တောင်ဥက္ကလာပမြို့နယ်တွင် ဂဟေဆော်သည့်မီးပွားများမှတဆင့် မီးလောင်မှုဖြစ်ပွား
876
Pearl (NP News) - မတ် ၃
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ဂဟေဆော်သည့်မီးပွားများမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃ရက်)၊ ညနေ (၃)နာရီ (၃ဝ) မိနစ်အချိန်ခန့်၌ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်ရှိ (၅)လမ်းတွင် Third Eye (Entertainment & Production) တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ညနေ ၃နာရီ ၃၈ မိနစ်လောက်က မီး စလောင်တာပါ။ ခုတော့မီးငြိမ်းပါပြီ။ Stage စင်ကို ဂဟေဆော်နေရင်း အဲ့ဂဟေဆော်တဲ့မီးပွားလေးတွေက တဆင့် မီးလောင်တာပါ" ဟု မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို အတည်ပြုပြောသည်။
အဆိုပါ မီးလောင်မှုကို တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာ မီးငြှိမ်းသတ်ခဲ့ပြီး (၈)မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Zawgyi Version;
ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဂေဟေဆာ္သည့္မီးပြားမ်ားမွတဆင့္ မီးေလာင္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၃
ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဂေဟေဆာ္သည့္မီးပြားမ်ားမွတဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေမတၱာသီတာေရစင္ လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၃ရက္)၊ ညေန (၃)နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္၌ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရပ္ကြက္ရွိ (၅)လမ္းတြင္ Third Eye (Entertainment & Production) တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ညေန ၃နာရီ ၃၈ မိနစ္ေလာက္က မီး စေလာင္တာပါ။ ခုေတာ့မီးၿငိမ္းပါၿပီ။ Stage စင္ကို ဂေဟေဆာ္ေနရင္း အဲ့ဂေဟေဆာ္တဲ့မီးပြားေလးေတြက တဆင့္ မီးေလာင္တာပါ" ဟု ေမတၱာသီတာေရစင္ လူမႈကယ္ဆယ္ေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို အတည္ျပဳေျပာသည္။
အဆိုပါ မီးေလာင္မႈကို ေတာင္ဥကၠလာပၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ားထြက္ခြာ မီးျငႇိမ္းသတ္ခဲ့ၿပီး (၈)မိနစ္ခန႔္အၾကာတြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။