ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံးအသိပေး

 512

ရဲပြည့် (NP News) - မတ် ၂

ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် နေရပ်ပြန်လိုပါက သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မတ်လ ၁ ရက်တွင် အသိပေးထုတ်ပြန်ထား သည်။

နစကမှ ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား အထူးသက်ညှာစွာ ဖြေလျော့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် ဝ၆၂၉၂၁၇၇၁ဝ နှင့် မြန်မာစစ်သံရုံး၏ တယ်လီဖုန်းနံပါတ် ဝ၆၂၉၂၃ဝ၁၆၅ တို့တွင်အသုံးပြုနေသည့် Viber ၊ Line Apps များသို့ စာရေးသားဆက်သွယ်ပေးပို့ နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းႏိုင္ငံအတြင္း တိမ္းေရွာင္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ေနရပ္ျပန္လိုပါက သံ႐ုံးသို႔ ဆက္သြယ္ႏိုင္ေၾကာင္း ျမန္မာသံ႐ုံးအသိေပး
ရဲျပည့္ (NP News) - မတ္ ၂

ထိုင္းႏိုင္ငံအတြင္း တိမ္းေရွာင္ေနၾကရသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ေနရပ္ျပန္လိုပါက သံ႐ုံးသို႔ ဆက္သြယ္ႏိုင္ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက မတ္လ ၁ ရက္တြင္ အသိေပးထုတ္ျပန္ထား သည္။

နစကမွ ျပစ္မႈက်ဴးလြန္ထားသူမ်ားမွအပ စိုးရိမ္စိတ္ေၾကာင့္ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ ဝန္ထမ္းမ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား၊ အျခားနယ္ပယ္အသီးသီးမွ ပုဂၢိဳလ္မ်ား၊ ႏိုင္ငံသားမ်ားအား အထူးသက္ညႇာစြာ ေျဖေလ်ာ့ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားခ်က္အရ ထိုင္းႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္လက္ခံေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း အသိေပးထုတ္ျပန္လိုက္ျခင္းလည္းျဖစ္သည္။

ထို႔ျပင္ ျပန္လည္ဝင္ေရာက္ႏိုင္ေရး နီးစပ္ရာ ရပ္ကြက္၊ ေက်း႐ြာ၊ ၿမိဳ႕နယ္၊ ခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမ်ားႏွင့္ ျပည္ပေရာက္ႏိုင္ငံသားမ်ားအေနျဖင့္ သက္ဆိုင္ရာ သံ႐ုံး၊ စစ္သံ႐ုံး၊ ေကာင္စစ္ဝန္႐ုံးမ်ားသို႔ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္းလည္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ယင္းအတြက္ေၾကာင့္ ကိုယ္ပိုင္စိတ္ဆႏၵအရ ျမန္မာႏိုင္ငံရွိ မိမိတို႔၏ ေနရပ္မ်ားသို႔ ျပန္လည္ဝင္ေရာက္လိုပါက ျမန္မာသံ႐ုံး၏ တယ္လီဖုန္းနံပါတ္ ဝ၆၂၉၂၁၇၇၁ဝ ႏွင့္ ျမန္မာစစ္သံ႐ုံး၏ တယ္လီဖုန္းနံပါတ္ ဝ၆၂၉၂၃ဝ၁၆၅ တို႔တြင္အသုံးျပဳေနသည့္ Viber ၊ Line Apps မ်ားသို႔ စာေရးသားဆက္သြယ္ေပးပို႔ ႏိုင္ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.