၅)နှစ်ကျော်ပြီ ပြည်သူလူထုက အေးအေးချမ်းချမ်းမနေရသေးဘူးလေ။ မဖွံ့ဖြိုးသေးဘူးလေ။ ကျွန်တော်တို့ကပြန်ပြီးတော့ ရှမ်းနဲ့လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေ၊ ကျန်တဲ့တိုင်းရင်းသားတွေရော ညီအစ်ကိုမောင်နှစ်မတွေအားလုံးပြန်ပြီးတော့ ပေါင်းစည်းပြီး ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းအောင်၊ ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လက်တွဲလုပ်ဆောင်မှ ဖြစ်တော့မယ်ဆိုပြီးတော့ အဲဒီလို ရည်သန်ပြီးလုပ်တာပေါ့” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

အလားတူ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီသည်လည်း တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီအဖြစ် ရွေး ကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီအနေဖြင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီတို့နှင့်ပူးပေါင်းကာ ပြည်ထောင်စုအဆင့်ပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ပါတီဘက်က NP News ကိုအတည်ပြု ပြောဆိုထားသည်။

zawgyi version
က်ားျဖဴပါတီဟု လူသိမ်ားေသာ SNDP ကို ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီဟု အမည္ေျပာင္းကာ ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ မွတ္ပုံျပန္တင္

မ်ိဳးႀကီး (NP News) - မတ္ ၁

က်ားျဖဴပါတီဟု လူသိမ်ားေသာ SNDP ပါတီကို ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီဟု အမည္ေျပာင္းကာ ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း သတင္းရရွိသည္။

ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီသည္ ယခုရက္ပိုင္းအတြင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း က်ားျဖဴပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက NP News ကို အတည္ျပဳေျပာဆိုထားသည္။

“ျပည္ေထာင္စုတစ္ခုလုံးကို စည္း႐ုံးမယ့္ပါတီပါ။ နာမည္လည္း ေျပာင္းလိုက္တယ္ေလ။ ရွမ္းႏွင့္တိုင္းရင္း သားမ်ားဒီမိုကရက္တစ္ပါတီလို႔ ေျပာင္းလိုက္တယ္။ ကြၽန္ေတာ္တို႔အထဲကို လာခ်င္တဲ့ ဘယ္တိုင္းရင္းသားမဆို လာလို႔ရတာေပါ့ေနာ္။ အဲဒီလိုမ်ိဳးပါ။ ကြၽန္ေတာ္တို႔ နဂိုက ပါတီဝင္က တစ္သိန္းေက်ာ္ရွိေနၿပီေလ။ ျပႆနာမရွိဘူး။ ေအးေအးေဆးေဆးပဲ” ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(SNDP)သည္ ၿပီးခဲ့ေသာ ၂ဝ၁ဝ ျပည့္ႏွစ္တြင္ တည္ေထာင္ခဲ့ေသာ ပါတီတစ္ခုျဖစ္ၿပီး က်ားျဖဴပါတီဟုလည္း လူသိမ်ားသည့္ ပါတီတစ္ခုျဖစ္သည္။

ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီသည္ ရွမ္းတိုင္းရင္းသားႏွင့္ က်န္ရွိသည့္တိုင္းရင္းသားမ်ား ေပါင္းစည္းထားျခင္းျဖစ္သည့္အတြက္ အင္အားႀကီးေသာပါတီတစ္ခုျဖစ္လာမည္ဟု ယုံၾကည္ထားေၾကာင္းလည္း ၎ကဆိုသည္။

“နာမည္ေျပာင္းတာကေတာ့ တိုင္းရင္းသားေတြ အားလုံးပါေစခ်င္လို႔ေပါ့။ ရွမ္းေစာ္ဘြားေတြ၊ ရွမ္းေခါင္း ေဆာင္ေတြနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပူးေပါင္းၿပီးေတာ့ ပင္လုံစာခ်ဳပ္ေၾကာင့္ ဒီျပည္ေထာင္စုႀကီး ျဖစ္ေပၚ လာတယ္ေလ။ လြတ္လပ္ေရးရတာ (၇၅)ႏွစ္ေက်ာ္ၿပီ ျပည္သူလူထုက ေအးေအးခ်မ္းခ်မ္းမေနရေသးဘူးေလ။ မဖြံ႕ၿဖိဳးေသးဘူးေလ။ ကြၽန္ေတာ္တို႔ကျပန္ၿပီးေတာ့ ရွမ္းနဲ႔လူမ်ားစုျဖစ္တဲ့ ဗမာတိုင္းရင္းသားေတြ၊ က်န္တဲ့တိုင္းရင္းသားေတြေရာ ညီအစ္ကိုေမာင္ႏွစ္မေတြအားလုံးျပန္ၿပီးေတာ့ ေပါင္းစည္းၿပီး ျပည္ေထာင္စုႀကီး တည္ၿငိမ္ေအးခ်မ္းေအာင္၊ ၿငိမ္းခ်မ္းေအာင္၊ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လက္တြဲလုပ္ေဆာင္မွ ျဖစ္ေတာ့မယ္ဆိုၿပီးေတာ့ အဲဒီလို ရည္သန္ၿပီးလုပ္တာေပါ့” ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။

အလားတူ ျပည္သူ႔အက်ိဳးျပဳေက်ာင္းသားမ်ားပါတီသည္လည္း တစ္ႏိုင္ငံလုံး စည္း႐ုံးမည့္ပါတီအျဖစ္ ေ႐ြး ေကာက္ပြဲေကာ္မရွင္ထံတြင္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။

ျပည္သူ႔အက်ိဳးျပဳေက်ာင္းသားမ်ားပါတီအေနျဖင့္ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ၊ ၈၈ မ်ိဳးဆက္ဒီမိုကေရစီပါတီတို႔ႏွင့္ပူးေပါင္းကာ ျပည္ေထာင္စုအဆင့္ပါတီအျဖစ္ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း ပါတီဘက္က NP News ကိုအတည္ျပဳ ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.