ဒယ်နီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်(၈ဝ)အရွယ် အဘိုးအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံး

 1053

Pearl (NP News) - မတ် ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၈ဝ) အရွယ် အဘိုးအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မော်လမြိုင်မြို့ မီးသတ်တပ်ဖွဲ့မှ သ တင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁ ရက်)၊ နေ့လည် (၂)နာရီ၊ (၂ဝ)မိနစ်အချိန်ခန့်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းစျေးအနောက်ဘက်၊ အေးသာယာ(၂)လမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လေဖြတ်လူနာ ဦးချစ်ဆွေ(ခ) ဦးဝင်းနိုင် (၈ဝ)နှစ်နှင့် ၎င်း၏မြေးဖြစ်သူ မောင်အာကာလင်း(၄)နှစ်တို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

"လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲပြီး မီးလောင်တာပေါ့နော်။ လောင်တဲ့အိမ်ကတော့ မီးလောင်နေတယ်‌ အော်ပြီး ကလေးချီပြီး ပြေးသွားတာ၊ သေဆုံးသွားတဲ့ ဦးချစ်ဆွေက လေဖြတ်နေတော့ မပြေးနိုင်ဘူးလေ။ ကလေးကလည်း သူ့ဘေးမှာအိပ်နေတာပါ" ဟု မော်လမြိုင်မြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၄)လုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို (၂၄)မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်စခန်းမှ ယာဉ်(၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

zawgyi version
ဒယ္နီအိုးအပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အသက္(၈ဝ)အ႐ြယ္ အဘိုးအိုတစ္ဦးႏွင့္ ကေလးငယ္တစ္ဦးေသဆုံး

Pearl (NP News) - မတ္ ၁

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၌ လွ်ပ္စစ္ဒယ္နီအိုး အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အသက္ (၈ဝ) အ႐ြယ္ အဘိုးအိုတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕ မီးသတ္တပ္ဖြဲ႕မွ သ တင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁ ရက္)၊ ေန႔လည္ (၂)နာရီ၊ (၂ဝ)မိနစ္အခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ လႈိင္ရပ္ကြက္၊ ဘဲကုန္းေစ်းအေနာက္ဘက္၊ ေအးသာယာ(၂)လမ္းရွိ ေနအိမ္တစ္လုံးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေလျဖတ္လူနာ ဦးခ်စ္ေဆြ(ခ) ဦးဝင္းႏိုင္ (၈ဝ)ႏွစ္ႏွင့္ ၎၏ေျမးျဖစ္သူ ေမာင္အာကာလင္း(၄)ႏွစ္တို႔မွာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

"လွ်ပ္စစ္ဒယ္နီအိုး အပူလြန္ကဲၿပီး မီးေလာင္တာေပါ့ေနာ္။ ေလာင္တဲ့အိမ္ကေတာ့ မီးေလာင္ေနတယ္‌ ေအာ္ၿပီး ကေလးခ်ီၿပီး ေျပးသြားတာ၊ ေသဆုံးသြားတဲ့ ဦးခ်စ္ေဆြက ေလျဖတ္ေနေတာ့ မေျပးႏိုင္ဘူးေလ။ ကေလးကလည္း သူ႔ေဘးမွာအိပ္ေနတာပါ" ဟု ေမာ္လၿမိဳင္ၿမိဳ႕မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေနအိမ္(၄)လုံးလည္း ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈကို (၂၄)မိနစ္ခန႔္ မီးျငႇိမ္းသတ္ခဲ့ရၿပီး မီးသတ္စခန္းမွ ယာဥ္(၄)စီးျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ရေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.