အိမ်ခြံမြေရောင်းဝယ်မှုများမှာ ရာနှုန်းပြည့် ကောင်းမွန်နေခြင်းမျိုးမဟုတ်ဘဲ (၅ဝ)ရာခိုင်နှုန်းခန့်သာ အလုပ်ဖြစ်နေ

 899

ယွန်း (NP News) - မတ် ၃

မြန်မာနိုင်ငံ၏ အိမ်ခြံမြေရောင်းဝယ်ရေးလောကသည် ရာနှုန်းပြည့်ကောင်းမွန်နေခြင်းမျိုးမဟုတ်ကြောင်း သိရသည်။

အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ‌ဒေါ်မို့မို့အောင်က မတ်လ ၃ ရက်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းရှိ Inya Lake Hotel တွင် ကျင်းပခဲ့သည့် အိမ်ခြံမြေအရောင်းပြပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ခြံမြေရောင်းဝယ်မှုများမှာ ပြီးခဲ့သည့် လပိုင်းများတွင် ကောင်းမွန်ခဲ့သော်လည်း လက်ရှိအချိန်တွင် (၅၀)ရာခိုင်နှုန်းခန့်သာ အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

“တစ်နိုင်ငံလုံးရဲ့ အိမ်ခြံမြေကို ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ (၂)လလောက်ထိကတော့ အလုပ်တွေက အင်မတန်ကောင်းပါတယ်။ အခုချိန်မှာတော့ အလုပ်‌တွေက (၅ဝ)၊ (၅ဝ)လို့‌ပဲ ပြောရမှာပါ။ အိမ်ခြံမြေအရောင်း အဝယ်တွေက အကောင်းကြီးထဲမှာမပါဘူး။ ဒါပေမယ့် အလုပ်တွေက မဖြစ်ဘူးလားဆိုတော့ အလုပ်တွေက ဖြစ်နေ ပါတယ်။ (၅ဝ)ရာခိုင်နှုန်းလောက်အထိပဲ အလုပ်တွေ ဖြစ်နေပါတယ်။ အခုဒီအခြေအနေမှာတော့ ကျွန်မတို့ဆိုလို့ရှိ ရင် လက်ရှိအရောင်းအဝယ်က အသင့်အတင့်ပဲဖြစ်သေးတယ်။ အကြီးကြီးမဖြစ်သေးဘူး သိန်း(၅ဝဝဝ)အောက်တွေ ပဲဖြစ်သေးတယ်” ဟု အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင် မှ ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့၊ ဗိုလ်မင်းရောင်လမ်းနှင့် တပင်ရွှေထီးလမ်းမများပေါ်ရှိ မြေကွက်များသည် သိန်း(၄၈ဝဝ)၊ သိန်း(၅ဝဝဝ) အထိ အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
“အခုက တပင်ရွှေထီးလမ်းမပေါ်တို့၊ ဗိုလ်မင်းရောင်လမ်းမပေါ်တို့မှာဆိုရင် သိန်း(၄၈ဝဝ)၊ သိန်း(၅ဝဝဝ)ထိတောင် အရောင်းအဝယ်ဖြစ်နေတယ်။ တစ်ချို့တွေက ပါမစ်တွေရှိတယ်၊ တချို့တွေက နှစ်(၆ဝ)ဂရံတွေ ရှိတယ်။ နောက်တစ်ခုက မြောက်ဥက္ကလာမှာလည်း အရောင်းအဝယ်တွေဖြစ်နေကြတယ်။ ဒဂုံအရှေ့ဘက်မှာဆိုရင် အကွက်ငယ်‌လေးတွေ ပေ (၄ဝx၆ဝ) မြေကွက်လေးတွေကိုဆိုရင် သိန်း(၁ဝဝ)ကျော်ကနေ စပြီးတော့မှ သိန်းထောင်ချီပြီးတော့ အရောင်းအဝယ်တွေဖြစ်နေတယ်” ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ထိုသို့ ရောင်းချမှုများတွင် အချို့မြေကွက်များမှာ ပါမစ်များရှိပြီး အချို့မှာ နှစ်(၆ဝ) ဂရံများလည်း ရှိနေခြင်းကြောင့် ဝယ်ယူသူများအနေဖြင့် မိမိမြေသည် ပါမစ်မြေများဖြစ်နေသော်လည်း သေချာစိစစ်ရန်လိုအပ်ကြောင်း ဒေါ်မို့မို့အောင် မှ ဆက်လက် အသိပေးပြောဆိုထားသည်။

“အားလုံးကတော့ ပါမစ်မြေတွေဖြစ်တယ်။ ပါမစ်မြေတွေဖြစ်ပေမယ့် ကိုယ်ဝယ်မယ်ဆိုရင် သေချာစစ်ဆေးဖို့လို တယ်။ အိုးအိမ်ဦးစီးဌာနက ထုတ်တယ်ဆိုရင် အိုးအိမ်ဦးစီးဌာနမှာ ‌သေချာစစ်ဆေးဖို့လိုတယ်။ အိုးအိမ်ဦးစီးဌာန ကနေတစ်ဆင့် စည်ပင်သာယာကို ရောက်သွားတယ်ဆိုရင် စည်ပင်သာယာမှာ သေချာစစ်ဖို့လိုတယ်။ မစစ်တဲ့အခါ မှာ အတုအပတွေ အရမ်းများတယ်။ ဂရံတွေမှာလည်း အတုတွေ အရမ်းများတယ်။ အဲဒီတော့ နာမည်ဆင်တူရိုးမှား လေးတွေ၊ မှတ်ပုံတင် တစ်နဲ့ သုညတွေ ဆိုတာပေါ့ စစ်ဖို့လိုတယ်” ဟု ‌ဒေါ်မို့မို့အောင်မှ ဆိုထားသည်။

ထို့ပြင် ယနေ့ကာလသည် မြင့်မား‌လာသောခေတ်စနစ်များအရ ကွန်ပျူတာဖြင့် scan ဖတ်နိုင်သည့် အခြေအနေများ ရှိနေသည့်အတွက် အချက်အလက်အတုနှင့် အစစ်များကို အချိန်အတော်ကြာ ရွေးနေရကြောင်း ၎င်းမှ ဆက်လက် ပြောဆိုထားသည်။

Zawgyi Version;
အိမ္ၿခံေျမေရာင္းဝယ္မႈမ်ားမွာ ရာႏႈန္းျပည့္ ေကာင္းမြန္ေနျခင္းမ်ိဳးမဟုတ္ဘဲ (၅ဝ)ရာခိုင္ႏႈန္းခန႔္သာ အလုပ္ျဖစ္ေန
ယြန္း (NP News) - မတ္ ၃

ျမန္မာႏိုင္ငံ၏ အိမ္ၿခံေျမေရာင္းဝယ္ေရးေလာကသည္ ရာႏႈန္းျပည့္ေကာင္းမြန္ေနျခင္းမ်ိဳးမဟုတ္ေၾကာင္း သိရ သည္။

အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း အေထြေထြအတြင္းေရးမႉးခ်ဳပ္ ‌ေဒၚမို႔မို႔ေအာင္က မတ္လ ၃ ရက္တြင္ ရန္ကုန္ၿမိဳ႕၊ ကမာၻေအး ဘုရားလမ္းရွိ Inya Lake Hotel တြင္ က်င္းပခဲ့သည့္ အိမ္ၿခံေျမအေရာင္းျပပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးရွိ အိမ္ၿခံေျမေရာင္းဝယ္မႈမ်ားမွာ ၿပီးခဲ့သည့္ လပိုင္းမ်ားတြင္ ေကာင္းမြန္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ (၅၀)ရာခိုင္ႏႈန္းခန႔္သာ အေရာင္းအဝယ္ရွိေနေၾကာင္း သိရသည္။

“တစ္ႏိုင္ငံလုံးရဲ႕ အိမ္ၿခံေျမကို ၿခဳံငုံၿပီးေတာ့ ေျပာရမယ္ဆိုရင္ လြန္ခဲ့တဲ့ (၂)လေလာက္ထိကေတာ့ အလုပ္ေတြက အင္မတန္ေကာင္းပါတယ္။ အခုခ်ိန္မွာေတာ့ အလုပ္‌ေတြက (၅ဝ)၊ (၅ဝ)လို႔‌ပဲ ေျပာရမွာပါ။ အိမ္ၿခံေျမအေရာင္း အဝယ္ေတြက အေကာင္းႀကီးထဲမွာမပါဘူး။ ဒါေပမယ့္ အလုပ္ေတြက မျဖစ္ဘူးလားဆိုေတာ့ အလုပ္ေတြက ျဖစ္ေန ပါတယ္။ (၅ဝ)ရာခိုင္ႏႈန္းေလာက္အထိပဲ အလုပ္ေတြ ျဖစ္ေနပါတယ္။ အခုဒီအေျခအေနမွာေတာ့ ကြၽန္မတို႔ဆိုလို႔ရွိ ရင္ လက္ရွိအေရာင္းအဝယ္က အသင့္အတင့္ပဲျဖစ္ေသးတယ္။ အႀကီးႀကီးမျဖစ္ေသးဘူး သိန္း(၅ဝဝဝ)ေအာက္ေတြ ပဲျဖစ္ေသးတယ္” ဟု အတြင္းေရးမႉးခ်ဳပ္ ေဒၚမို႔မို႔ေအာင္ မွ ဆိုသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၊ ဗိုလ္မင္းေရာင္လမ္းႏွင့္ တပင္ေ႐ႊထီးလမ္းမမ်ားေပၚရွိ ေျမကြက္မ်ားသည္ သိန္း(၄၈ဝဝ)၊ သိန္း(၅ဝဝဝ) အထိ အေရာင္းအဝယ္ရွိေနေၾကာင္း သိရသည္။
“အခုက တပင္ေ႐ႊထီးလမ္းမေပၚတို႔၊ ဗိုလ္မင္းေရာင္လမ္းမေပၚတို႔မွာဆိုရင္ သိန္း(၄၈ဝဝ)၊ သိန္း(၅ဝဝဝ)ထိေတာင္ အေရာင္းအဝယ္ျဖစ္ေနတယ္။ တစ္ခ်ိဳ႕ေတြက ပါမစ္ေတြရွိတယ္၊ တခ်ိဳ႕ေတြက ႏွစ္(၆ဝ)ဂရံေတြ ရွိတယ္။ ေနာက္တစ္ခုက ေျမာက္ဥကၠလာမွာလည္း အေရာင္းအဝယ္ေတြျဖစ္ေနၾကတယ္။ ဒဂုံအေရွ႕ဘက္မွာဆိုရင္ အကြက္ငယ္‌ေလးေတြ ေပ (၄ဝx၆ဝ) ေျမကြက္ေလးေတြကိုဆိုရင္ သိန္း(၁ဝဝ)ေက်ာ္ကေန စၿပီးေတာ့မွ သိန္းေထာင္ခ်ီၿပီးေတာ့ အေရာင္းအဝယ္ေတြျဖစ္ေနတယ္” ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။

ထိုသို႔ ေရာင္းခ်မႈမ်ားတြင္ အခ်ိဳ႕ေျမကြက္မ်ားမွာ ပါမစ္မ်ားရွိၿပီး အခ်ိဳ႕မွာ ႏွစ္(၆ဝ) ဂရံမ်ားလည္း ရွိေနျခင္းေၾကာင့္ ဝယ္ယူသူမ်ားအေနျဖင့္ မိမိေျမသည္ ပါမစ္ေျမမ်ားျဖစ္ေနေသာ္လည္း ေသခ်ာစိစစ္ရန္လိုအပ္ေၾကာင္း ေဒၚမို႔မို႔ေအာင္ မွ ဆက္လက္ အသိေပးေျပာဆိုထားသည္။

“အားလုံးကေတာ့ ပါမစ္ေျမေတြျဖစ္တယ္။ ပါမစ္ေျမေတြျဖစ္ေပမယ့္ ကိုယ္ဝယ္မယ္ဆိုရင္ ေသခ်ာစစ္ေဆးဖို႔လို တယ္။ အိုးအိမ္ဦးစီးဌာနက ထုတ္တယ္ဆိုရင္ အိုးအိမ္ဦးစီးဌာနမွာ ‌ေသခ်ာစစ္ေဆးဖို႔လိုတယ္။ အိုးအိမ္ဦးစီးဌာန ကေနတစ္ဆင့္ စည္ပင္သာယာကို ေရာက္သြားတယ္ဆိုရင္ စည္ပင္သာယာမွာ ေသခ်ာစစ္ဖို႔လိုတယ္။ မစစ္တဲ့အခါ မွာ အတုအပေတြ အရမ္းမ်ားတယ္။ ဂရံေတြမွာလည္း အတုေတြ အရမ္းမ်ားတယ္။ အဲဒီေတာ့ နာမည္ဆင္တူ႐ိုးမွား ေလးေတြ၊ မွတ္ပုံတင္ တစ္နဲ႔ သုညေတြ ဆိုတာေပါ့ စစ္ဖို႔လိုတယ္” ဟု ‌ေဒၚမို႔မို႔ေအာင္မွ ဆိုထားသည္။

ထို႔ျပင္ ယေန႔ကာလသည္ ျမင့္မား‌လာေသာေခတ္စနစ္မ်ားအရ ကြန္ပ်ဴတာျဖင့္ scan ဖတ္ႏိုင္သည့္ အေျခအေနမ်ား ရွိေနသည့္အတြက္ အခ်က္အလက္အတုႏွင့္ အစစ္မ်ားကို အခ်ိန္အေတာ္ၾကာ ေ႐ြးေနရေၾကာင္း ၎မွ ဆက္လက္ ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.